ဆည်တော်လေးဆင်စခန်းနှင့်အပန်းဖြေ ဥယျာဉ် မန္တလေးမြို့အနီး တွင် ဖွင့်လှစ်၊

ဆည်တော်လေးဆင်စခန်းနှင့်အပန်းဖြေ ဥယျာဉ် မန္တလေးမြို့အနီး  တွင် ဖွင့်လှစ်၊

မန္တလေးမြို့အနီးမှာ အများပြည်သူအပန်းဖြေလေ့လာစရာဆင်စခန်းတစ်ခု ထပ်မံဖွင့်လှစ်လိုက် ပြီဖြစ် ပါတယ်။  ပြည်တွင်းပြည်ပခရီးသွားတွေ အတွက် လည်ပတ်စရာ နေရာတစ်ခု အဖြစ် ဖွင့်လှစ်လိုက်တာလို့သိရပြီး ခရီးသွားကဏ္ဍအထောက်အကူဖြစ်စေဖို့အတွက် လည်း ရည်ရွယ်ပါ တယ်လို့ ဆင်စခန်း တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်ခင်သဲစုဝေ ကပြောပါတယ်။

“ဒီလိုပဲဖွင့်ထားတာကတော့ကြာပါပြီ ဒီဇင်ဘာ ၁၂ ရက်နေ့ကတော့ ဖွင့်ပွဲအခမ်းအနားနဲ့အတူ တရားဝင်စတင်ဖွင့်လိုက်တာပါ၊ ဒီမှာကဆင်စခန်းရော အပန်း ဖြေဥယျာဉ်ရောတွဲဖွင့်တာဆိုတော့ စိတ်ဝင်စားစရာတွေတစ်ပုံကြီးပါ” လို့၎င်းကဆိုပါတယ်။

 ဒီဆင်စခန်းက မန္တလေး ပုသိမ်ကြီးမြို့နယ် ဆည်တော်ကျေးရွာအုပ်စု ဂိုက်တန်းကျေးရွာ အနီး တည်ရှိတာဖြစ်ပြီး ဆည်တော်လေးဆင်စခန်းနှင့်အပန်းဖြေ ဥယျာဉ်လို့အမည်ပေးထားတာပါ။ ဆင်စခန်းနဲ့ဥယျာဉ်အတွင်းမှာ ဆင်အထီး ၃ ကောင်နဲ့ဆင်အမ ၂ ကောင်အတွက် အစာကျွေးခြင်း၊ ဆင်စီးခြင်းတို့ကို ငွေကြေးနဲ့ ဝန်ဆောင်မှုပေးထားပြီး သဘာဝ တောတောင် အလှအပ တွေကြား တည်ရှိတဲ့ ဒီဥယျာဉ်ထဲမှာ သဘာဝအတိုင်းရှိနေသေးတဲ့ တောတောင် စိမ့်စမ်းတွေနဲ့ အနုပညာ လက်ရာတွေလည်း ခံစားကြည့်ရှုလို့ရအောင် ဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။

အများအားဖြင့်က တောတောင်ရေမြေသဘာဝအလှတွေခံစားလို့ရပါမယ်၊ ဆင်တွေရဲ့ အကြောင်းအရာ တွေ ကို လေ့လာလို့ရမယ်၊ နောက်ပြီးတော့ သဘာဝအတိုင်း သွားလာ လည်ပတ် လို့ ရမယ့်နေရာတွေလည်းရှိတယ်၊ ဝါးနဲ့ဆောက်ထားတာတွေ သစ်သားနဲ့ ဆောက်ထား တာတွေလည်းရှိတယ်၊ ဖျော်ဖြေရေးအစီအစဉ်တွေလည်းထည့် သွင်းထားပါတယ် လို့လည်း ၎င်းကပြောပါ တယ်။

ဝင်ကြေးအနေနဲ့တော့ ပြည်တွင်းခရီးသွားတွေအတွက် ငွေကျပ်တစ်ထောင်နှုန်း၊ ပြည်ပခရီးသွား တွေအတွက်ငွေကျပ်တစ်သောင်းနှုန်းသတ်မှတ်ထား တယ်လို့သိရပါတယ်။ ဆည်တော်လေး ဆင်စခန်း နှင့် အပန်းဖြေဥယျာဉ်ကို မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာကနေတစ်ဆင့်သွားရတာဖြစ်ပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ ၁၅

(  Zawgyi  )

