ဂျပန်-မြန်မာ ကုန်သွယ်မှု နှစ်လအတွင်း ကန်ဒေါ်လာ သန်းတစ်ရာ့ငါးဆယ်ကျော် ကုန်သွယ်ခဲ့

ဂျပန်-မြန်မာ ကုန်သွယ်မှု နှစ်လအတွင်း ကန်ဒေါ်လာ သန်းတစ်ရာ့ငါးဆယ်ကျော် ကုန်သွယ်ခဲ့

ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ဒုတိယအပတ်အတွင်း ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် (နိုင်ငံအလိုက်) ပုံမှန်/နယ်စပ် ကုန်သွယ်မှုပမာဏ စာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း မြန်မာနှင့် ဂျပန်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ သန်းတစ်ရာ့ငါးဆယ်ကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

“နောက်ပိုင်းမှာ ဂျပန်ဘက်က မြန်မာနိုင်ငံမှာ အထည်ချုပ်တွေ၊ တခြားလျှပ်စစ်ပစ္စည်းတွေနဲ့ ကားတွေကအစ ဒီဘက်မှာလာဆင်နေတာကို တွေ့ရတယ်။၂၀၁၅-၁၆ လောက်ကဆို ဟိုဘက်ကနေ မှာရတာများတယ်။ဂျပန်တစ်ပတ်ရစ်ကား တင်သွင်းတာက အဓိကလေ။ပြီးတော့ ဒီဘက်က သစ်ပို့တယ်။အခုတော့ ကုန်ချောဘဲပို့တော့ ကုန်သွယ်မှုမှာ ဒီဘက်ကအသာရလာတာ များလာတယ်” လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ နှစ်လအတွင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ဂျပန်သို့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၀၀၆ သန်းဖိုး တင်ပို့ခဲ့ပြီး ဂျပန်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၃၂၂ သန်း ပမာဏရှိသည့် ကုန်ပစ္စည်း ပြန်လည်တင်ပို့ခဲ့ကြောင်း သိရပါတယ်။နှစ်လတာအတွင်း နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၁၅၃ ဒသမ ၃၂၇ သန်းဖြစ်ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဂျပန်သို့ မြန်မာဘက်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄၀၅ ဒသမ၄၇၄ သန်း တင်ပို့ပြီး ဂျပန်မှ သွင်းကုန် ၄၈၀ ဒသမ ၅၇၂ သန်း ပြန်လည်တင်သွင်းခဲ့ကာ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈၈၆ ဒသမ ၀၄၆ သန်းဖိုး ဖြစ်ပေါ်ခဲ့ပြီး မြန်မာဘက်မှ ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၉၂၄ ဒသမ ၉၀၂ သန်း ရှိခဲ့ပါတယ်။    

ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဂျပန်-မြန်မာ ကုန်သွယ်မှုကို ပြန်ကြည့်ပါက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၀၉ ဒသမ ၄၈၆ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၀၅ ဒသမ ဝ၅၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၄၅ ဒသမ ၉၇၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၃၁ ဒသမ ၇၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၂၁ ဒသမ ၉၀၄ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၉၅ ဒသမ ၈၄၄ သန်း ကုန်သွယ်ခဲ့ကြောင်း လက်ရှိစာရင်းအချက်အလက်များအရ သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၉
( Zawgyi )
ကုန္သြယ္ေရးဦးစီးဌာနက ဇန္နဝါရီ ဒုတိယအပတ္အတြင္း ထုတ္ျပန္သည့္ ဘ႑ာႏွစ္အလိုက္ (ႏိုင္ငံအလိုက္) ပုံမွန္/နယ္စပ္ ကုန္သြယ္မႈပမာဏ စာရင္းအရ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ႏွစ္လတာကာလအတြင္း ျမန္မာႏွင့္ ဂ်ပန္ႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ သန္းတစ္ရာ့ငါးဆယ္ေက်ာ္ ကုန္သြယ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

“ေနာက္ပိုင္းမွာ ဂ်ပန္ဘက္က ျမန္မာႏိုင္ငံမွာ အထည္ခ်ဳပ္ေတြ၊ တျခားလွ်ပ္စစ္ပစၥည္းေတြနဲ႔ ကားေတြကအစ ဒီဘက္မွာလာဆင္ေနတာကို ေတြ႕ရတယ္။၂၀၁၅-၁၆ ေလာက္ကဆို ဟိုဘက္ကေန မွာရတာမ်ားတယ္။ဂ်ပန္တစ္ပတ္ရစ္ကား တင္သြင္းတာက အဓိကေလ။ၿပီးေတာ့ ဒီဘက္က သစ္ပို႔တယ္။အခုေတာ့ ကုန္ေခ်ာဘဲပို႔ေတာ့ ကုန္သြယ္မႈမွာ ဒီဘက္ကအသာရလာတာ မ်ားလာတယ္” လို႔ လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ကိန္းဂဏန္းအခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွ ႏိုဝင္ဘာလအထိ ႏွစ္လအတြင္း ကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ဂ်ပန္သို႔ ကုန္ပစၥည္း အေမရိကန္ေဒၚလာ ၁၀၄ ဒသမ ၀၀၆ သန္းဖိုး တင္ပို႔ခဲ့ၿပီး ဂ်ပန္မွ ျမန္မာႏိုင္ငံသို႔ အေမရိကန္ေဒၚလာ ၄၉ ဒသမ ၃၂၂ သန္း ပမာဏရွိသည့္ ကုန္ပစၥည္း ျပန္လည္တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။ႏွစ္လတာအတြင္း ႏွစ္ႏိုင္ငံ စုစုေပါင္းကုန္သြယ္မႈပမာဏမွာ ၁၅၃ ဒသမ ၃၂၇ သန္းျဖစ္ၿပီး ကုန္သြယ္ေရးပိုေငြ အေမရိကန္ေဒၚလာ သန္း ၅၀ ေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္  ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ဂ်ပန္သို႔ ျမန္မာဘက္မွ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၄၀၅ ဒသမ၄၇၄ သန္း တင္ပို႔ၿပီး ဂ်ပန္မွ သြင္းကုန္ ၄၈၀ ဒသမ ၅၇၂ သန္း ျပန္လည္တင္သြင္းခဲ့ကာ စုစုေပါင္းကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၁၈၈၆ ဒသမ ၀၄၆ သန္းဖိုး ျဖစ္ေပၚခဲ့ၿပီး ျမန္မာဘက္မွ ကုန္သြယ္မႈပိုေငြ ကန္ေဒၚလာ ၉၂၄ ဒသမ ၉၀၂ သန္း ရွိခဲ့ပါတယ္။    

ၿပီးခဲ့သည့္ ၅ ႏွစ္တာ ကာလအတြင္း ဂ်ပန္-ျမန္မာ ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၈၀၉ ဒသမ ၄၈၆ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၃၀၅ ဒသမ ဝ၅၈ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၈၄၅ ဒသမ ၉၇၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၀၃၁ ဒသမ ၇၉၁ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၂၁ ဒသမ ၉၀၄ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ေဒၚလာ ၁၀၉၅ ဒသမ ၈၄၄ သန္း ကုန္သြယ္ခဲ့ေၾကာင္း လက္ရွိစာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၉