ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန(၃)ခု အပါအဝင် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ မလုပ်မရှုပ်၊ မပြုတ်လုပ်နေကြမည် ဆိုပါက စကားရပ်အပေါ် တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်။

ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန(၃)ခု အပါအဝင် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ မလုပ်မရှုပ်၊ မပြုတ်လုပ်နေကြမည် ဆိုပါက စကားရပ်အပေါ်  တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်။

ကာကွယ်ရေးဝန်ကြီးဌာန၊နယ်စပ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန(၃)ခုအပါအဝင် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများသည် မလုပ်မရှုပ်၊ မပြုတ်လုပ်နေကြမည်ဆိုပါကဆိုသည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ စကားရပ်အပေါ် တပ်မတော်သား ကိုယ်စားလှယ် က ထကန့်ကွက်ခဲ့ပါတယ်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် အစည်းအဝေး နဝမနေ့ အစီအစဉ်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းမှ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ (၆)လ အတွက် စစ်ဆေးတွေ့ရှိချက်အပေါ်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဆွေးနွေးသည့် အစီအစဉ်တွင် ပါဝင်သည့် ဆွေးနွေးချက်အပေါ်  တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်းမှ "ပြည်ထောင်စုဝန်ကြီးဌာနများ အနေနဲ့ မိမိရဲ့ဝန်ကြီးဌာန ၏အားနည်းချက်များကိုအစီရင်ခံစာမှာမြင်တွေ့ရမှာဖြစ်သလိုမိမိဌာနအကြောင်းမိမိသိရှိပြီး လည်း ဖြစ်ပါလိမ့်မယ်။ မိမိရဲ့စိမ့်ပေါက် ယိုပေါက်တွေကို ဖာထေးလို့ရပါက ဖာထေးပေးရမှာဖြစ်သလို ဖိတ်စင်တာတွေ ကိုလည်း ပြန်ကောက်ထည့် ပေးရပါလိမ့် မယ်။ ယိုပေါက်ကြီး ရင်တရာရုံးမှအဂတိလိုက်စားမှုဖြင့် တရားစွဲရပါလိမ့်မယ်။ ဖိတ်စင်တာတွေကိုလက်ဖြင့် ကောက်လို့မရရင် တော့ လက်ထိပ်ဖြင့် ကောက်ယူနိုင်အောင် ဆောင်ရွက်ပေးကြ ရပါလိမ့်မယ်။ အစိုးရဝန်ကြီးဌာနများ အနေဖြင့်လည်း နိုင်ငံဘဏ္ဍာငွေ ကို ရရှိနိုင်မည့် အခွင့်အလမ်းများကို ဥပဒေနှင့်အညီ တရားမျှတစွာ အချိန်နှင့်တပြေးညီ ရရှိအောင် စီမံဆောင်ရွက် ပေးစေလိုပါတယ်။ ဖိတ်စင်တာတွေပြန်ကောက်ဖို့အတွက် ဝန်ကြီးဌာနအသီးသီးရဲ့ ဘဏ္ဍာရေးနှစ် အဆက်ဆက် ကြွေးကျန်များ ကိစ္စ ရရှိအောင် ဆောင်ရွက် ဖို့လိုပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ ဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန(၃)ခု အပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် မလုပ်မရှုပ်၊ မပြုတ်လုပ်နေကြမည် ဆိုပါက လာမည့် ဘဏ္ဍာရေးနှစ် စာရင်းလည်း နောက်ထပ်တွေ့ရှိ ပြဿနာစာရင်းများ ထည့်ပေါင်းပြီး ယခုအစီရင်ခံစာ အတိုင်း ပြန်ကူးရေးချရုံဘဲ ဖြစ်နေပါဦးမယ်" ဟုထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ယင်းဆွေးနွေးချက်နှင့် ပတ်သက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ "ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးတာသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာအပေါ် ဆွေးနွေးတာဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသွားသည့် ဝန်ကြီးဌာန (၃)ခုသည် မလုပ်မရှုပ် မပြုတ်ဖြစ်နေတယ်။ လုပ်နေတယ်ဆိုတဲ့ စာသားသည် လွှတ်တော်နည်းဥပဒေ (ဋ) အရဆွေးနွေးဆဲ ကိစ္စတစ်ခုနဲ့ တိုက်ရိုက်မသက်ဆိုင်သော ကိစ္စကိုပြောဆိုတာဖြစ်တဲ့ အပြင် အခြားသောပုဂ္ဂိုလ်များ ထိပါးပုတ်ခပ်ပြောဆိုတာဖြစ်တဲ့အတွက် ကန့်ကွက်ပါကြောင်းနဲ့ မှတ်တမ်းမှ ပယ်ဖျက်ပေးနိုင်ပါရန်၊ နာယကကြီးရဲ့ လွှတ်တော်စည်းကမ်းတွေနဲ့ မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေကို သင့်တင့် သလို အရေးယူဆောင်ရွက်ရမည် ဆိုတဲ့ လုပ်ပိုင်ခွင့်နဲ့လည်း လိုအပ်မယ်ဆိုရင် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်" ဟုပြောကြားခဲ့ ပါတယ်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကမှ ကောင်းပါပြီ။ လုံးကောက်ကို ပြန်လည်ဖော်ထုတ်ပြီးမှ ဥပဒေနဲ့မညီတဲ့ အပိုင်း တွေကိုအားလုံး ပယ်ဖျက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၁၇

