【 နိုင်ငံတကာ 】အီရန်နှင့် အယ်လ်ကိုင်ဒါ အဆက်အသွယ်ကို ပွမ်ပီယို ဖေါ်ထုတ်နိုင်ခြေရှိနေ

【  နိုင်ငံတကာ 】အီရန်နှင့် အယ်လ်ကိုင်ဒါ အဆက်အသွယ်ကို ပွမ်ပီယို ဖေါ်ထုတ်နိုင်ခြေရှိနေ

အီရန်နှင့်အယ်လ်ကိုင်ဒါအကြား အဆက်အသွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ် ပီယိုက မကြာသေးမီက လျှို့ဝှက်အဆင့်မှပယ်ဖျက်လိုက်သည့် ထောက်လှမ်းရေးမှတ်တမ်းကို ကိုးကားပြီး အင်္ဂါနေ့တွင် ထုတ်ဖေါ်စွပ်စွဲရန် စီစဉ်နေကြောင်း ထိုကိစ္စကို သိရှိသော လူနှစ်ဦးကပြောသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘိုင်ဒင်အစိုးရသစ်သို့ အာဏာလွှဲပြောင်းခြင်း မပြုမီ အီရန်အားနောက်ဆုံး တိုက်ခိုက်မှုအစီအစဉ်များအနက် တခုဖြစ်သည်ဟု ဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်၏ ရာထူးသက်တမ်း ၈ ရက်သာကျန်တော့ချိန်တွင် ပွမ်ပီယိုက အီရန်သည် အယ်လ်ကိုင်ဒါ ခေါင်းဆောင်များကို ခိုလှုံ့ခွင့်ပေးထားပြီး ထောက်ခံနေကြောင်း စွပ်စွချက်အသေးစိတ်များကို ထုတ်ဖေါ်ပြောဆိုမည်ဟု မျှော်လင့်ရသည်။ ပွမ်ပီယိုသည် အင်္ဂါနေ့တွင် ဝါရှင်တန် အမျိုးသားသတင်းကလပ်တွင်ပြောကြားမည့် မိန့်ခွန်းတွင် မည်မျှထုတ်ဖေါ်ပြောဆိုမည်ကို ရုတ်တရက်မသိရသေးပေ။ အယ်လ်ကိုင်ဒါ ဒုတိယခေါင်းဆောင်ဟု သံသယရှိသူကို သြဂုတ်လက အီရန်တွင်သတ်ဖြတ်ခဲ့ခြင်းကို သူထုတ်ဖေါ်ပြောဆိုလိမ့်မည်ဟု အမည်မဖေါ်လိုသော ထိုသတင်းရင်းမြစ်ကဆိုသည်။

အာဖရိကရှိ အမေရိကန် သံရုံးများကို ၁၉၉၈ ခုနှစ်က ဖေါက်ခွဲရာတွင် နောက်ကွယ်မှ ကြိုးကိုင်သူ အဖြစ် စွပ်စွဲခံရသူ အဘူ မူဟာမက် အယ်လ် မာဆရီကို အီရန်တွင် အစ္စရေးထောက်လှမ်းရေးများက သတ် ဖြတ်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က နိုဝင်ဘာလတွင် ဖေါ်ပြခဲ့သည်။ အီရန်က ထိုသတင်းကို ငြင်းပယ်ပြီး အီရန်ပိုင်မြေတွင် မည်သည့် အယ်လ်ကိုင်ဒါမျှ မရှိကြောင်းပြောသည်။အီရန်နိုင်ငံ သည် ထရမ့်အစိုးရသက်တမ်းတလျှောက်လုံးတွင် ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ပွမ်ပီ ယိုကလည်း မကြာသေးမီရက်သတ္တပါတ်များအတွင်း အီရန်ကို ပိုမိုဖိအားပေးလာကာ နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေးကို လုပ်ဆောင်နေသည်။

ထရမ့်အစိုးရသည် သမ္မတရွေးချယ်ခံရသူ ဘိုင်ဒင် အစိုးရအနေဖြင့် အီရန်နှင့် ပြန်လည်ထိတွေ့ ဆက် ဆံခြင်းလုပ်ရန် နှင့် အီရန်ညူကလီးယား သဘောတူစာချုပ်တွင် ပြန်လည်ပါဝင်ရေး လုပ်ရန် ပိုမိုခက်ခဲအောင် လုပ် ဆောင်နေသည်ဟု ဘိုင်ဒင်၏ အကြံပေးများက ယုံကြည်ကြသည်။ "အီရန်တွေနဲ့ အယ်လ်ကိုင်ဒါ အတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကာလတွေရှိတယ်" ဟု ပွမ်ပီယိုက အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန အကြီးအကဲတာဝန်ထမ်းဆောင်စဉ် ၂၀၁၇ ခုနှစ်အောက်တိုဘာလက ပြောကြားခဲ့ဖူးသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က အမေရိကန်ကို အယ်လ်ကိုင်ဒါတိုက်ခိုက်မှုနှင့် အီရန်နိုင်ငံ ပတ် သက်နေသည့် ဘုရှ်အစိုးရ၏ အစောပိုင်းကစွပ်စွဲချက်များကို အယုံအကြည်မရှိကြသော်လည်း နှစ်အတန် ကြာသောအခါ အယ်လ်ကိုင်ဒါအဖွဲ့ဝင်များ အီရန်တွင် ပုန်းအောင်းနေသည်ဆိုသည့် သတင်းများ ပြန်လည် ထွက်ပေါ်လာပြန်သည်။

