S-400 ဝယ်ယူမှု အမေရိကန်ပိတ်ဆို့လျှင် အမေရိကန်၏ Incirlikလေတပ်စခန်းပိတ်သိမ်းမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးခြိမ်းခြောက်

S-400 ဝယ်ယူမှု အမေရိကန်ပိတ်ဆို့လျှင် အမေရိကန်၏ Incirlik လေတပ်စခန်း ပိတ်သိမ်းမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ခြိမ်းခြောက်

ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်ဝယ်ယူမှုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူတာတွေလုပ်မယ်ဆိုရင် တူရကီအနေနဲ့ Incirlikလေတပ်စခန်းကို ပိတ်သိမ်းနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

အမေရိကန်လုပ် ပက်ထရီရော့မစ်ဆိုင်းဒုံးခွင်းစနစ်တွေဝယ်ယူရရှိဖို့အတွက်နဲ့ ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်တွေကို စွန့်လွှတ် မှာမဟုတ်ဘူးလို့ တူရကီသမ္မတရစ်ချက်တိုင်ယစ်အာဒိုဂန်က အစောပိုင်းပြောကြားခဲ့ပါတယ်။ ရုရှားလုပ် S-400 မစ်ဆိုင်းဝယ်ယူမှုကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်က တူရကီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ရှေ့ဆက်လုပ်နေမယ်ဆိုရင် Incirlikလေတပ်စခန်းကနေ အမေရိကန်တွေ ထွက်ခွာသွားရလိမ့်မယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusogluကလည်း ထုတ်ပြန်ပါတယ်။ ‘အဆိုးဆုံးအနေအထားဖြစ်လာရင်၊ အမေရိကန်ဘက်က တူရကီအပေါ် ပိတ်ဆို့မှုချမှတ်မယ်ဆိုရင် Incirlikနဲ့ Kurecikစခန်းတွေအကြောင်း ထည့်သွင်းစဉ်းစားနိုင်တယ်’လို့ မစ္စတာ Cavusogluက ဆိုလိုက်ပါတယ်။

တူရကီနိုင်ငံအရှေ့တောင်ပိုင်း Malatyaပြည်နယ်မှာရှိတဲ့ Kurecikစခန်းမှာ ၂၀၁၂ခုနှစ်ကစလို့ NATOတပ်ဖွဲ့ရဲ့မစ်ဆိုင်းအချက်ပေးဒုံးခွင်းစနစ် တပ်ဖြန့်ထားပါတယ်။ အဲဒီတပ်ဖြန့်မှုလည်ပတ်ရေးအတွက် အမေရိကန်စစ်တပ်က တာဝန်ယူနေတာဖြစ်ပါတယ်။ NATOအဖွဲ့က အကြမ်းဖက် အန္တရာယ်ကနေ တူရကီကို မကာကွယ်နိုင်သရွေ့ ဘောလ်တစ်ကျွန်းနိုင်ငံတွေကို ကာကွယ်နေတဲ့ NATOရဲ့အစီအစဉ်အပေါ် မထောက်ခံဘူး လို့လည်း မစ္စတာ Cavusogluက ထပ်လောင်းပြောပါတယ်။  

ပြီးခဲ့တဲ့နိုဝင်ဘာလထဲ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်နဲ့တွေ့ဆုံမှုအပြီး၊ သမ္မတအာဒိုဂန်က ရုရှားလုပ် S-400မစ်ဆိုင်းခွင်းစနစ်တွေမဝယ်ဖို့ အမေရိကန်ရဲ့တောင်းဆိုမှုကို တိုင်းပြည်အချုပ်အခြာအာဏာထိပါးမှုအဖြစ် ယူဆတယ်ဆိုပြီးတော့လည်း ပြောခဲ့ဖူးပါတယ်။

ရည်မွန်
Sputniknews
အန်ကာရာ၊ ဒီဇင်ဘာ ၁၂

(  Zawgyi  )

