ကမ္ဘာအေးစေတီတော် အတွင်းပိုင်း ရွှေဇဝါယွန်းများဖြင့် ပြင်ဆင်ကပ်လှူနေ

ကမ္ဘာအေးစေတီတော် အတွင်းပိုင်း ရွှေဇဝါယွန်းများဖြင့် ပြင်ဆင်ကပ်လှူနေ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ရဲ့ အတွင်းပိုင်းမှာ မှန်ကြမ်းစီ ဆေးသွင်းထားတဲ့ နေရာတွေကို ရွှေဇဝါယွန်းတွေနဲ့ ပြောင်းလဲကပ်လှူ ပူဇော်နေတယ်လို့ ဂေါပကအဖွဲ့မှ သိရပါတယ်။

အဆိုပါ ရွှေဇဝါယွန်း လက်ရာတွေဟာ ရှေးဟောင်းယွန်းပညာ လက်ရာမျိုးတွေ ဖြစ်တဲ့အပြင် လေဒဏ်မိုးဒဏ် မထိခိုက်အောင် ထားနိုင်ပါက အနှစ် ၄၀ လောက်ရှိအောင် ခံနိုင်ရည်ရှိတဲ့ဟာမျိုးတွေလည်း ဖြစ်သလို အမြင်အားဖြင့်လည်း တင့်တယ်တာကြောင့် အသုံးပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီအတွင်းပိုင်း နံရံတွေမှာတော့ အရင်တုန်းကဆိုရင် မှန်ကြမ်းစီ ဆေးသွင်းတာတွေနဲ့ ကပ်လှူလုပ်ဆောင်ထားတဲ့အခါ နှစ်ကာလ ကြာမြင့်လာမှုနဲ့အတူ မှန်တွေကွာကျပြီး အမြင်မတင့်တယ်တာကြောင့် ပြုပြင်မှုတွေကို လုပ်ဆောင်တဲ့အခါ ရွှေဇဝါယွန်းတွေနဲ့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အခုလုပ်ဆောင်နေတဲ့ အစီအစဉ်ကို အဆင့်ငါးဆင့် သတ်မှတ်ကာ လုပ်ဆောင်နေတာဖြစ်ပြီး ဂန္ဓကုဋီတိုက် အပြင်လုံးတော်နဲ့ ပတ်လည်ပန်းဆွဲကို သုံးပေခွဲခန့် ဆွဲချပြီးတော့ ကပ်လှူပူဇော်နိုင်ခဲ့သလို ဆက်လက်လုပ်ဆောင်နေကာ လာမယ့် မတ်လမှာ ပြီးစီးဖို့လည်း မှန်းထားကြပါတယ်။

ထိုကပ်လှူမှု အစီအစဉ်တွေမှာ ဘုရားဖူးပြည်သူများအနေဖြင့် စေတနာသဒ္ဒါတရား ရှိသလောက် ပါဝင်လှူဒါန်းနိုင်ကြသလို တစ်ပေပတ်လည် ရွှေဇဝါယွန်းကို ငွေကျပ် ၃၃၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ဖို့ကိုလည်း ဂေါပကအဖွဲ့မှ ဖိတ်ခေါ်ထားပါတယ်။

အဲ့ဒီ ရွှေဇဝါယွန်းနည်းပညာဟာ လွန်ခဲ့တဲ့ အေဒီ ၁၃-၁၄ ရာစု လောက်ကတည်းက ပေါ်ထွန်းခဲ့ပြီး ဒီကနေ့အထိတိုင်အောင် အဆင့်မြှင့်တင်မှုတွေနဲ့ အသုံးပြုတဲ့ နည်းပညာလည်းဖြစ်သလို မြင်ရသူအဖို့ အမြင်ဆန်းကာ တင့်တယ်သော အခြေအနေမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၈

