【 နိုင်ငံတကာ 】3D နည်းသုံးကာ သေနတ်ထုတ်လုပ်နိုင်ခဲ့သဖြင့် သေနတ်ပြန်ဝယ်ယူရေးစည်းကမ်းကို ပြန်သတ်မှတ်ခဲ့ရ

【 နိုင်ငံတကာ 】3D နည်းသုံးကာ သေနတ်ထုတ်လုပ်နိုင်ခဲ့သဖြင့် သေနတ်ပြန်ဝယ်ယူရေးစည်းကမ်းကို ပြန်သတ်မှတ်ခဲ့ရ

နယူးယောက်ပြည်နယ် ရှေ့ချုပ်ဟာ ပြည်နယ်ရဲ့သေနတ်ပြန်ဝယ်ရေးအစီအစဉ်၏ စည်းကမ်းတချို့ကို ပြောင်းလဲခဲ့ပါတယ်။ သေနတ်ဝယ်ယူသူများဟာ သေနတ်အပိုင်းအစတချို့ကို 3D နည်းပညာဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ထိုသေနတ်ကို ကန်ဒေါ်လာ ၂၁၀၀၀ ဖြင့် လဲလှယ်ရောင်းဝယ်နိုင်သောကြောင့် သေနတ်ပြန်လည်ဝယ်ယူမှု စည်းကမ်းများကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ထိုကဲ့သို့ သေနတ်ရောင်းဝယ်မှု ပြုလုပ်သူဟာ အနောက် ဗာဂျင်းနီးယာကနေ လာပြီး ဩဂုတ် ၂၇ ရက် နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် သေနတ်အဟောင်းကို ဝယ်ယူခဲ့ပါတယ်။ အစိုးရ၏ လွဲမှားနေသော စနစ်ကို အသုံးချခဲ့ပြီး သူဟာ သေနတ်များကို 3D နည်းပညာအသုံးပြုပြီး လိုအပ်သော အပိုင်းအစများကို ကိုယ်တိုင်ထုတ်လို့ရကြောင်းကို သက်သေပြခဲ့ပါတယ်။

ရောင်းသူဟာ သေးငယ်သော အပိုင်းအစများဖြင့် ပြန်လည် ပြင်ဆင်မှုပြုလုပ်ပြီး အော်တိုသေနတ် တစ်လက်အထိတောင် ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။ ပြန်လည်ဝယ်ယူမှု စည်းကမ်းများအရ သေနတ်ကို ပြန်လည်ဝယ်ယူပြီး 3D နည်းပညာ အသုံးပြုကာ အပိုင်းအစများကို ပြန်လည် ထုတ်လုပ်တဲ့သူကို သေနတ်အပိုင်းအစတစ်ခု အတွက် ကန်ဒေါ်လာ ၃၅၀ အထိ ဒဏ်ရိုက်ခဲ့ပြီး သေနတ်၏ လိုင်စင်နံပါတ်မရှိသောကြောင့် သရဲသေနတ် ဟု သတ်မှတ်ကာ နောက်ထပ် ဒဏ်ငွေများကိုလည်း ဆောင်စေခဲ့ပါတယ်။

ထိုကဲ့သို့ သေနတ်များ ပြန်လည်ဝယ်ယူကာ ပြင်ဆင်ထုတ်လုပ်ခဲ့သောသူ၏ ပြောကြားချက်အရ သူဟာ ထိုကဲ့သို့ သေနတ်များကို ပြုပြင်ပြီး စီးပွားရှာလိုခြင်းမဟုတ်ပဲ လူအများကို သတိပေးချင်လိုသောကြောင့် ခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ထိုအမျိုးသားက ပြောပါတယ်။

“ဒီလူပုဂ္ဂိုလ်ဟာ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝန်းကို ကာကွယ်နိုင်ဖို့ရန် ထောင်ပေါင်းများစွာသော သေနတ်များကို လမ်းပေါ်ကနေ ပြန်လည်ရုပ်သိမ်းခံနိုင်ခဲ့တဲ့ စနစ်ရဲ့ အားနည်းချက်ကို ကောင်းကောင်းအသုံးပြုခဲ့တယ်ဆိုတာ အရမ်းကို ရှက်ဖို့ကောင်းပါတယ်” ဟု ရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သေနတ်များ ပြန်လည်ဝယ်ယူရေးဆိုတာ လမ်းပေါ်ကနေ သေနတ်များကို သိမ်းဆည်းနိုင်ရန် အစိုးရအသုံးပြုများသော နည်းလမ်းဖြစ်ပါတယ်။ အထူးသဖြင့် လမ်းပေါ်က တရားမဝင် သေနတ်ကိုင်ဆောင်သူများ သူတို့၏ သေနတ်များကို ပြန်လည်အပ်နှံခြင်းဖြင့် ပြစ်မှုတချို့ကိုလည်း ပေါ့လျော့ပေးမည်ဟု ရဲများက စည်းရုံးခဲ့ပါတယ်။

ခုလို သေနတ်ပြန်လည်ဝယ်ယူမှု စည်းကမ်းများ ပြောင်းလဲလိုက်ခြင်းဟာ တရားမဝင်သေနတ်များ ပပျောက်ရေးရှည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်၏ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကြေညာချက်အရ ဖယ်ဒရယ်ဥပဒေအောက်တွက် သေနတ်၏ အဓိပ္ပာယ်ကိုလည်း ပြင်ဆင်ခဲ့ပြီးနောက် ခုတော့ 3D နည်းပညာဖြင့် ထုတ်လုပ်ထားသော သေနတ်များကိုလည်း သေနတ်အဖြစ် သတ်မှတ်တော့မည်ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ ပြည်နယ်တိုင်းတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များနဲ့ အတူတူ ပူပေါင်းနေပြီး သေနတ် ပေါင်း ၃၅၀၀ ခန့်ကို ပြန်လည် ရရှိရန် ဆောင်ရွက်နေပါတယ်။ နယူးယောက်ပြည်သူများ၏ ဘေးကင်းလုံးခြုံမှု အတွက် လူတစ်ယောက်ရဲ့ လောဘကြီးက ကျွန်တော်တို့ရဲ့ အလုပ်ကို အဟန့်အတားအဖြစ်စေလိမ့်မည် မဟုတ်ပါဘူး” ဟု ရှေ့နေချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

Naing

Ref: Theguardian

နယူးယောက်၊ အောက်တိုဘာ ၁၇