【 နိုင်ငံတကာ 】 ကာကွယ်ရေးနှင့် သေနင်္ဂဗျူဟာ ဆက်ဆံရေးမြှင့်တင်ရန် အိန္ဒိယနှင့် သြစတြေးလျ ဆွေးနွေးမည်

【 နိုင်ငံတကာ 】 ကာကွယ်ရေးနှင့် သေနင်္ဂဗျူဟာ ဆက်ဆံရေးမြှင့်တင်ရန် အိန္ဒိယနှင့် သြစတြေးလျ ဆွေးနွေးမည်

နယူးဒေလီ၊ နိုဝင်ဘာ - ၂၀

အိန္ဒိယနှင့် သြစတြေးလျတို့သည် သေနင်္ဂဗျူဟာ၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ဆက်ဆံရေး မြှင့်တင်ရန် တနင်္လာနေ့တွင် နယူးဒေလီတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းနှင့် ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလက်စ်တို့သည် ဒုတိယအကြိမ်မြောက် ၂+၂ အစည်းအဝေးအတွက် ရောက်ရှိနေပြီး ၎င်းတို့သည် ဒေသတွင်းနှင့် ကမ္ဘာ့ပြဿနာများကို ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဘက်အငယ်စားနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တောင့်တင်းရေးအတွက် ဦးစားပေးအမြင်များကို ဖလှယ်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။

အိန္ဒိယသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့ကို ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး မကြာမီ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံခြင်းဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP