【 နိုင်ငံတကာ 】၂၀၂၁ ခုနှစ်အတွင်း အုပ်စုလိုက်ကိုရိုနာဗိုင်းရပ်စ် ခံနိုင်ရည် မဖြစ်နိုင်ကြောင်း WHO သတိပေး

【  နိုင်ငံတကာ 】၂၀၂၁ ခုနှစ်အတွင်း အုပ်စုလိုက်ကိုရိုနာဗိုင်းရပ်စ် ခံနိုင်ရည် မဖြစ်နိုင်ကြောင်း WHO သတိပေး

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရပ်တန့်စေရန် နိုင်ငံပေါင်းများစွာတွင် ကာကွယ်ဆေးအစီအစဉ်များ စတင်နေသော်လည်း ယခုနှစ်အတွင် အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည် ဖြစ်ပေါ်ရန်အလားအလာလွန်စွာနည်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ သိပ္ပံပညာရှင်များ ပြောကြားလိုက်သည်။

နိုင်ငံများနှင့် ပြည်သူများအနေဖြင့် ကြိုမြင်နိုင်သည့် အနာဂါတ်ကာလအတွင်း တင်းကျပ်သည့် လူမှုခွဲခြားနေထိုင်ရေးနှင့် အခြားကူးစက်မှုထိန်းချုပ်ရေး အစီအမံများကို ဆက်လက်ထိန်းသိမ်းထားရန်လိုကြောင်း တနင်္လာနေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Dr. Soumya Swaminathan ပြောသည်။ မကြာသေးမီ ရက်သတ္တပါတ်များအတွင်း ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမဏီ၊ အစ္စရေး၊ နယ်သာလန်နှင့်အခြားနိုင်ငံအများအပြားတွင် နိုင်ငံသားသန်းပေါင်းများစွာကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ စတင် ထိုးပေးခဲ့ကြသည်။

"ကာကွယ်ဆေးတွေက ထိခိုက်အလွယ်ဆုံးသူတွေကို စတင်အကာအကွယ်ပေးနေတာတောင်မှ ၂၀၂၁ ခုနှစ်အတွင်း  ကျနော်တို့မှာ အုပ်စုလိုက်ရောဂါခံနိုင်ရည်ဖြစ်ဖို့ မလွယ်ဘူး။ အုပ်စုလိုက်ရောဂါခံနိုင်ရည်က ဖြစ်လာရင်တောင် နိုင်ငံအနည်းငယ်မှာပဲဖြစ်လာမယ်။ တကမ္ဘာလုံးက လူတွေကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟုသူပြောသည်။

အားလုံးအတွက် ရောဂါမှ အကာအကွယ်ရမည့် အုပ်စုလိုက်ခံနိုင်ရည်ဖြစ်ပေါ်ရေးအတွက် ထုံးစံအားဖြင့် လူဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန်ရန်လိုကြောင်း သိပ္ပံပညာရှင်များ ခန့်မှန်းသည်။ သို့သော် လွန်စွာကူးစက်လွယ်သော ကိုဗစ်နိုင်တင်း၏ သဘောသဘာဝကြောင့် ထိုရာခိုင်နှုန်းထက်များစွာ ပိုမိုလိုအပ်မည်ကို စိုးရိမ်နေကြသည်။

ပိုမိုဆင်းရဲသော နိုင်ငံအချို့တွင် ယခုလနှောင်းပိုင်း သို့မဟုတ် ဖေဖေါ်ဝါရီအတွင်း ကာကွယ်ဆေးများ စတင်ထိုးပေးနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွုန်ကြားရေးမှူးချုပ်၏ အကြံပေး ဒေါက်တာ ဘရုစ် အေးလ်ဝါဒ်ပြောပြီး နိုင်ငံအားလုံး ကာကွယ်ဆေးရရှိရေးအတွက် ပိုမိုလုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝန်းသို့ တောင်းဆိုသည်။

 

Linko
Ref:CGTN
ဂျနီဗာ ၊ဇန်နဝါရီ  ၁၂

 

(  Zawgyi  )

 

