ဆိုင်ကယ်ဓာတ်ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ အုတ်ဖိုမြို့တွင် လူသတ်မှုဖြစ်ပွား

ဆိုင်ကယ်ဓာတ်ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ အုတ်ဖိုမြို့တွင် လူသတ်မှုဖြစ်ပွား

အုတ်ဖိုမြို့နယ်တွင် သြဂုတ်လ ၁၄ ရက်နေ့က ဆိုင်ကယ်ဓာတ်ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက် နေ့က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုနေ ထွန်းလေး သည် ကုလား(ခ)ထွန်းလင်းအောင် အား ၎င်း၏ ဆိုင်ကယ်မှ ဆီများ ခိုးသည်ဟု စွပ်စွဲ ပြောဆိုရာမှ စကားများ ရန်ဖြစ်ခဲ့ပါတယ်။

မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်တွင် ထန်းပင်ကုန်း ကျေးရွာအုပ်စု၊ ဂမုန်းသစ်တောကြိုးဝိုင်း၊ အုန်းတော တဲစုအလွန် တောလမ်းပေါ်တွင် ကုလား(ခ) ထွန်းလင်းအောင်၏ အစ်ကိုများဖြစ်သည့် မင်းနိုင် နှင့် ကိုမင်း တို့ (၂)ဦးသည် ထွန်းလေး နှင့် ထပ်မံ စကားများ ရန်ဖြစ်ခဲ့ပြီး ခဏအကြာတွင် ထွန်းလေးတွင် ဓားဒဏ်ရာများဖြင့် သေဆုံး ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အေးမြသာယာနယ်မြေရဲစခန်း (ပ) ၂၁၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပါတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ ဖမ်းဆီးရာ အုတ်ဖိုမြို့နယ်၊ ဗိုလ်ရုံစုရွာနေ မင်းနိုင် နှင့် ကိုမင်း (ခ)ငမင်း တို့မှာ ဂမုန်းသစ်တောကြိုးဝိုင်းအတွင်း ပြေးပေါက်မရှိ ပိတ်မိ နေခဲ့ပြီး သြဂုတ်လ ၁၅ ရက် နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ရဲတပ်ဖွဲ့မှ ၎င်းတို့ ၂ ဦး အား သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူများကို စစ်ဆေးချက်အရ သေဆုံးသူ ထွန်းလေး နှင့် ၎င်းတို့ (၂)ဦးသည် စကားများ ရန်ဖြစ်ရာ ထွန်းလေး ကိုင်ဆောင်သည့် ဓါးအား မင်းနိုင်မှ လုယူပြီး ထွန်းလေး အား မင်းနိုင် မှ ဓါးဖြင့် ထိုးသတ်ပြီး ထွက်ပြေးတိမ်း ရှောင်ခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါဖြစ်စဉ်နှင်ပတ်သက်၍ ဥပဒနှင့် အညီတရားစွဲ တင်ပို့ နိုင်ရေး အတွက်စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
အုတ်ဖို ၊ သြဂုတ် ၁၆

(  Zawgyi  )

အုတ္ဖိုၿမိဳ႕နယ္တြင္ ၾသဂုတ္လ ၁၄ ရက္ေန႔က ဆိုင္ကယ္ဓာတ္ဆီခိုးသည္ဟု စြပ္စြဲေျပာဆိုရာမွ လူသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၁၄ ရက္ ေန႔က အုတ္ဖိုၿမိဳ႕နယ္၊ ထန္းပင္ကုန္းေက်း႐ြာအုပ္စုေန ထြန္းေလး သည္ ကုလား(ခ)ထြန္းလင္းေအာင္ အား ၎၏ ဆိုင္ကယ္မွ ဆီမ်ား ခိုးသည္ဟု စြပ္စြဲ ေျပာဆိုရာမွ စကားမ်ား ရန္ျဖစ္ခဲ့ပါတယ္။

မြန္းလြဲ ၃ နာရီခြဲ အခ်ိန္ခန႔္တြင္ ထန္းပင္ကုန္း ေက်း႐ြာအုပ္စု၊ ဂမုန္းသစ္ေတာႀကိဳးဝိုင္း၊ အုန္းေတာ တဲစုအလြန္ ေတာလမ္းေပၚတြင္ ကုလား(ခ) ထြန္းလင္းေအာင္၏ အစ္ကိုမ်ားျဖစ္သည့္ မင္းႏိုင္ ႏွင့္ ကိုမင္း တို႔ (၂)ဦးသည္ ထြန္းေလး ႏွင့္ ထပ္မံ စကားမ်ား ရန္ျဖစ္ခဲ့ၿပီး ခဏအၾကာတြင္ ထြန္းေလးတြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံး ခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအးျမသာယာနယ္ေျမရဲစခန္း (ပ) ၂၁၂/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့ပါတယ္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသတ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ပိတ္ဆို႔ ဖမ္းဆီးရာ အုတ္ဖိုၿမိဳ႕နယ္၊ ဗိုလ္႐ုံစု႐ြာေန မင္းႏိုင္ ႏွင့္ ကိုမင္း (ခ)ငမင္း တို႔မွာ ဂမုန္းသစ္ေတာႀကိဳးဝိုင္းအတြင္း ေျပးေပါက္မရွိ ပိတ္မိ ေနခဲ့ၿပီး ၾသဂုတ္လ ၁၅ ရက္ နံနက္ ၉ နာရီ ၅၀ မိနစ္အခ်ိန္တြင္ ရဲတပ္ဖြဲ႕မွ ၎တို႔ ၂ ဦး အား သက္ေသခံဓားႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူမ်ားကို စစ္ေဆးခ်က္အရ ေသဆုံးသူ ထြန္းေလး ႏွင့္ ၎တို႔ (၂)ဦးသည္ စကားမ်ား ရန္ျဖစ္ရာ ထြန္းေလး ကိုင္ေဆာင္သည့္ ဓါးအား မင္းႏိုင္မွ လုယူၿပီး ထြန္းေလး အား မင္းႏိုင္ မွ ဓါးျဖင့္ ထိုးသတ္ၿပီး ထြက္ေျပးတိမ္း ေရွာင္ခဲ့တယ္လို႔ ဆိုပါတယ္။အဆိုပါျဖစ္စဥ္ႏွင္ပတ္သက္၍ ဥပဒႏွင့္ အညီတရားစြဲ တင္ပို႔ ႏိုင္ေရး အတြက္စီစဥ္ေဆာင္႐ြက္လ်က္ ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
အုတ္ဖို ၊ ၾသဂုတ္ ၁၆