ကျေးလက်ဒေသတွင်နေထိုင်သော မသန်စွမ်းသူများနှင့် လူနည်းစုတိုင်းရင်းသား မသန်စွမ်းသူများ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်း ဆိုင်ရာ ကဏ္ဍများလက်လှမ်း မှီရန်အတားအဆီးများပိုမိုကြုံတွေ့လျက်ရှိဟုဆို။

ကျေးလက်ဒေသတွင်နေထိုင်သော မသန်စွမ်းသူများနှင့် လူနည်းစုတိုင်းရင်းသား မသန်စွမ်းသူများ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်း ဆိုင်ရာ ကဏ္ဍများလက်လှမ်း မှီရန်အတားအဆီးများပိုမိုကြုံတွေ့လျက်ရှိဟုဆို။

လက်ရှိအချိန်အထိကျေးလက်ဒေသတွင်နေထိုင်သောမသန်စွမ်းသူများနှင့်လူနည်းစုတိုင်းရင်းသားမ သန်စွမ်းသူများ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာကဏ္ဍများလက်လှမ်းမှီရန်အတားအဆီးများပိုမိုကြုံတွေနေရကြောင်းမသန်စွမ်းသူများ၏အခွင်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဌ၊ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူမှပြောပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော်MICC-2တွင်ကျင်းပပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် လာသောဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူမှ အဖွင့်မိန့်ခွန်း ပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ အချိန် အထိကျေးလက်ဒေသတွင်နေထိုင်သောမသန်စွမ်းသူများနှင့်လူနည်းစုတိုင်းရင်းသားမသန်စွမ်းသူများ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာ ပိုင်းဆိုင်ရာ ကဏ္ဍများလက်လှမ်းမှီရရှိရေးအတွက်အတားအဆီးများပိုမိုကြုံတွေနေရလျက်ရှိပါတယ်။

အဲ့ဒီလိုမသန်စွမ်းသူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့မညီမျှမှုတွေလျော့ချနိုင်ရေးအတွက်ရုပ်ပိုင်းဆိုင်ရာ၊နည်းပညာပိုင်းဆိုင်ရာကဏ္ဍတို့မှာလက်လှမ်းမှီရရှိနိုင်ရေးသည်အလွန်အရေးကြီးပါတယ်၊လက်လှမ်းမှီရယူသုံးစွဲနိုင်ခြင်းသည်အခြားသူများနည်းတူသွားလာနိုင်ရေးနှင့်ပါဝင်နိုင်ရေးတို့အတွက်မသန်စွမ်းတစ်ဦးချင်းစီရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ရုပ်ပိုင်ဆိုင်ရာ(သို့မဟုတ်)နည်းပညာပိုင်းဆိုင်ရာအထောက်အကူပြုပစ္စည်းကိရိယာနှင့်အစီအစဉ်တို့ကိုပံ့ပိုးပေးခြင်းဖြစ်ပါတယ် ”ဟု ဒုတိယသမ္မတမှပြောကြားခဲ့ပါတယ်။

ယင်းအပြင်ဒုတိယသမ္မတမှမသန်စွမ်းသူများအလွယ်တကူသွားလာနိုင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ တွင်Future We Want စမ်းသပ် စီမံကိန်းဖြင့် အများပြည်သူသုံးမော်တော်ယာဉ်များ၊လူသွားလမ်းများအား မသန်စွမ်းသူများအသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနှင့် ကျွမ်းကျင်သူများပူးပေါင်းဆောင်ရွက်သွား ရန်ရှိပါကြောင်း၊ နေပြည်တော်တွင် လည်းမြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် အလားတူစမ်းသပ်စီမံကိန်း(၂)ခုတို့အား မသန်စွမ်းသူများအတွက် ပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် အတားအဆီးကင်းရေး မျှော်မှန်းလို့မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့နှင့်အညီသက်ဆိုင်ရာကဏ္ဍအလိုက်ဌာနအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပြီး၊လမ်းတံတားအဆောက်အဦးများတွင် မသန်စွမ်းသူများလွယ်ကူစွာသွားလာ နေထိုင်အသုံးပြုနိုင်ရေး အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာ ရေးအဖွဲ့တို့မှလည်းကောင်း၊ မသန်စွမ်းသူများ အတွက်အထောက်အကူပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနမှလည်းကောင်း၊ မသန်စွမ်းသူများ သတင်းအချက်အလက် များရယူနိုင်ရန်ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ လည်းကောင်း၊မသန်စွမ်းသူများ ခရီးသွားလာရေး တွင်လွယ်ကူစွာသွားလာနိုင်ရေး အတွက်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ လည်းကောင်း၊ မသန်စွမ်းသူများအတွက်ဝန်ဆောင်မှုလုပ်ငန်းများကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှလည်းကောင်းအသီးသီးတာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါကြောင်းလည်းပြောကြားခဲ့ပါတယ်။