 ႐ုရွားလုပ္ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္ဝယ္ယူမႈအေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူတာေတြလုပ္မယ္ဆိုရင္ တူရကီအေနနဲ႔ Incirlikေလတပ္စခန္းကို ပိတ္သိမ္းႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

အေမရိကန္လုပ္ ပက္ထရီေရာ့မစ္ဆိုင္းဒုံးခြင္းစနစ္ေတြဝယ္ယူရရွိဖို႔အတြက္နဲ႔ ႐ုရွားလုပ္ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္ေတြကို စြန႔္လႊတ္ မွာမဟုတ္ဘူးလို႔ တူရကီသမၼတရစ္ခ်က္တိုင္ယစ္အာဒိုဂန္က အေစာပိုင္းေျပာၾကားခဲ့ပါတယ္။ ႐ုရွားလုပ္ S-400 မစ္ဆိုင္းဝယ္ယူမႈကို တုံ႔ျပန္တဲ့ အေနနဲ႔ အေမရိကန္က တူရကီကို ပိတ္ဆို႔အေရးယူမႈေတြလုပ္ဖို႔ ေရွ႕ဆက္လုပ္ေနမယ္ဆိုရင္ Incirlikေလတပ္စခန္းကေန အေမရိကန္ေတြ ထြက္ခြာသြားရလိမ့္မယ္လို႔ တူရကီႏိုင္ငံျခားေရးဝန္ႀကီး Mevlut Cavusogluကလည္း ထုတ္ျပန္ပါတယ္။ ‘အဆိုးဆုံးအေနအထားျဖစ္လာရင္၊ အေမရိကန္ဘက္က တူရကီအေပၚ ပိတ္ဆို႔မႈခ်မွတ္မယ္ဆိုရင္ Incirlikနဲ႔ Kurecikစခန္းေတြအေၾကာင္း ထည့္သြင္းစဥ္းစားႏိုင္တယ္’လို႔ မစၥတာ Cavusogluက ဆိုလိုက္ပါတယ္။

တူရကီႏိုင္ငံအေရွ႕ေတာင္ပိုင္း Malatyaျပည္နယ္မွာရွိတဲ့ Kurecikစခန္းမွာ ၂၀၁၂ခုႏွစ္ကစလို႔ NATOတပ္ဖြဲ႕ရဲ႕မစ္ဆိုင္းအခ်က္ေပးဒုံးခြင္းစနစ္ တပ္ျဖန႔္ထားပါတယ္။ အဲဒီတပ္ျဖန႔္မႈလည္ပတ္ေရးအတြက္ အေမရိကန္စစ္တပ္က တာဝန္ယူေနတာျဖစ္ပါတယ္။ NATOအဖြဲ႕က အၾကမ္းဖက္ အႏၲရာယ္ကေန တူရကီကို မကာကြယ္ႏိုင္သေ႐ြ႕ ေဘာလ္တစ္ကြၽန္းႏိုင္ငံေတြကို ကာကြယ္ေနတဲ့ NATOရဲ႕အစီအစဥ္အေပၚ မေထာက္ခံဘူး လို႔လည္း မစၥတာ Cavusogluက ထပ္ေလာင္းေျပာပါတယ္။  

ၿပီးခဲ့တဲ့ႏိုဝင္ဘာလထဲ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္နဲ႔ေတြ႕ဆုံမႈအၿပီး၊ သမၼတအာဒိုဂန္က ႐ုရွားလုပ္ S-400မစ္ဆိုင္းခြင္းစနစ္ေတြမဝယ္ဖို႔ အေမရိကန္ရဲ႕ေတာင္းဆိုမႈကို တိုင္းျပည္အခ်ဳပ္အျခာအာဏာထိပါးမႈအျဖစ္ ယူဆတယ္ဆိုၿပီးေတာ့လည္း ေျပာခဲ့ဖူးပါတယ္။

ရည္မြန္
Sputniknews
အန္ကာရာ၊ ဒီဇင္ဘာ ၁၂