 ကိုဗစ္-၁၉ ဗိုင္းရပ္စ္ရပ္တန႔္ေစရန္ ႏိုင္ငံေပါင္းမ်ားစြာတြင္ ကာကြယ္ေဆးအစီအစဥ္မ်ား စတင္ေနေသာ္လည္း ယခုႏွစ္အတြင္ အုပ္စုလိုက္ ကို႐ိုနာဗိုင္းရပ္စ္ခံႏိုင္ရည္ ျဖစ္ေပၚရန္အလားအလာလြန္စြာနည္းေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO မွ သိပၸံပညာရွင္မ်ား ေျပာၾကားလိုက္သည္။

ႏိုင္ငံမ်ားႏွင့္ ျပည္သူမ်ားအေနျဖင့္ ႀကိဳျမင္ႏိုင္သည့္ အနာဂါတ္ကာလအတြင္း တင္းက်ပ္သည့္ လူမႈခြဲျခားေနထိုင္ေရးႏွင့္ အျခားကူးစက္မႈထိန္းခ်ဳပ္ေရး အစီအမံမ်ားကို ဆက္လက္ထိန္းသိမ္းထားရန္လိုေၾကာင္း တနလၤာေန႔ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ Dr. Soumya Swaminathan ေျပာသည္။ မၾကာေသးမီ ရက္သတၱပါတ္မ်ားအတြင္း ၿဗိတိန္၊ အေမရိကန္ျပည္ေထာင္စု၊ ျပင္သစ္၊ ကေနဒါ၊ ဂ်ာမဏီ၊ အစၥေရး၊ နယ္သာလန္ႏွင့္အျခားႏိုင္ငံအမ်ားအျပားတြင္ ႏိုင္ငံသားသန္းေပါင္းမ်ားစြာကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား စတင္ ထိုးေပးခဲ့ၾကသည္။

"ကာကြယ္ေဆးေတြက ထိခိုက္အလြယ္ဆုံးသူေတြကို စတင္အကာအကြယ္ေပးေနတာေတာင္မွ ၂၀၂၁ ခုႏွစ္အတြင္း  က်ေနာ္တို႔မွာ အုပ္စုလိုက္ေရာဂါခံႏိုင္ရည္ျဖစ္ဖို႔ မလြယ္ဘူး။ အုပ္စုလိုက္ေရာဂါခံႏိုင္ရည္က ျဖစ္လာရင္ေတာင္ ႏိုင္ငံအနည္းငယ္မွာပဲျဖစ္လာမယ္။ တကမာၻလုံးက လူေတြကို အကာအကြယ္ေပးႏိုင္မွာ မဟုတ္ဘူး" ဟုသူေျပာသည္။

အားလုံးအတြက္ ေရာဂါမွ အကာအကြယ္ရမည့္ အုပ္စုလိုက္ခံႏိုင္ရည္ျဖစ္ေပၚေရးအတြက္ ထုံးစံအားျဖင့္ လူဦးေရ၏ အနည္းဆုံး ၇၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးရန္ရန္လိုေၾကာင္း သိပၸံပညာရွင္မ်ား ခန႔္မွန္းသည္။ သို႔ေသာ္ လြန္စြာကူးစက္လြယ္ေသာ ကိုဗစ္ႏိုင္တင္း၏ သေဘာသဘာဝေၾကာင့္ ထိုရာခိုင္ႏႈန္းထက္မ်ားစြာ ပိုမိုလိုအပ္မည္ကို စိုးရိမ္ေနၾကသည္။

ပိုမိုဆင္းရဲေသာ ႏိုင္ငံအခ်ိဳ႕တြင္ ယခုလေႏွာင္းပိုင္း သို႔မဟုတ္ ေဖေဖၚဝါရီအတြင္း ကာကြယ္ေဆးမ်ား စတင္ထိုးေပးႏိုင္မည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ ၫြဳန္ၾကားေရးမႉးခ်ဳပ္၏ အႀကံေပး ေဒါက္တာ ဘ႐ုစ္ ေအးလ္ဝါဒ္ေျပာၿပီး ႏိုင္ငံအားလုံး ကာကြယ္ေဆးရရွိေရးအတြက္ ပိုမိုလုပ္ေဆာင္ရန္ ႏိုင္ငံတကာ အသိုင္းအဝန္းသို႔ ေတာင္းဆိုသည္။

Linko
Ref:CGTN
ဂ်နီဗာ ၊ဇန္နဝါရီ  ၁၂