ဂျာမနီနှင့် ကုန်သွယ်မှုသုံးလအတွင်း အမေရိကန်ဒေါ်လာ သန်း နှစ်ရာကျော်ရှိ

ဂျာမနီနှင့် ကုန်သွယ်မှုသုံးလအတွင်း အမေရိကန်ဒေါ်လာ သန်း နှစ်ရာကျော်ရှိ

ဂျာမနီနှင့်မြန်မာနိုင်ငံကြားသုံးလအတွင်းကုန်သွယ်မှုမှာအမေရိကန် ဒေါ်လာသန်း ၂၀၀  နီးပါးရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ကဖေဖေါ်ဝါရီဒုတိယအပတ်အတွင်း ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှု ပမာဏအခြေအနေစာရင်းအရသိရပါတယ်။     

၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်သုံးလအတွင်းဂျာမနီနှင့် ကုန်သွယ်ခဲ့ရာတွင် အောက်တိုဘာ ၊နိုဝင်ဘာ ၊ဒီဇင်ဘာသုံးလအတွင်း မြန်မာ ဘက်မှ ဂျာမနီဘက်သို့ ပို့ကုန်ကန် ဒေါ် လာ၁၄၇ ဒသမ၇၆၂သန်းဖိုး တင်ပို့ခဲ့ကာ သွင်းကုန် ကန်ဒေါ်လာ ၅၄ ဒသမ ၅၆၃ သန်း ဖိုး ပြန် လည်တင်သွင်းခဲ့ပြီး သုံးလတာအတွင်း ကန်ဒေါ်လာ၂၀၂ ဒသမ ၃၂၅သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။ထိုကုန်သွယ်ရာတွင် မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ၉၃ ဒသမ၁၉၉သန်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးကာလကို စတင်ပြောင်းလဲခဲ့သည့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၈၂၁  ဒသမ၅၂၉  သန်းဖိုးရှိခဲ့ကာ မြန်မာဘက်မှ ဂျာမနီသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၂၄ ဒသမ ၆၇၅ သန်းဖိုး တင်ပို့ခဲ့ပြီးသွင်းကုန်အဖြစ် ဂျာမနီဘက်မှ အမေရိကန်ဒေါ်လာ၁၉၆ ဒသမ၈၅၄ သန်းဖိုးပြန်လည်တင်သွင်းခဲ့သဖြင့် မြန်မာဘက်မှ ကုန်သွယ်မှုပိုငွေကန်ဒေါ်လာ ၄၂၇ သန်း ကျော်ဖြစ်ပေါ်ခဲ့ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ကိန်းဂဏန်း အချက်အလက်များ အရ အဆိုပါ ဘဏ္ဍာနှစ်အတွင်း လစဉ်ကုန်သွယ်မှုမှာ ကန် ဒေါ်လာ ၆၅သန်းကျော် ရှိပြီး ယခုဘဏ္ဍာနှစ်သုံးလတွင် ဒေါ်လာသန်း၂၀၀ ကျော်ခဲ့သဖြင့် ဂျာမနီနှင့် ကုန်သွယ်ရေးမှာယခင်ဘဏ္ဍာနှစ်ထက် ပိုမိုနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။    

ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဂျာမနီ-မြန်မာကုန်သွယ်မှုကို ပြန်ကြည့်ပါက  ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၂၃ဒသမ၅၉၇သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၄၇ဒသမ ၁၈၅သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၅၃ဒသမ၇၈၁သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ၃၄၂ဒသမ၁၀၉သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၅၈၄ ဒသမ ဝ၁၂သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၃၇၃ဒသ မ၂၉၂သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ၈၂၁  ဒသမ၅၂၉  သန်းဖိုးထိ စံချိန်တင်ကုန်သွယ်ခဲ့သဖြင့် တောက်လျှောက်ကုန်သွယ်မှုတက်နေကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဖေဖေါ်ဝါရီ ၂၀

(  Zawgyi  )