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္မွာရွိတဲ့ သီရိမဂၤလာ ကမာၻေအးေစတီေတာ္ရဲ႕ အတြင္းပိုင္းမွာ မွန္ၾကမ္းစီ ေဆးသြင္းထားတဲ့ ေနရာေတြကို ေ႐ႊဇဝါယြန္းေတြနဲ႔ ေျပာင္းလဲကပ္လႉ ပူေဇာ္ေနတယ္လို႔ ေဂါပကအဖြဲ႕မွ သိရပါတယ္။

အဆိုပါ ေ႐ႊဇဝါယြန္း လက္ရာေတြဟာ ေရွးေဟာင္းယြန္းပညာ လက္ရာမ်ိဳးေတြ ျဖစ္တဲ့အျပင္ ေလဒဏ္မိုးဒဏ္ မထိခိုက္ေအာင္ ထားႏိုင္ပါက အႏွစ္ ၄၀ ေလာက္ရွိေအာင္ ခံႏိုင္ရည္ရွိတဲ့ဟာမ်ိဳးေတြလည္း ျဖစ္သလို အျမင္အားျဖင့္လည္း တင့္တယ္တာေၾကာင့္ အသုံးျပဳလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီအတြင္းပိုင္း နံရံေတြမွာေတာ့ အရင္တုန္းကဆိုရင္ မွန္ၾကမ္းစီ ေဆးသြင္းတာေတြနဲ႔ ကပ္လႉလုပ္ေဆာင္ထားတဲ့အခါ ႏွစ္ကာလ ၾကာျမင့္လာမႈနဲ႔အတူ မွန္ေတြကြာက်ၿပီး အျမင္မတင့္တယ္တာေၾကာင့္ ျပဳျပင္မႈေတြကို လုပ္ေဆာင္တဲ့အခါ ေ႐ႊဇဝါယြန္းေတြနဲ႔ ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

အခုလုပ္ေဆာင္ေနတဲ့ အစီအစဥ္ကို အဆင့္ငါးဆင့္ သတ္မွတ္ကာ လုပ္ေဆာင္ေနတာျဖစ္ၿပီး ဂႏၶကုဋီတိုက္ အျပင္လုံးေတာ္နဲ႔ ပတ္လည္ပန္းဆြဲကို သုံးေပခြဲခန႔္ ဆြဲခ်ၿပီးေတာ့ ကပ္လႉပူေဇာ္ႏိုင္ခဲ့သလို ဆက္လက္လုပ္ေဆာင္ေနကာ လာမယ့္ မတ္လမွာ ၿပီးစီးဖို႔လည္း မွန္းထားၾကပါတယ္။

ထိုကပ္လႉမႈ အစီအစဥ္ေတြမွာ ဘုရားဖူးျပည္သူမ်ားအေနျဖင့္ ေစတနာသဒၵါတရား ရွိသေလာက္ ပါဝင္လႉဒါန္းႏိုင္ၾကသလို တစ္ေပပတ္လည္ ေ႐ႊဇဝါယြန္းကို ေငြက်ပ္ ၃၃၀၀၀ ႏႈန္းျဖင့္ လႉဒါန္းႏိုင္ဖို႔ကိုလည္း ေဂါပကအဖြဲ႕မွ ဖိတ္ေခၚထားပါတယ္။

အဲ့ဒီ ေ႐ႊဇဝါယြန္းနည္းပညာဟာ လြန္ခဲ့တဲ့ ေအဒီ ၁၃-၁၄ ရာစု ေလာက္ကတည္းက ေပၚထြန္းခဲ့ၿပီး ဒီကေန႔အထိတိုင္ေအာင္ အဆင့္ျမႇင့္တင္မႈေတြနဲ႔ အသုံးျပဳတဲ့ နည္းပညာလည္းျဖစ္သလို ျမင္ရသူအဖို႔ အျမင္ဆန္းကာ တင့္တယ္ေသာ အေျခအေနမ်ိဳးလည္း ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၈