စီးနင်းမယ့် ယာဉ်ရောက်ရှိတဲ့နေရာကို မိုဘိုင်း Application ဖြင့် သိနိုင်တဲ့စနစ်မျိုး ယာဉ်လိုင်း အချို့လုပ်ဆောင်နေဟုဆို
ခရီးသည်တွေအနေနဲ့ မိမိတို့စီးနင်းမယ့် ဘတ်စ်ကားရဲ့ လက်ရှိရောက်ရှိနေတဲ့နေရာကို သိနိုင်တဲ့ စနစ်မျိုး YBS ယာဉ်လိုင်းတစ်ချို့ လုပ်ဆောင်နေကြကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ထုတ်ဖော်ပြောကြားပါတယ်။
“တစ်ချို့ ယာဉ်လိုင်းတွေ ဆိုရင် သူ့ရဲ့ Application မှာ တင်ပြီး ကြည့်လို့ရနေပါပြီ၊ City Transit ဆိုရင် တင်ထားတာ ကြည့်လို့ရနေပြီ၊ ဒီလိုလုပ်ဆောင်နေတာဟာ အနာဂတ်မှာ ပြည်သူကို သတင်းအချက်အလက် တွေ ပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။
ထိုစနစ်ဖြင့် လက်ရှိမှာ YBS ယာဉ်လိုင်းကုမ္ပဏီတွေဖြစ်တဲ့ YBPC, YUPT စတဲ့ ယာဉ်လိုင်း ကုမ္ပဏီတွေ က ယာဉ်တစ်ချို့ မှာလည်း လုပ်ဆောင်နေပြီး ခရီးသည်တွေအတွက် သတင်းအချက် အလက်တွေ ပြန်လည်မျှဝေကာ လုပ်ဆောင် နိုင်မယ့် အခြေအနေမျိုးဖန်တီးနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီဟာက Telematic စနစ်ထဲမှာပါတဲ့ GPS Device တစ်ခုအနေနဲ့ ဆောင်ရွက်တာမျိုးပါ၊ အနာဂတ်မှာ ပြည်သူကို Data တွေပေးနိုင်မယ့် YBO (Yangon Bus Operator) ကိုလည်း ထူထောင် ဆောင်ရွက်နေ ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ရှင်းပြပါတယ်။
YBS ဘတ်စ်ယာဉ်တွေမှာ Telematic စနစ်ကို တပ်ဆင်ဆောင်ရွက်ထားတာကြောင့် ယာဉ်မတော် တဆ ဖြစ်ပွားမှုတွေအတွက် အသေးစိတ်စစ်ဆေးသုံးသပ်နိုင်မယ့် အခြေအနေတွေရှိသလို ယခင် မထသလက်ထက် က စစ်ဆေးလို့မရနိုင်ခဲ့တဲ့ အခြေအနေတွေကို ယခုအခါ အသေးစိတ်ဖော် ထုတ်ပေးနိုင် မယ့် အခြေအနေမျိုး ရှိလာတယ်လို့ သိရပါတယ်။
“ယာဉ်မတော်တဆတစ်ခုဖြစ်ရင် Telematic စနစ်ကို အခြေခံပြီး Yangon Bus Operator က အချက်အလက် တွေပေးပါတယ်၊ မဖြစ်ခင် စက္ကန့် ၆၀ အလို၊ ငါးမိနစ်အလို စတဲ့ အချိန်တွေမှာ ဒီယာဉ်တစ်စီးဟာ ဘယ်လို မောင်းသလဲဆိုတာမျိုးတွေကို သုံးသပ်နိုင်မှာဖြစ်သလို အသေးစိတ်ပြန်ပြီး
တော့ စစ်ဆေးဆောင်ရွက်နိုင်မှာ ဖြစ်တာကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ကျရေးကို လုပ်ဆောင်တဲ့နေရာမှာလည်း အထောက်အကူ ပြုစေမှာဖြစ်ပါတယ်”လို့ ဦးအောင်ညီညီမော်က ရှင်းပြခဲ့ပါတယ်။
ထိုစနစ်ဖြင့် လုပ်ဆောင်နေတဲ့အပိုင်းရှိသလို တစ်ဖက်ကလည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် သင်တန်းများဖွင့်လှစ်လုပ်ဆောင်နေသလို YBS တွေမှာ လက်ရှိမောင်းနှင်လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေ ကိုလည်း မွမ်းမံသင်တန်းများအဖြစ် ဖွင့်လှစ်သွားနိုင်ရန် အစီအစဉ်တွေ ရေးဆွဲနေ တယ်လို့ သိရပါတယ်။
