ကမ္ဘာအေးစေတီတွင် ကမ္ဘာလှည့် ဧည့်ဝင်ကြေး တိုးမြှင့်သတ်မှတ်ရန် စီစဉ်

ကမ္ဘာအေးစေတီတွင် ကမ္ဘာလှည့် ဧည့်ဝင်ကြေး တိုးမြှင့်သတ်မှတ်ရန် စီစဉ်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က သီရမင်္ဂလာ ကမ္ဘာအေးစေတီတော်မှာ လာရောက်သူ ကမ္ဘာလှည့်ဧည့်သည်တွေအတွက် ဧည့်ဝင်ကြေးငွေကို တိုးမြှင့်ကောက်ခံသွားဖို့ စီစဉ်နေတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

အဆိုပါ စေတီတော်ဟာလည်း နိုင်ငံခြားသား ကမ္ဘာလှည့်ဧည့်သည်တွေ လာရောက်လေ့လာကြည်ညိုကြတဲ့ စေတီတစ်ဆူလည်းဖြစ်သလို ဓာတ်တော်မွေတော်တွေကို ဖူးမြော်နိုင်တာကြောင့် ထိုင်း၊ တရုတ်၊ ကိုရီးယားတို့မှ အများဆုံးလာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

“ဧည့်ဝင်ကြေးကို လက်ရှိအနေအထားကနေ လာမယ့်ပွင့်လင်းရာသီမှာ တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေပါတယ်။ဘယ်လောက်သတ်မှတ်မယ် ဆိုတာတော့ လောလောဆယ် ပြောလို့မရသေးပါဘူး၊ အခုက ဆွေးနွေးတင်ပြတာတွေ လုပ်ဆောင်နေကြတဲ့ အခြေအနေပါ၊ မကြာခင်မှာတော့ အများသိအောင် ကြေညာမှာပါ” လို့ ဂေါပကအဖွဲ့မှ ဦးသိန်းဦး က ရှင်းပြပါတယ်။

ထိုတိုးမြှင့်ကောက်ခံမယ့်နှုန်းကို ငွေ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကြားအတွင်း နှုန်းထားတစ်ခု သတ်မှတ်ရန် လျာထားပြီး အောက်တိုဘာ ၁ ရက်လောက်မှ စတင်တိုးမြှင့်ရန် စီစဉ်နေကြတယ်လို့ သိရပါတယ်။

ထိုစေတီတော်ကြီးတွင် မြတ်စွာဘုရားရဲ့ ဓာတ်တော်များ၊ အရှင်သာရိပုတ္တရာ နဲ့ အရှင်မဟာမောဂ္ဂလာန် အဂ္ဂသာဝက ရဟန္တာမြတ်ကြီး နှစ်ပါးတို့ရဲ့ ဓာတ်တော်များ ကိန်းဝပ်စံပယ်တော်မူရာ စေတီတော်လည်းဖြစ်သလို ဓာတ်တော်များကို ခေါင်းပေါ်တင်ကာ ပူဇော်ခွင့်ရတာတွေကြောင့်လည်း လာရောက်ကြည်ညိုသူတွေ အများအပြားရှိလာကြောင်း၊ တစ်လလျှင် ပျမ်းမျှ ကမ္ဘာလှည့်ဦးရေ ထောင်ဂဏန်းလောက် လာရောက်လေ့ရှိကြောင်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် - ၁၇

( Zawgyi )

ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္က သီရမဂၤလာ ကမာၻေအးေစတီေတာ္မွာ လာေရာက္သူ ကမာၻလွည့္ဧည့္သည္ေတြအတြက္ ဧည့္ဝင္ေၾကးေငြကို တိုးျမႇင့္ေကာက္ခံသြားဖို႔ စီစဥ္ေနတယ္လို႔ ေဂါပကအဖြဲ႕ကေန သိရပါတယ္။

အဆိုပါ ေစတီေတာ္ဟာလည္း ႏိုင္ငံျခားသား ကမာၻလွည့္ဧည့္သည္ေတြ လာေရာက္ေလ့လာၾကည္ညိဳၾကတဲ့ ေစတီတစ္ဆူလည္းျဖစ္သလို ဓာတ္ေတာ္ေမြေတာ္ေတြကို ဖူးေျမာ္ႏိုင္တာေၾကာင့္ ထိုင္း၊ တ႐ုတ္၊ ကိုရီးယားတို႔မွ အမ်ားဆုံးလာေရာက္ေလ့ရွိတယ္လို႔ သိရပါတယ္။

“ဧည့္ဝင္ေၾကးကို လက္ရွိအေနအထားကေန လာမယ့္ပြင့္လင္းရာသီမွာ တိုးျမႇင့္သတ္မွတ္ဖို႔ စီစဥ္ေနပါတယ္။ဘယ္ေလာက္သတ္မွတ္မယ္ ဆိုတာေတာ့ ေလာေလာဆယ္ ေျပာလို႔မရေသးပါဘူး၊ အခုက ေဆြးေႏြးတင္ျပတာေတြ လုပ္ေဆာင္ေနၾကတဲ့ အေျခအေနပါ၊ မၾကာခင္မွာေတာ့ အမ်ားသိေအာင္ ေၾကညာမွာပါ” လို႔ ေဂါပကအဖြဲ႕မွ ဦးသိန္းဦး က ရွင္းျပပါတယ္။

ထိုတိုးျမႇင့္ေကာက္ခံမယ့္ႏႈန္းကို ေငြ ၅၀၀၀ က်ပ္မွ ၁၀၀၀၀ က်ပ္ၾကားအတြင္း ႏႈန္းထားတစ္ခု သတ္မွတ္ရန္ လ်ာထားၿပီး ေအာက္တိုဘာ ၁ ရက္ေလာက္မွ စတင္တိုးျမႇင့္ရန္ စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။

ထိုေစတီေတာ္ႀကီးတြင္ ျမတ္စြာဘုရားရဲ႕ ဓာတ္ေတာ္မ်ား၊ အရွင္သာရိပုတၱရာ နဲ႔ အရွင္မဟာေမာဂၢလာန္ အဂၢသာဝက ရဟႏၲာျမတ္ႀကီး ႏွစ္ပါးတို႔ရဲ႕ ဓာတ္ေတာ္မ်ား ကိန္းဝပ္စံပယ္ေတာ္မူရာ ေစတီေတာ္လည္းျဖစ္သလို ဓာတ္ေတာ္မ်ားကို ေခါင္းေပၚတင္ကာ ပူေဇာ္ခြင့္ရတာေတြေၾကာင့္လည္း လာေရာက္ၾကည္ညိဳသူေတြ အမ်ားအျပားရွိလာေၾကာင္း၊ တစ္လလွ်င္ ပ်မ္းမွ် ကမာၻလွည့္ဦးေရ ေထာင္ဂဏန္းေလာက္ လာေရာက္ေလ့ရွိေၾကာင္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ - ၁၇