ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် အလိုလျှောက်စောင့်ကြည့်ရေးစနစ်များ မတပ်ဆင်ပါက ငါးဖမ်းခွင့်ပိတ်မည်

ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် အလိုလျှောက်စောင့်ကြည့်ရေးစနစ်များ မတပ်ဆင်ပါက ငါးဖမ်းခွင့်ပိတ်မည်

ကမ်းဝေးငါးဖမ်း ရေယာဉ်များတွင် အလိုလျှောက်စောင့်ကြည့်ရေးစနစ်များ မတပ်ဆင်ပါက ငါးဖမ်းခွင့် ပိတ်ပင်မှာ ဖြစ်တယ်လို့ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ ငါးကဏ္ဍဆိုင်ရာ လစဉ်ပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းစိန် က ပြောကြားခဲ့ပါတယ်။

ကမ်းဝေးနှင့် ငါးသယ်ရေယာဉ်များတွင် စောင့်ကြည့်ရေးစနစ်များ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း အပြီးတပ်ဆင်ရန်ညွှန်ကြား ခဲ့သော် လည်း စက်ကိရိယာများကို နိုင်ငံခြားမှ မှာယူတင်သွင်းရသည့်အတွက် အချိန်မီရောက်ရှိလာခြင်းမရှိသည့်အတွက် နိုဝင်ဘာလ အကုန်တွင် အပြီးတပ်ဆင်ရန်ညွှန်ကြားခဲ့ကြောင်း အချိန်မီ တပ်ဆင်ပြီးစီးခြင်းမရှိပါက ငါးဖမ်းခွင့်ပိတ်ပင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 “ ငါးဖမ်းဆီးခွင့်ကို ကျွန်တော်တို့ ပိတ်မှာပါ။ပင်လယ်ပြင်ထွက်ခွာခွင့်ကို လုံးဝပိတ်မှာပါ ” လို့ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံ တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀၀၀ ကျော်ရှိပြီး ရန်ကုန်မြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၉၀၉ စီး နှင့် ငါးသယ်ယာဉ် ၁၂၈ စီးရှိ ကြောင်း၊ အလိုလျှောက် စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ရန် ကုမ္ပဏီ ၆ ခုမှ တင်ဒါအောင်မြင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီများ နှင့် အောက်တိုဘာလ အကုန်တွင် အပြီးစာချုပ်များ ချုပ်ဆိုကြရန်တိုက်တွန်းခဲ့ပါတယ်။

ပင်လယ်ငါးဖမ်းအသင်းအတွင်းရေးမှူးဖြစ်သူ ဦးကျော်နိုင်က တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် တစ်လ အတွင်း စက်လှေများတွင် စောင့်ကြည့်ရေး စနစ်များ တပ်ဆင်ရန် အခက်အခဲများရှိနေသည့်အတွက် ကုမ္ပဏီများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြအကြောင်းကြား သင့်ကြောင်း၊ရန်ကုန်မြို့ရှိ ငါးဖမ်းရေယာဉ် အများစုသည် စာချုပ်များချုပ်ဆိုပြီးစီးနေပြီဖြစ်ပြီး နယ်မှ ငါးဖမ်းရေယာဉ်များ စာချုပ်ချုပ်ဆိုရန် အခက်အခဲများရှိနေတယ်လို့ အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ အောက်တိုဘာ ၂၂

(  Zawgyi  )

 ကမ္းေဝးငါးဖမ္း ေရယာဥ္မ်ားတြင္ အလိုေလွ်ာက္ေစာင့္ၾကည့္ေရးစနစ္မ်ား မတပ္ဆင္ပါက ငါးဖမ္းခြင့္ ပိတ္ပင္မွာ ျဖစ္တယ္လို႔ ယေန႔ ေအာက္တိုဘာလ ၂၂ ရက္ နံနက္ပိုင္းက ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႕ ခ်ဳပ္႐ုံးမွာ က်င္းပျပဳလုပ္တဲ့ ငါးက႑ဆိုင္ရာ လစဥ္ပုံမွန္အစည္းအေဝးမွာ ရန္ကုန္တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးျဖစ္သူ ဦးသန္းစိန္ က ေျပာၾကားခဲ့ပါတယ္။

ကမ္းေဝးႏွင့္ ငါးသယ္ေရယာဥ္မ်ားတြင္ ေစာင့္ၾကည့္ေရးစနစ္မ်ား ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း အၿပီးတပ္ဆင္ရန္ၫႊန္ၾကား ခဲ့ေသာ္ လည္း စက္ကိရိယာမ်ားကို ႏိုင္ငံျခားမွ မွာယူတင္သြင္းရသည့္အတြက္ အခ်ိန္မီေရာက္ရွိလာျခင္းမရွိသည့္အတြက္ ႏိုဝင္ဘာလ အကုန္တြင္ အၿပီးတပ္ဆင္ရန္ၫႊန္ၾကားခဲ့ေၾကာင္း အခ်ိန္မီ တပ္ဆင္ၿပီးစီးျခင္းမရွိပါက ငါးဖမ္းခြင့္ပိတ္ပင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

 “ ငါးဖမ္းဆီးခြင့္ကို ကြၽန္ေတာ္တို႔ ပိတ္မွာပါ။ပင္လယ္ျပင္ထြက္ခြာခြင့္ကို လုံးဝပိတ္မွာပါ ” လို႔ေျပာၾကား ခဲ့ျခင္းျဖစ္ပါတယ္။ျမန္မာႏိုင္ငံ တြင္ ကမ္းေဝးငါးဖမ္းေရယာဥ္ ၃၀၀၀ ေက်ာ္ရွိၿပီး ရန္ကုန္ၿမိဳ႕တြင္ ကမ္းေဝးငါးဖမ္းေရယာဥ္ ၉၀၉ စီး ႏွင့္ ငါးသယ္ယာဥ္ ၁၂၈ စီးရွိ ေၾကာင္း၊ အလိုေလွ်ာက္ ေစာင့္ၾကည့္ေရးစနစ္မ်ား တပ္ဆင္ရန္ ကုမၸဏီ ၆ ခုမွ တင္ဒါေအာင္ျမင္ခဲ့ၿပီး အဆိုပါ ကုမၸဏီမ်ား ႏွင့္ ေအာက္တိုဘာလ အကုန္တြင္ အၿပီးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုၾကရန္တိုက္တြန္းခဲ့ပါတယ္။

ပင္လယ္ငါးဖမ္းအသင္းအတြင္းေရးမႉးျဖစ္သူ ဦးေက်ာ္ႏိုင္က တင္ဒါေအာင္ကုမၸဏီမ်ားအေနျဖင့္ တစ္လ အတြင္း စက္ေလွမ်ားတြင္ ေစာင့္ၾကည့္ေရး စနစ္မ်ား တပ္ဆင္ရန္ အခက္အခဲမ်ားရွိေနသည့္အတြက္ ကုမၸဏီမ်ားအေနျဖင့္ ငါးလုပ္ငန္းဦးစီးဌာနသို႔ တင္ျပအေၾကာင္းၾကား သင့္ေၾကာင္း၊ရန္ကုန္ၿမိဳ႕ရွိ ငါးဖမ္းေရယာဥ္ အမ်ားစုသည္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုၿပီးစီးေနၿပီျဖစ္ၿပီး နယ္မွ ငါးဖမ္းေရယာဥ္မ်ား စာခ်ဳပ္ခ်ဳပ္ဆိုရန္ အခက္အခဲမ်ားရွိေနတယ္လို႔ အဆိုပါအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေအာက္တိုဘာ ၂၂