(  Zawgyi  )

 ကာကြယ္ေရးဝန္ႀကီးဌာန၊နယ္စပ္ေရးဝန္ႀကီးဌာန၊ျပည္ထဲေရးဝန္ႀကီးဌာန(၃)ခုအပါအဝင္ ျပည္ေထာင္စု အစိုးရဝန္ႀကီးဌာနမ်ားသည္ မလုပ္မရႈပ္၊ မျပဳတ္လုပ္ေနၾကမည္ဆိုပါကဆိုသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦး၏ စကားရပ္အေပၚ တပ္မေတာ္သား ကိုယ္စားလွယ္ က ထကန႔္ကြက္ခဲ့ပါတယ္။

ယေန႔က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ အစည္းအေဝး နဝမေန႔ အစီအစဥ္တြင္ မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၁) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွဆန္းမွ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံး၏၂၀၁၈ခုႏွစ္ ဧၿပီမွ စက္တင္ဘာလအထိ (၆)လ အတြက္ စစ္ေဆးေတြ႕ရွိခ်က္အေပၚျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ ေလ့လာေတြ႕ရွိခ်က္ အစီရင္ခံစာအား ေဆြးေႏြးသည့္ အစီအစဥ္တြင္ ပါဝင္သည့္ ေဆြးေႏြးခ်က္အေပၚ  တပ္မေတာ္သား ကိုယ္စားလွယ္က ကန႔္ကြက္ခဲ့ျခင္းျဖစ္ပါတယ္။