 ဂ်ာမနီႏွင့္ျမန္မာႏိုင္ငံၾကားသုံးလအတြင္းကုန္သြယ္မႈမွာအေမရိကန္ ေဒၚလာသန္း ၂၀၀  နီးပါးရွိေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန ကေဖေဖၚဝါရီဒုတိယအပတ္အတြင္း ထုတ္ျပန္သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈ ပမာဏအေျခအေနစာရင္းအရသိရပါတယ္။     

၂၀၁၉-၂၀၂၀  ဘ႑ာေရးႏွစ္သုံးလအတြင္းဂ်ာမနီႏွင့္ ကုန္သြယ္ခဲ့ရာတြင္ ေအာက္တိုဘာ ၊ႏိုဝင္ဘာ ၊ဒီဇင္ဘာသုံးလအတြင္း ျမန္မာ ဘက္မွ ဂ်ာမနီဘက္သို႔ ပို႔ကုန္ကန္ ေဒၚ လာ၁၄၇ ဒသမ၇၆၂သန္းဖိုး တင္ပို႔ခဲ့ကာ သြင္းကုန္ ကန္ေဒၚလာ ၅၄ ဒသမ ၅၆၃ သန္း ဖိုး ျပန္ လည္တင္သြင္းခဲ့ၿပီး သုံးလတာအတြင္း ကန္ေဒၚလာ၂၀၂ ဒသမ ၃၂၅သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။ထိုကုန္သြယ္ရာတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ အေမရိကန္ေဒၚလာ၉၃ ဒသမ၁၉၉သန္းျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဘ႑ာေရးကာလကို စတင္ေျပာင္းလဲခဲ့သည့္ ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ အတြင္း ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ စုစုေပါင္းမွာ အေမရိကန္ေဒၚလာ၈၂၁  ဒသမ၅၂၉  သန္းဖိုးရွိခဲ့ကာ ျမန္မာဘက္မွ ဂ်ာမနီသို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ ၆၂၄ ဒသမ ၆၇၅ သန္းဖိုး တင္ပို႔ခဲ့ၿပီးသြင္းကုန္အျဖစ္ ဂ်ာမနီဘက္မွ အေမရိကန္ေဒၚလာ၁၉၆ ဒသမ၈၅၄ သန္းဖိုးျပန္လည္တင္သြင္းခဲ့သျဖင့္ ျမန္မာဘက္မွ ကုန္သြယ္မႈပိုေငြကန္ေဒၚလာ ၄၂၇ သန္း ေက်ာ္ျဖစ္ေပၚခဲ့ပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနက ကိန္းဂဏန္း အခ်က္အလက္မ်ား အရ အဆိုပါ ဘ႑ာႏွစ္အတြင္း လစဥ္ကုန္သြယ္မႈမွာ ကန္ ေဒၚလာ ၆၅သန္းေက်ာ္ ရွိၿပီး ယခုဘ႑ာႏွစ္သုံးလတြင္ ေဒၚလာသန္း၂၀၀ ေက်ာ္ခဲ့သျဖင့္ ဂ်ာမနီႏွင့္ ကုန္သြယ္ေရးမွာယခင္ဘ႑ာႏွစ္ထက္ ပိုမိုႏိုင္တဲ့ အေျခအေနရွိတယ္လို႔ သိရပါတယ္။    

ၿပီးခဲ့သည့္ ၅ ႏွစ္တာ ကာလအတြင္း ဂ်ာမနီ-ျမန္မာကုန္သြယ္မႈကို ျပန္ၾကည့္ပါက  ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၂၃ဒသမ၅၉၇သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၄၇ဒသမ ၁၈၅သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၅၃ဒသမ၇၈၁သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္ တြင္ အေမရိကန္ ေဒၚလာ၃၄၂ဒသမ၁၀၉သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၅၈၄ ဒသမ ဝ၁၂သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၃၇၃ဒသ မ၂၉၂သန္း၊ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ အေမရိကန္ေဒၚလာ၈၂၁  ဒသမ၅၂၉  သန္းဖိုးထိ စံခ်ိန္တင္ကုန္သြယ္ခဲ့သျဖင့္ ေတာက္ေလွ်ာက္ကုန္သြယ္မႈတက္ေနေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ေဖေဖၚဝါရီ ၂၀