ကိုရီးယား လေဆာ 3D ရေပေါ်မီး နည်းပညာပြပွဲ ကျင်းပရန်စီစဉ်

ကိုရီးယား လေဆာ 3D ရေပေါ်မီး နည်းပညာပြပွဲ ကျင်းပရန်စီစဉ်

ကိုရီးယား လေဆာ 3D ရေပေါ်မီး နည်းပညာအလှပြပွဲတစ်ရပ်ကို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်ထဲမှာ ယခု ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာ ကျင်းပသွားရန် စီစဉ်နေတယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

ထိုပွဲတော်ဟာ ပထမအကြိမ် ကျင်းပဖို့စီစဉ်နေတာဖြစ်သလို ရန်ကုန်မြို့မှာ ညပိုင်းအပန်းဖြေ လည်ပတ်သူများအတွက် စီစဉ်ထားတာဖြစ်တဲ့အပြင် မိသားစုအလှဓာတ်ပုံရိုက်တာတွေ၊ Selfie ဓာတ်ပုံအလှရိုက်တာတွေကိုလည်း လုပ်ဆောင်နိုင်သလို ရောင်စုံမီးများဖြင့် ဖျော်ဖြေမှုအစီအစဉ်တွေကိုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ထိုပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ တစ်လကျော် ကျင်းပသွားဖို့ စီစဉ်ထားသလို ညနေ ၅ နာရီခွဲမှ ည ၁၁ နာရီအထိ စီစဉ်ထားကြောင်း၊ အများပြည်သူတွေအတွက် အဓိကကျင်းပတာမျိုးဖြစ်ပြီး မြို့ပြရဲ့ မွမ်းကြပ်မှုတွေအတွက် ဖြေလျှော့ပျော်ရွှင်နိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ထိုပွဲတော်အတွက် ဝင်ကြေးအနေနဲ့ လူကြီး ၂၀၀၀ ကျပ်၊ ကလေး ၁၀၀၀ ကျပ် သတ်မှတ်သွားဖို့လည်း စီစဉ်ထားပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် ဈေးလျှော့ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ကိုရီးယား ေလဆာ 3D ေရေပၚမီး နည္းပညာအလွျပပြဲတစ္ရပ္ကို ရန္ကုန္ၿမိဳ႕က ျပည္သူ႔ရင္ျပင္ထဲမွာ ယခု ဒီဇင္ဘာ ၁၄ ရက္မွ စတင္ကာ က်င္းပသြားရန္ စီစဥ္ေနတယ္လို႔ ပြဲစီစဥ္သူေတြဆီက သိရပါတယ္။

ထိုပြဲေတာ္ဟာ ပထမအႀကိမ္ က်င္းပဖို႔စီစဥ္ေနတာျဖစ္သလို ရန္ကုန္ၿမိဳ႕မွာ ညပိုင္းအပန္းေျဖ လည္ပတ္သူမ်ားအတြက္ စီစဥ္ထားတာျဖစ္တဲ့အျပင္ မိသားစုအလွဓာတ္ပုံ႐ိုက္တာေတြ၊ Selfie ဓာတ္ပုံအလွ႐ိုက္တာေတြကိုလည္း လုပ္ေဆာင္ႏိုင္သလို ေရာင္စုံမီးမ်ားျဖင့္ ေဖ်ာ္ေျဖမႈအစီအစဥ္ေတြကိုလည္း ပါဝင္မွာ ျဖစ္ပါတယ္။

ထိုပြဲကို ဒီဇင္ဘာ ၁၄ ရက္မွ ဇန္နဝါရီ ၁၅ ရက္အထိ တစ္လေက်ာ္ က်င္းပသြားဖို႔ စီစဥ္ထားသလို ညေန ၅ နာရီခြဲမွ ည ၁၁ နာရီအထိ စီစဥ္ထားေၾကာင္း၊ အမ်ားျပည္သူေတြအတြက္ အဓိကက်င္းပတာမ်ိဳးျဖစ္ၿပီး ၿမိဳ႕ျပရဲ႕ မြမ္းၾကပ္မႈေတြအတြက္ ေျဖေလွ်ာ့ေပ်ာ္႐ႊင္ႏိုင္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ထိုပြဲေတာ္အတြက္ ဝင္ေၾကးအေနနဲ႔ လူႀကီး ၂၀၀၀ က်ပ္၊ ကေလး ၁၀၀၀ က်ပ္ သတ္မွတ္သြားဖို႔လည္း စီစဥ္ထားၿပီး ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေဈးေလွ်ာ့ေပးႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