ကူးစက်မှုများလာပါက တညင်းကုန်းလက်ကားဈေးကြီးမှ အိမ်တိုင်ရာရောက် လိုက်လံရောင်းချ မည်

ကူးစက်မှုများလာပါက တညင်းကုန်းလက်ကားဈေးကြီးမှ အိမ်တိုင်ရာရောက် လိုက်လံရောင်းချ မည်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုများလာပါက တညင်းကုန်း လက်ကား‌ဈေးကနေ ပြည်သူ တွေကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးမယ်လို့ တညင်းကုန်း လက်ကားဈေးရဲ့ Operation Manager ဦးရဲထွန်းက ဆိုပါတယ်။

“အဓိကတော့ ဒီတညင်းကုန်း လက်ကားဈေးကြီးက ပိတ်လို့တော့မရဘူးပေါ့။ ပိတ်လို့မရတဲ့ အတွက်ကြောင့် မို့လို့ နောက်ဆုံးအခြေအနေ ဒီဈေးကို ဈေးသည်တွေ၊ ဝယ်ယူသူတွေ လာလို့ မရဘူး ဆိုရင် ကျွန်တော်တို့အနေနဲ့အိမ်တိုင်ရာရောက် လိုက်ပို့တဲ့အစီအစဉ်အထိ စီစဉ်ထား ပါတယ်။ အိမ်တိုင်ရာရောက် လိုက်ပို့နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့  ပူးပေါင်းချိတ်ဆက်ပြီး လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင် သွားပါမယ်" လို့ ဦးရဲထွန်းကပြောပါတယ်။

နိုင်ငံတော်အစိုးရက Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူကို အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ၅ ယောက်ထက်ပိုပြီးတော့ လူစုလူဝေး မပြုလုပ်ကြရန် ထုတ်ပြန်ခဲ့ထားသလို ရောဂါ ကူးစက်မှုအခြေအနေကို စိုးရိမ်မှု တွေရှိနေပါတယ်။

ဒါပေမယ့်လည်း အများပြည်သူစားဝတ်နေရေးအတွက် ရပ်ကွက်ဈေးတွေအပါအဝင် ဈေးကြီး တွေကိုတော့ အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးထားပါတယ်။

တညင်းကုန်းလက်ကား ဈေးကြီးဟာဆိုရင် ရန်ကုန်မြို့အတွက် အဓိက ကုန်စိမ်း လက်ကား ရောင်းချတဲ့ ဈေးကြီးဖြစ်ပြီး  Covid-19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ရန်ကုန်နေ ပြည်သူများ အတွက် လုံလောက်တဲ့ ကုန်စည်ရောင်းချမှု‌တွေရှိနေပါတယ်။

 "ဒီကပ်ရောဂါကျရောက်တဲ့အချိန်မှာ ဈေးနှုန်းတက်သွားတာမရှိဘူး။ ဈေးတက်လို့လည်း မရ ပါဘူး။ ဘယ်ဈေးသည်မှလည်း ကုန်တွေကို ဈေးတက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာက ပိတ်တဲ့ဈေးတွေများတယ်။ မပိတ်တာဆိုလို့ ကျွန်တော်တို့ ကြားသိသလောက်က သီရိမင်္ဂလာဈေးရယ်၊ ကျွန်တော်တို့ တညင်းကုန်းလက်ကားဈေးကြီး နှစ်ဈေး ကပဲ ရန်ကုန်တိုင်းတစ်တိုင်းလုံး အတွက်ကို ဖွင့်ပေးရတာပေါ့နော်" လို့ တညင်းကုန်း လက်ကားဈေးကြီးအတွင်း ဈေးရောင်းချတဲ့ ဈေးသည် ဦးကျော်ဌေးက ပြောပါတယ်။

ဆိုင်ခန်းပေါင်း ၅၆ဝဝ လောက်ရှိတဲ့  တညင်းကုန်းလက်ကားဈေးကြီးအတွင်းမှာ ဟင်းသီး ဟင်းရွက်၊ ပန်းမန်၊ မီးဖိုချောင်သုံး ကုန်မျိုးစုံ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေကို လက်လီ၊ လက်ကား ရောင်းချပေးနေတာဖြစ်ပါတယ်။

နေ့စဉ် ဈေးရောင်း၊ ဈေးဝယ်များတဲ့အတွက် လက်ရှိအခြေအနေမှာ Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးကို အထူးစီမံချက်အနေနဲ့ ဈေးအတွင်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပေး နေတာ ကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီး ကိုတော့ မြေဧက အကျယ်အဝန်း ၈၅ ဧကပေါ်မှာ တည်ဆောက်ထားကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ MAEX - Myanmar Agro Exchange Public Ltd တို့ ပူးပေါင်း ကာ အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီး  ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)၊ဇေယျာမော်
ရန်ကုန်၊ ဧပြီ ၂၃

(  Zawgyi  )

 COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈ ပိုမိုမ်ားလာပါက တညင္းကုန္း လက္ကား‌ေဈးကေန ျပည္သူ ေတြကို အိမ္တိုင္ရာေရာက္ လိုက္လံေရာင္းခ်ေပးမယ္လို႔ တညင္းကုန္း လက္ကားေဈးရဲ႕ Operation Manager ဦးရဲထြန္းက ဆိုပါတယ္။