ယနေ့အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံအမတ်များ၊ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှဌာနေကိုယ်စားလှယ်များမသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊အစိုးရမဟုတ်သောပြည်တွင်းပြည်ပလူမှုရေး အသင်းအဖွဲ့များ၊တက်ရောက်ကြောင်းသိရှိရပါတယ်။

KO
နေပြည်တော်၊ဒီဇင်ဘာ-၃

(  Zawgyi  )

 လက္ရွိအခ်ိန္အထိေက်းလက္ေဒသတြင္ေနထိုင္ေသာမသန္စြမ္းသူမ်ားႏွင့္လူနည္းစုတိုင္းရင္းသားမ သန္စြမ္းသူမ်ား၊ ႐ုပ္ပိုင္းဆိုင္ရာ၊ နည္းပညာပိုင္းဆိုင္ရာက႑မ်ားလက္လွမ္းမွီရန္အတားအဆီးမ်ားပိုမိုႀကဳံေတြေနရေၾကာင္းမသန္စြမ္းသူမ်ား၏အခြင္အေရးမ်ားဆိုင္ရာအမ်ိဳးသားေကာ္မတီဥကၠဌ၊ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူမွေျပာပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္MICC-2တြင္က်င္းပျပဳလုပ္သည့္အျပည္ျပည္ဆိုင္ရာမသန္စြမ္းသူမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ တက္ေရာက္ လာေသာဒုတိယသမၼတဦးဟင္နရီဗန္ထီးယူမွ အဖြင့္မိန႔္ခြန္း ေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ အထိေက်းလက္ေဒသတြင္ေနထိုင္ေသာမသန္စြမ္းသူမ်ားႏွင့္လူနည္းစုတိုင္းရင္းသားမသန္စြမ္းသူမ်ား၊ ႐ုပ္ပိုင္းဆိုင္ရာ၊ နည္းပညာ ပိုင္းဆိုင္ရာ က႑မ်ားလက္လွမ္းမွီရရွိေရးအတြက္အတားအဆီးမ်ားပိုမိုႀကဳံေတြေနရလ်က္ရွိပါတယ္။

