【 နိုင်ငံတကာ 】START စာချုပ်အရ အစစ်ဆေးခံမှုများ ရုရှားယာယီရပ်ဆိုင်း

【 နိုင်ငံတကာ 】START စာချုပ်အရ အစစ်ဆေးခံမှုများ ရုရှားယာယီရပ်ဆိုင်း

သေနင်္ဂဗျူဟာလက်နက်များလျှော့ချရေးသဘောတူစာချုပ်သစ် (New START) အရ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ဆေးခွင့်အား ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ရုရှားသည် မိမိတို့ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ထိုစာချုပ်အရ စစ်ဆေးခံခြင်းမှ ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုသို့ တရားဝင်အကြောင်းကြားခဲ့သည်” ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာ ချက်တွင် ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုသည် မျှတမှုမရှိသည့် အခြေအနေများတွင် စစ်ဆေးမှု ပြုလုပ်ရန် အမြဲတစေ အကြိမ်ကြိမ်ကြိုးစားသော်ကြောင့် ထိုသို့ ယာယီဆိုင်းငံ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နေသောကြောင့် အမေရိကန်က အသာရနေချိန်အတွင်းတွင် ရုရှားအရာရှိများ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်စစ်ဆေးနိုင်ခြင်း မရှိအောင်လည်း ပြုလုပ်ထားသောကြောင့် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေါ်ပြခဲ့ပါတယ်။

ဝါရှင်တန်က ချမှတ်ထားသည့် ရုရှားဆန့်ကျင်ရေး ကန့်သတ်ချက်များကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ရုရှားအကြား ခရီးစဉ်များ ပြတ်တောက်ကုန်ပြီး ရုရှားစစ်ဆေးရေးအဖွဲ့များသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မရတော့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နှစ်ဘက်စလုံးအနေဖြင့် မလိုအပ်ဘဲ စစ်ဆေးမှုများ အလျှင်အမြန်စတင်ရန် ကြိုးစားခြင်းကို စွန်လွတ်ပြီး ထိုနယ်ပယ်မှ လက်ရှိပြဿနာများကို ဖယ်ရှားရန် အာရုံစိုက်ရမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ယခုအစီအမံသည် ယာယီသာဖြစ်ပြီး လက်ရှိပြဿနာများ ဖြေရှင်းပြီးပါက ထိုအစီအမံများကို ဖျက်သိမ်းမည်ဟုလည်း ဖေါ်ပြခဲ့ပါတယ်။

Linko

Ref: CMG

မော်စကို၊ ဩဂုတ် ၁၀