“အဓိကေတာ့ ဒီတညင္းကုန္း လက္ကားေဈးႀကီးက ပိတ္လို႔ေတာ့မရဘူးေပါ့။ ပိတ္လို႔မရတဲ့ အတြက္ေၾကာင့္ မို႔လို႔ ေနာက္ဆုံးအေျခအေန ဒီေဈးကို ေဈးသည္ေတြ၊ ဝယ္ယူသူေတြ လာလို႔ မရဘူး ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔အိမ္တိုင္ရာေရာက္ လိုက္ပို႔တဲ့အစီအစဥ္အထိ စီစဥ္ထား ပါတယ္။ အိမ္တိုင္ရာေရာက္ လိုက္ပို႔ႏိုင္ေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာေရးေကာ္မတီ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ ကြၽန္ေတာ္တို႔  ပူးေပါင္းခ်ိတ္ဆက္ၿပီး လမ္းၫႊန္ခ်က္ေတြနဲ႔ လုပ္ေဆာင္ သြားပါမယ္" လို႔ ဦးရဲထြန္းကေျပာပါတယ္။

ႏိုင္ငံေတာ္အစိုးရက Covid-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အမ်ားျပည္သူကို အိမ္အတြင္း၌သာ ေနထိုင္ၾကရန္၊ ၅ ေယာက္ထက္ပိုၿပီးေတာ့ လူစုလူေဝး မျပဳလုပ္ၾကရန္ ထုတ္ျပန္ခဲ့ထားသလို ေရာဂါ ကူးစက္မႈအေျခအေနကို စိုးရိမ္မႈ ေတြရွိေနပါတယ္။

ဒါေပမယ့္လည္း အမ်ားျပည္သူစားဝတ္ေနေရးအတြက္ ရပ္ကြက္ေဈးေတြအပါအဝင္ ေဈးႀကီး ေတြကိုေတာ့ အခ်ိန္အကန႔္အသတ္နဲ႔ ဖြင့္ေပးထားပါတယ္။

တညင္းကုန္းလက္ကား ေဈးႀကီးဟာဆိုရင္ ရန္ကုန္ၿမိဳ႕အတြက္ အဓိက ကုန္စိမ္း လက္ကား ေရာင္းခ်တဲ့ ေဈးႀကီးျဖစ္ၿပီး  Covid-19 ေရာဂါ ျဖစ္ပြားေနတဲ့ ကာလမွာ ရန္ကုန္ေန ျပည္သူမ်ား အတြက္ လုံေလာက္တဲ့ ကုန္စည္ေရာင္းခ်မႈ‌ေတြရွိေနပါတယ္။

 "ဒီကပ္ေရာဂါက်ေရာက္တဲ့အခ်ိန္မွာ ေဈးႏႈန္းတက္သြားတာမရွိဘူး။ ေဈးတက္လို႔လည္း မရ ပါဘူး။ ဘယ္ေဈးသည္မွလည္း ကုန္ေတြကို ေဈးတက္လို႔မရပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္တိုင္း တစ္တိုင္းလုံးမွာက ပိတ္တဲ့ေဈးေတြမ်ားတယ္။ မပိတ္တာဆိုလို႔ ကြၽန္ေတာ္တို႔ ၾကားသိသေလာက္က သီရိမဂၤလာေဈးရယ္၊ ကြၽန္ေတာ္တို႔ တညင္းကုန္းလက္ကားေဈးႀကီး ႏွစ္ေဈး ကပဲ ရန္ကုန္တိုင္းတစ္တိုင္းလုံး အတြက္ကို ဖြင့္ေပးရတာေပါ့ေနာ္" လို႔ တညင္းကုန္း လက္ကားေဈးႀကီးအတြင္း ေဈးေရာင္းခ်တဲ့ ေဈးသည္ ဦးေက်ာ္ေဌးက ေျပာပါတယ္။

ဆိုင္ခန္းေပါင္း ၅၆ဝဝ ေလာက္ရွိတဲ့  တညင္းကုန္းလက္ကားေဈးႀကီးအတြင္းမွာ ဟင္းသီး ဟင္း႐ြက္၊ ပန္းမန္၊ မီးဖိုေခ်ာင္သုံး ကုန္မ်ိဳးစုံ၊ ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ေတြကို လက္လီ၊ လက္ကား ေရာင္းခ်ေပးေနတာျဖစ္ပါတယ္။

ေန႔စဥ္ ေဈးေရာင္း၊ ေဈးဝယ္မ်ားတဲ့အတြက္ လက္ရွိအေျခအေနမွာ Covid-19 ေရာဂါ ႀကိဳတင္ ကာကြယ္ေရးကို အထူးစီမံခ်က္အေနနဲ႔ ေဈးအတြင္း တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္ေပး ေနတာ ကို ေတြ႕ရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊  အင္းစိန္ၿမိဳ႕နယ္အတြင္းမွာ တည္ရွိတဲ့ တညင္းကုန္း လက္ကားေဈးႀကီး ကိုေတာ့ ေျမဧက အက်ယ္အဝန္း ၈၅ ဧကေပၚမွာ တည္ေဆာက္ထားကာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ MAEX - Myanmar Agro Exchange Public Ltd တို႔ ပူးေပါင္း ကာ အမ်ားပိုင္ကုမၸဏီဖြဲ႕စည္းၿပီး  ဖြင့္လွစ္ထားတာျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)၊ေဇယ်ာေမာ္
ရန္ကုန္၊ ဧၿပီ ၂၃