မေကြးတိုင္းေဒသႀကီးမဲဆႏၵနယ္အမွတ္(၁)အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွဆန္းမွ "ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား အေနနဲ႔ မိမိရဲ႕ဝန္ႀကီးဌာန ၏အားနည္းခ်က္မ်ားကိုအစီရင္ခံစာမွာျမင္ေတြ႕ရမွာျဖစ္သလိုမိမိဌာနအေၾကာင္းမိမိသိရွိၿပီး လည္း ျဖစ္ပါလိမ့္မယ္။ မိမိရဲ႕စိမ့္ေပါက္ ယိုေပါက္ေတြကို ဖာေထးလို႔ရပါက ဖာေထးေပးရမွာျဖစ္သလို ဖိတ္စင္တာေတြ ကိုလည္း ျပန္ေကာက္ထည့္ ေပးရပါလိမ့္ မယ္။ ယိုေပါက္ႀကီး ရင္တရာ႐ုံးမွအဂတိလိုက္စားမႈျဖင့္ တရားစြဲရပါလိမ့္မယ္။ ဖိတ္စင္တာေတြကိုလက္ျဖင့္ ေကာက္လို႔မရရင္ ေတာ့ လက္ထိပ္ျဖင့္ ေကာက္ယူႏိုင္ေအာင္ ေဆာင္႐ြက္ေပးၾက ရပါလိမ့္မယ္။ အစိုးရဝန္ႀကီးဌာနမ်ား အေနျဖင့္လည္း ႏိုင္ငံဘ႑ာေငြ ကို ရရွိႏိုင္မည့္ အခြင့္အလမ္းမ်ားကို ဥပေဒႏွင့္အညီ တရားမွ်တစြာ အခ်ိန္ႏွင့္တေျပးညီ ရရွိေအာင္ စီမံေဆာင္႐ြက္ ေပးေစလိုပါတယ္။ ဖိတ္စင္တာေတြျပန္ေကာက္ဖို႔အတြက္ ဝန္ႀကီးဌာနအသီးသီးရဲ႕ ဘ႑ာေရးႏွစ္ အဆက္ဆက္ ေႂကြးက်န္မ်ား ကိစၥ ရရွိေအာင္ ေဆာင္႐ြက္ ဖို႔လိုပါလိမ့္မယ္။ ျပည္ေထာင္စုအစိုးရဝန္ႀကီးဌာနမ်ား ျဖစ္ေသာ ကာကြယ္ေရးဝန္ႀကီးဌာန၊ နယ္စပ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီး ဌာန(၃)ခု အပါအဝင္ ျပည္ေထာင္စုအစိုးရ ဝန္ႀကီးဌာနမ်ားသည္ မလုပ္မရႈပ္၊ မျပဳတ္လုပ္ေနၾကမည္ ဆိုပါက လာမည့္ ဘ႑ာေရးႏွစ္ စာရင္းလည္း ေနာက္ထပ္ေတြ႕ရွိ ျပႆနာစာရင္းမ်ား ထည့္ေပါင္းၿပီး ယခုအစီရင္ခံစာ အတိုင္း ျပန္ကူးေရးခ်႐ုံဘဲ ျဖစ္ေနပါဦးမယ္" ဟုထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။

ယင္းေဆြးေႏြးခ်က္ႏွင့္ ပတ္သက္၍ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးမွ "ကိုယ္စားလွယ္ေတာ္ႀကီး ေဆြးေႏြးတာသည္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံး အစီရင္ခံစာအေပၚ ေဆြးေႏြးတာျဖစ္ပါတယ္။ ကိုယ္စားလွယ္ေတာ္ႀကီး ေဆြးေႏြးသြားသည့္ ဝန္ႀကီးဌာန (၃)ခုသည္ မလုပ္မရႈပ္ မျပဳတ္ျဖစ္ေနတယ္။ လုပ္ေနတယ္ဆိုတဲ့ စာသားသည္ လႊတ္ေတာ္နည္းဥပေဒ (ဋ) အရေဆြးေႏြးဆဲ ကိစၥတစ္ခုနဲ႔ တိုက္႐ိုက္မသက္ဆိုင္ေသာ ကိစၥကိုေျပာဆိုတာျဖစ္တဲ့ အျပင္ အျခားေသာပုဂၢိဳလ္မ်ား ထိပါးပုတ္ခပ္ေျပာဆိုတာျဖစ္တဲ့အတြက္ ကန႔္ကြက္ပါေၾကာင္းနဲ႔ မွတ္တမ္းမွ ပယ္ဖ်က္ေပးႏိုင္ပါရန္၊ နာယကႀကီးရဲ႕ လႊတ္ေတာ္စည္းကမ္းေတြနဲ႔ မလိုက္နာတဲ့ ပုဂၢိဳလ္ေတြကို သင့္တင့္ သလို အေရးယူေဆာင္႐ြက္ရမည္ ဆိုတဲ့ လုပ္ပိုင္ခြင့္နဲ႔လည္း လိုအပ္မယ္ဆိုရင္ ေဆာင္႐ြက္ေပးႏိုင္ပါရန္ တင္ျပအပ္ပါတယ္" ဟုေျပာၾကားခဲ့ ပါတယ္။

ယင္းကိစၥႏွင့္ပတ္သက္၍ ျပည္ေထာင္စုလႊတ္ေတာ္နာယကမွ ေကာင္းပါၿပီ။ လုံးေကာက္ကို ျပန္လည္ေဖာ္ထုတ္ၿပီးမွ ဥပေဒနဲ႔မညီတဲ့ အပိုင္း ေတြကိုအားလုံး ပယ္ဖ်က္သြားမွာျဖစ္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၁၇