【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၀

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေးကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပါတီဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ရှီကျင့်ဖျင်က မက်ခရိုမူဝါဒ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်ထားသော မြေယာစီမံခန့်ခွဲရေးစနစ်ကို တည်ဆောက်ပြီး ပိုမိုပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော ဒေသများအတွက် မြေယာများဆိုင်ရာ အာမခံပေး စွမ်းဆောင်မှု စွမ်းအားကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် လူမှုရေး အစိမ်းရောင်အဖြစ် အသွင်ကူးပြောင်းမှု တိုးမြှင့်ပေးခြင်းသည် သယံဇာတ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ဂေဟစနစ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အခြေခံမူပင်ဖြစ်ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဘက်အသီးသီးမှာ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် သိပ္ပံနည်းပညာနှင့် စီးပွားရေးကို နက်ရှိုင်းစွာ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထင်ရှားသော ပြဿနာများကို ထိန်းချုပ်ဖြေရှင်းပေးရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် ဇောက်ချပြုလုပ်ကာ ဘက်စုံဆန်းသစ်တီထွင်ရေး အခြေခံစနစ်များကို ပိုမိုလျင်မြန်စွာ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါတယ်။