 မႏၲေလးၿမိဳ႕အနီးမွာ အမ်ားျပည္သူအပန္းေျဖေလ့လာစရာဆင္စခန္းတစ္ခု ထပ္မံဖြင့္လွစ္လိုက္ ၿပီျဖစ္ ပါတယ္။  ျပည္တြင္းျပည္ပခရီးသြားေတြ အတြက္ လည္ပတ္စရာ ေနရာတစ္ခု အျဖစ္ ဖြင့္လွစ္လိုက္တာလို႔သိရၿပီး ခရီးသြားက႑အေထာက္အကူျဖစ္ေစဖို႔အတြက္ လည္း ရည္႐ြယ္ပါ တယ္လို႔ ဆင္စခန္း တာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ေဒၚခင္သဲစုေဝ ကေျပာပါတယ္။

“ဒီလိုပဲဖြင့္ထားတာကေတာ့ၾကာပါၿပီ ဒီဇင္ဘာ ၁၂ ရက္ေန႔ကေတာ့ ဖြင့္ပြဲအခမ္းအနားနဲ႔အတူ တရားဝင္စတင္ဖြင့္လိုက္တာပါ၊ ဒီမွာကဆင္စခန္းေရာ အပန္း ေျဖဥယ်ာဥ္ေရာတြဲဖြင့္တာဆိုေတာ့ စိတ္ဝင္စားစရာေတြတစ္ပုံႀကီးပါ” လို႔၎ကဆိုပါတယ္။

 ဒီဆင္စခန္းက မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္ ဆည္ေတာ္ေက်း႐ြာအုပ္စု ဂိုက္တန္းေက်း႐ြာ အနီး တည္ရွိတာျဖစ္ၿပီး ဆည္ေတာ္ေလးဆင္စခန္းႏွင့္အပန္းေျဖ ဥယ်ာဥ္လို႔အမည္ေပးထားတာပါ။ ဆင္စခန္းနဲ႔ဥယ်ာဥ္အတြင္းမွာ ဆင္အထီး ၃ ေကာင္နဲ႔ဆင္အမ ၂ ေကာင္အတြက္ အစာေကြၽးျခင္း၊ ဆင္စီးျခင္းတို႔ကို ေငြေၾကးနဲ႔ ဝန္ေဆာင္မႈေပးထားၿပီး သဘာဝ ေတာေတာင္ အလွအပ ေတြၾကား တည္ရွိတဲ့ ဒီဥယ်ာဥ္ထဲမွာ သဘာဝအတိုင္းရွိေနေသးတဲ့ ေတာေတာင္ စိမ့္စမ္းေတြနဲ႔ အႏုပညာ လက္ရာေတြလည္း ခံစားၾကည့္ရႈလို႔ရေအာင္ ေဆာင္႐ြက္ေပးထားတယ္လို႔သိရပါတယ္။

အမ်ားအားျဖင့္က ေတာေတာင္ေရေျမသဘာဝအလွေတြခံစားလို႔ရပါမယ္၊ ဆင္ေတြရဲ႕ အေၾကာင္းအရာ ေတြ ကို ေလ့လာလို႔ရမယ္၊ ေနာက္ၿပီးေတာ့ သဘာဝအတိုင္း သြားလာ လည္ပတ္ လို႔ ရမယ့္ေနရာေတြလည္းရွိတယ္၊ ဝါးနဲ႔ေဆာက္ထားတာေတြ သစ္သားနဲ႔ ေဆာက္ထား တာေတြလည္းရွိတယ္၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလည္းထည့္ သြင္းထားပါတယ္ လို႔လည္း ၎ကေျပာပါ တယ္။

ဝင္ေၾကးအေနနဲ႔ေတာ့ ျပည္တြင္းခရီးသြားေတြအတြက္ ေငြက်ပ္တစ္ေထာင္ႏႈန္း၊ ျပည္ပခရီးသြား ေတြအတြက္ေငြက်ပ္တစ္ေသာင္းႏႈန္းသတ္မွတ္ထား တယ္လို႔သိရပါတယ္။ ဆည္ေတာ္ေလး ဆင္စခန္း ႏွင့္ အပန္းေျဖဥယ်ာဥ္ကို မႏၲေလး-ျပင္ဦးလြင္ကားလမ္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာ ေက်း႐ြာကေနတစ္ဆင့္သြားရတာျဖစ္ပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ ၁၅