စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ပေးတာကို နားလည်သဘောပေါက်စေလိုတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဆို

စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ပေးတာကို နားလည်သဘောပေါက်စေလိုတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း အားလုံးချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အတတ်နိုင်ဆုံး စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ပေးနေတာကို နားလည်သဘောပေါက်စေလိုတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်မှာ ဦးတီခွန်မြတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ စည်းကမ်းသေဝပ်မှု ရှိစေရန် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒီလိုထိန်းသိမ်းဆောင်ရွက်တဲ့ နေရာမှာ နာယကကြီးအနေနဲ့ မိမိချမှတ်တဲ့ အမိန့်တွေကို အတည်ပြုစေဖို့ အခွင့်အာဏာ သုံးလို့စွဲလို့ရတယ် ဆိုပေမယ့် ကနေ့အချိန်အထိ ဒါတွေသုံးစွဲခဲ့ခြင်းမရှိပါဘူး ။ ဒါအားလုံးလည်း နားလည်ကျမယ်လို့ထင်ပါတယ်” လို့ ဦးတီခွန်မြတ်က ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေက  ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်သွင်းတဲ့  ဥပဒေကြမ်းက စာပုဒ် တစ်ပုဒ် ကျန်ရှိနေခဲ့တာကို နာယကထံ တင်ပြရာမှာ တခြားတပ်မတော်သားတစ်ဦးက အော်ဟစ်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုပြောဆိုမှုကြောင့် လွှတ်တော်ဂုဏ်သိက္ခာထိခိုက်စေတာကြောင့် အရေးယူပေးဖို့ဆိုပြီး NLD အမတ် ဦးသိန်းဆွေက နာယက ဦးတီခွန်မြတ်ကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက် လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြောဆိုဖို့ ရုန့်ရင်းကြမ်းတမ်းတဲ့ အပြုအမူ အပြောအဆိုတွေ မပြောဆိုဖို့ ဦးတီခွန်မြတ်က ပြောဆိုခဲ့ပါတယ်။

လွှတ်တော်အတွင်းမှာ တပ်မတာ်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အော်ဟစ်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် အောင်စန်းချစ်က တစ်စုံတရာ ပြောဆိုခဲ့တာမရှိပေမယ့် စာပုဒ်တစ်ပုဒ် ကျန်ရှိခဲ့လို့ သူ စိစစ်ပေးဖို့ ပြောဆိုခဲ့တဲ့အပေါ် ပြန်လည် သုံးသပ်ပေးခဲ့တဲ့ နာယက ဦးတီခွန်မြတ်ရဲ့ လုပ်ဆောင်မှုကိုတော့ ကျေးဇူးတင်တယ်လို့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကိုယ်စားလှယ် ၁၄၄ ဦးက ဆွေးနွေးသွားမှာ ဖြစ်ပြီး ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပါတယ်။

KO
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၅

(  Zawgyi  )

 ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေတြအခ်င္းခ်င္း အားလုံးခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အတတ္ႏိုင္ဆုံး စိတ္ရွည္ သည္းခံၿပီး ေဆာင္႐ြက္ေပးေနတာကို နားလည္သေဘာေပါက္ေစလိုတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ဆိုပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၂) ရက္ေျမာက္ေန႔ အစီအစဥ္မွာ ဦးတီခြန္ျမတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “ဥပေဒလုပ္ထုံးလုပ္နည္းနဲ႔ အညီ စည္းကမ္းေသဝပ္မႈ ရွိေစရန္ ထိန္းသိမ္းဖို႔ တာဝန္ရွိပါတယ္။ ဒီလိုထိန္းသိမ္းေဆာင္႐ြက္တဲ့ ေနရာမွာ နာယကႀကီးအေနနဲ႔ မိမိခ်မွတ္တဲ့ အမိန႔္ေတြကို အတည္ျပဳေစဖို႔ အခြင့္အာဏာ သုံးလို႔စြဲလို႔ရတယ္ ဆိုေပမယ့္ ကေန႔အခ်ိန္အထိ ဒါေတြသုံးစြဲခဲ့ျခင္းမရွိပါဘူး ။ ဒါအားလုံးလည္း နားလည္က်မယ္လို႔ထင္ပါတယ္” လို႔ ဦးတီခြန္ျမတ္က ဆိုပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက  ေဆြးေႏြးရာမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ တင္သြင္းတဲ့  ဥပေဒၾကမ္းက စာပုဒ္ တစ္ပုဒ္ က်န္ရွိေနခဲ့တာကို နာယကထံ တင္ျပရာမွာ တျခားတပ္မေတာ္သားတစ္ဦးက ေအာ္ဟစ္ေျပာဆိုခဲ့ပါတယ္။

အဲ့ဒီလိုေျပာဆိုမႈေၾကာင့္ လႊတ္ေတာ္ဂုဏ္သိကၡာထိခိုက္ေစတာေၾကာင့္ အေရးယူေပးဖို႔ဆိုၿပီး NLD အမတ္ ဦးသိန္းေဆြက နာယက ဦးတီခြန္ျမတ္ကို ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လႊတ္ေတာ္ရဲ႕ ဂုဏ္သိကၡာနဲ႔အညီ ေျပာဆိုဖို႔ ႐ုန႔္ရင္းၾကမ္းတမ္းတဲ့ အျပဳအမူ အေျပာအဆိုေတြ မေျပာဆိုဖို႔ ဦးတီခြန္ျမတ္က ေျပာဆိုခဲ့ပါတယ္။

လႊတ္ေတာ္အတြင္းမွာ တပ္မတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးရဲ႕ ေအာ္ဟစ္ေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီး ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္က တစ္စုံတရာ ေျပာဆိုခဲ့တာမရွိေပမယ့္ စာပုဒ္တစ္ပုဒ္ က်န္ရွိခဲ့လို႔ သူ စိစစ္ေပးဖို႔ ေျပာဆိုခဲ့တဲ့အေပၚ ျပန္လည္ သုံးသပ္ေပးခဲ့တဲ့ နာယက ဦးတီခြန္ျမတ္ရဲ႕ လုပ္ေဆာင္မႈကိုေတာ့ ေက်းဇူးတင္တယ္လို႔ လႊတ္ေတာ္အစည္းအေဝး ေခတၱရပ္နားခ်ိန္မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ကိုယ္စားလွယ္ ၁၄၄ ဦးက ေဆြးေႏြးသြားမွာ ျဖစ္ၿပီး ဒီကေန႔ က်င္းပတဲ့ အစည္းအေဝးမွာ ကိုယ္စားလွယ္ ၁၅ ဦးက ေဆြးေႏြးခဲ့ပါတယ္။

KO
ေနျပည္ေတာ္ ၊ ေဖေဖာ္ဝါရီ ၂၅