ဇွဲမာန်
ရန်ကုန်၊ နိုဝင်ဘာ ၂၀
( Zawgyi )
ခရီးသည္ေတြအေနနဲ႔ မိမိတို႔စီးနင္းမယ့္ ဘတ္စ္ကားရဲ႕ လက္ရွိေရာက္ရွိေနတဲ့ေနရာကို သိႏိုင္တဲ့ စနစ္မ်ိဳး YBS ယာဥ္လိုင္းတစ္ခ်ိဳ႕ လုပ္ေဆာင္ေနၾကေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ တြဲဘက္အတြင္းေရးမႉး ဦးလွေအာင္က ထုတ္ေဖာ္ေျပာၾကားပါတယ္။
“တစ္ခ်ိဳ႕ ယာဥ္လိုင္းေတြ ဆိုရင္ သူ႔ရဲ႕ Application မွာ တင္ၿပီး ၾကည့္လို႔ရေနပါၿပီ၊ City Transit ဆိုရင္ တင္ထားတာ ၾကည့္လို႔ရေနၿပီ၊ ဒီလိုလုပ္ေဆာင္ေနတာဟာ အနာဂတ္မွာ ျပည္သူကို သတင္းအခ်က္အလက္ ေတြ ေပးႏိုင္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။
ထိုစနစ္ျဖင့္ လက္ရွိမွာ YBS ယာဥ္လိုင္းကုမၸဏီေတြျဖစ္တဲ့ YBPC, YUPT စတဲ့ ယာဥ္လိုင္း ကုမၸဏီေတြ က ယာဥ္တစ္ခ်ိဳ႕ မွာလည္း လုပ္ေဆာင္ေနၿပီး ခရီးသည္ေတြအတြက္ သတင္းအခ်က္ အလက္ေတြ ျပန္လည္မွ်ေဝကာ လုပ္ေဆာင္ ႏိုင္မယ့္ အေျခအေနမ်ိဳးဖန္တီးေနတာျဖစ္တယ္လို႔ သိရပါတယ္။
“ဒီဟာက Telematic စနစ္ထဲမွာပါတဲ့ GPS Device တစ္ခုအေနနဲ႔ ေဆာင္႐ြက္တာမ်ိဳးပါ၊ အနာဂတ္မွာ ျပည္သူကို Data ေတြေပးႏိုင္မယ့္ YBO (Yangon Bus Operator) ကိုလည္း ထူေထာင္ ေဆာင္႐ြက္ေန ပါတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္က ရွင္းျပပါတယ္။
YBS ဘတ္စ္ယာဥ္ေတြမွာ Telematic စနစ္ကို တပ္ဆင္ေဆာင္႐ြက္ထားတာေၾကာင့္ ယာဥ္မေတာ္ တဆ ျဖစ္ပြားမႈေတြအတြက္ အေသးစိတ္စစ္ေဆးသုံးသပ္ႏိုင္မယ့္ အေျခအေနေတြရွိသလို ယခင္ မထသလက္ထက္ က စစ္ေဆးလို႔မရႏိုင္ခဲ့တဲ့ အေျခအေနေတြကို ယခုအခါ အေသးစိတ္ေဖာ္ ထုတ္ေပးႏိုင္ မယ့္ အေျခအေနမ်ိဳး ရွိလာတယ္လို႔ သိရပါတယ္။
“ယာဥ္မေတာ္တဆတစ္ခုျဖစ္ရင္ Telematic စနစ္ကို အေျခခံၿပီး Yangon Bus Operator က အခ်က္အလက္ ေတြေပးပါတယ္၊ မျဖစ္ခင္ စကၠန႔္ ၆၀ အလို၊ ငါးမိနစ္အလို စတဲ့ အခ်ိန္ေတြမွာ ဒီယာဥ္တစ္စီးဟာ ဘယ္လို ေမာင္းသလဲဆိုတာမ်ိဳးေတြကို သုံးသပ္ႏိုင္မွာျဖစ္သလို အေသးစိတ္ျပန္ၿပီး
ေတာ့ စစ္ေဆးေဆာင္႐ြက္ႏိုင္မွာ ျဖစ္တာေၾကာင့္ ယာဥ္မေတာ္တဆျဖစ္ပြားမႈ ေလ်ာ့က်ေရးကို လုပ္ေဆာင္တဲ့ေနရာမွာလည္း အေထာက္အကူ ျပဳေစမွာျဖစ္ပါတယ္”လို႔ ဦးေအာင္ညီညီေမာ္က ရွင္းျပခဲ့ပါတယ္။
ထိုစနစ္ျဖင့္ လုပ္ေဆာင္ေနတဲ့အပိုင္းရွိသလို တစ္ဖက္ကလည္း လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးေရး အတြက္ သင္တန္းမ်ားဖြင့္လွစ္လုပ္ေဆာင္ေနသလို YBS ေတြမွာ လက္ရွိေမာင္းႏွင္လုပ္ကိုင္ေနတဲ့ ယာဥ္ေမာင္းေတြ ကိုလည္း မြမ္းမံသင္တန္းမ်ားအျဖစ္ ဖြင့္လွစ္သြားႏိုင္ရန္ အစီအစဥ္ေတြ ေရးဆြဲေန တယ္လို႔ သိရပါတယ္။
ဇြဲမာန္
ရန္ကုန္၊ ႏိုဝင္ဘာ ၂၀