အဲ့ဒီလိုမသန္စြမ္းသူေတြရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့မညီမွ်မႈေတြေလ်ာ့ခ်ႏိုင္ေရးအတြက္႐ုပ္ပိုင္းဆိုင္ရာ၊နည္းပညာပိုင္းဆိုင္ရာက႑တို႔မွာလက္လွမ္းမွီရရွိႏိုင္ေရးသည္အလြန္အေရးႀကီးပါတယ္၊လက္လွမ္းမွီရယူသုံးစြဲႏိုင္ျခင္းသည္အျခားသူမ်ားနည္းတူသြားလာႏိုင္ေရးႏွင့္ပါဝင္ႏိုင္ေရးတို႔အတြက္မသန္စြမ္းတစ္ဦးခ်င္းစီရဲ႕လိုအပ္ခ်က္နဲ႔ကိုက္ညီတဲ့႐ုပ္ပိုင္ဆိုင္ရာ(သို႔မဟုတ္)နည္းပညာပိုင္းဆိုင္ရာအေထာက္အကူျပဳပစၥည္းကိရိယာႏွင့္အစီအစဥ္တို႔ကိုပံ့ပိုးေပးျခင္းျဖစ္ပါတယ္ ”ဟု ဒုတိယသမၼတမွေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ဒုတိယသမၼတမွမသန္စြမ္းသူမ်ားအလြယ္တကူသြားလာႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ ရန္ကုန္ၿမိဳ႕ တြင္Future We Want စမ္းသပ္ စီမံကိန္းျဖင့္ အမ်ားျပည္သူသုံးေမာ္ေတာ္ယာဥ္မ်ား၊လူသြားလမ္းမ်ားအား မသန္စြမ္းသူမ်ားအသုံးျပဳႏိုင္ေရး အဆင့္ျမႇင့္တင္ရန္ အစိုးရႏွင့္ ကြၽမ္းက်င္သူမ်ားပူးေပါင္းေဆာင္႐ြက္သြား ရန္ရွိပါေၾကာင္း၊ ေနျပည္ေတာ္တြင္ လည္းၿမိဳ႕မေဈးႏွင့္ ေရပန္းဥယ်ာဥ္တို႔တြင္ အလားတူစမ္းသပ္စီမံကိန္း(၂)ခုတို႔အား မသန္စြမ္းသူမ်ားအတြက္ ျပင္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ယခုႏွစ္ေဆာင္ပုဒ္ျဖစ္သည့္ အတားအဆီးကင္းေရး ေမွ်ာ္မွန္းလို႔မသန္စြမ္းလူ႔အခြင့္အေရးေဖာ္ေဆာင္စို႔ႏွင့္အညီသက္ဆိုင္ရာက႑အလိုက္ဌာနအဖြဲ႕အစည္းမ်ားမွ တာဝန္ယူေဆာင္႐ြက္ရမွာျဖစ္ၿပီး၊လမ္းတံတားအေဆာက္အဦးမ်ားတြင္ မသန္စြမ္းသူမ်ားလြယ္ကူစြာသြားလာ ေနထိုင္အသုံးျပဳႏိုင္ေရး အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္စည္ပင္သာယာေရးေကာ္မတီ၊ စည္ပင္သာယာ ေရးအဖြဲ႕တို႔မွလည္းေကာင္း၊ မသန္စြမ္းသူမ်ား အတြက္အေထာက္အကူပစၥည္းမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ စက္မႈဝန္ႀကီးဌာနမွလည္းေကာင္း၊ မသန္စြမ္းသူမ်ား သတင္းအခ်က္အလက္ မ်ားရယူႏိုင္ရန္ျပန္ၾကားေရးဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔မွ လည္းေကာင္း၊မသန္စြမ္းသူမ်ား ခရီးသြားလာေရး တြင္လြယ္ကူစြာသြားလာႏိုင္ေရး အတြက္ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔မွ လည္းေကာင္း၊ မသန္စြမ္းသူမ်ားအတြက္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုလူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔မွလည္းေကာင္းအသီးသီးတာဝန္ယူေဆာင္႐ြက္ရမွာျဖစ္ပါေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

ယေန႔အခမ္းအနားသို႔ျပည္ေထာင္စုဝန္ႀကီးမ်ား၊ဒုတိယဝန္ႀကီးမ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ သံအမတ္မ်ား၊ကုလသမဂၢအဖြဲ႕အစည္းအသီးသီးမွဌာေနကိုယ္စားလွယ္မ်ားမသန္စြမ္းသူမ်ား၏အခြင့္အေရးမ်ားဆိုင္ရာအမ်ိဳးသားေကာ္မတီဝင္မ်ား၊အစိုးရမဟုတ္ေသာျပည္တြင္းျပည္ပလူမႈေရး အသင္းအဖြဲ႕မ်ား၊တက္ေရာက္ေၾကာင္းသိရွိရပါတယ္။

KO
ေနျပည္ေတာ္၊ဒီဇင္ဘာ-၃