Linko
Ref: thenationalnews

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

 

(  Zawgyi  )

 

 အီရန္ႏွင့္အယ္လ္ကိုင္ဒါအၾကား အဆက္အသြယ္ရွိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ ပီယိုက မၾကာေသးမီက လွ်ိဳ႕ဝွက္အဆင့္မွပယ္ဖ်က္လိုက္သည့္ ေထာက္လွမ္းေရးမွတ္တမ္းကို ကိုးကားၿပီး အဂၤါေန႔တြင္ ထုတ္ေဖၚစြပ္စြဲရန္ စီစဥ္ေနေၾကာင္း ထိုကိစၥကို သိရွိေသာ လူႏွစ္ဦးကေျပာသည္။ ထိုသို႔လုပ္ေဆာင္ျခင္းသည္ ဘိုင္ဒင္အစိုးရသစ္သို႔ အာဏာလႊဲေျပာင္းျခင္း မျပဳမီ အီရန္အားေနာက္ဆုံး တိုက္ခိုက္မႈအစီအစဥ္မ်ားအနက္ တခုျဖစ္သည္ဟု ဆိုသည္။

သမၼတေဒၚနယ္ထရမ့္၏ ရာထူးသက္တမ္း ၈ ရက္သာက်န္ေတာ့ခ်ိန္တြင္ ပြမ္ပီယိုက အီရန္သည္ အယ္လ္ကိုင္ဒါ ေခါင္းေဆာင္မ်ားကို ခိုလႈံ႕ခြင့္ေပးထားၿပီး ေထာက္ခံေနေၾကာင္း စြပ္စြခ်က္အေသးစိတ္မ်ားကို ထုတ္ေဖၚေျပာဆိုမည္ဟု ေမွ်ာ္လင့္ရသည္။ ပြမ္ပီယိုသည္ အဂၤါေန႔တြင္ ဝါရွင္တန္ အမ်ိဳးသားသတင္းကလပ္တြင္ေျပာၾကားမည့္ မိန႔္ခြန္းတြင္ မည္မွ်ထုတ္ေဖၚေျပာဆိုမည္ကို ႐ုတ္တရက္မသိရေသးေပ။ အယ္လ္ကိုင္ဒါ ဒုတိယေခါင္းေဆာင္ဟု သံသယရွိသူကို ၾသဂုတ္လက အီရန္တြင္သတ္ျဖတ္ခဲ့ျခင္းကို သူထုတ္ေဖၚေျပာဆိုလိမ့္မည္ဟု အမည္မေဖၚလိုေသာ ထိုသတင္းရင္းျမစ္ကဆိုသည္။

အာဖရိကရွိ အေမရိကန္ သံ႐ုံးမ်ားကို ၁၉၉၈ ခုႏွစ္က ေဖါက္ခြဲရာတြင္ ေနာက္ကြယ္မွ ႀကိဳးကိုင္သူ အျဖစ္ စြပ္စြဲခံရသူ အဘူ မူဟာမက္ အယ္လ္ မာဆရီကို အီရန္တြင္ အစၥေရးေထာက္လွမ္းေရးမ်ားက သတ္ ျဖတ္ခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္က ႏိုဝင္ဘာလတြင္ ေဖၚျပခဲ့သည္။ အီရန္က ထိုသတင္းကို ျငင္းပယ္ၿပီး အီရန္ပိုင္ေျမတြင္ မည္သည့္ အယ္လ္ကိုင္ဒါမွ် မရွိေၾကာင္းေျပာသည္။အီရန္ႏိုင္ငံ သည္ ထရမ့္အစိုးရသက္တမ္းတေလွ်ာက္လုံးတြင္ ပစ္မွတ္ထားတိုက္ခိုက္ခံေနရၿပီး ပြမ္ပီ ယိုကလည္း မၾကာေသးမီရက္သတၱပါတ္မ်ားအတြင္း အီရန္ကို ပိုမိုဖိအားေပးလာကာ ေနာက္ထပ္အေရးယူ ပိတ္ဆို႔မႈမ်ား ခ်မွတ္ေရးကို လုပ္ေဆာင္ေနသည္။

ထရမ့္အစိုးရသည္ သမၼတေ႐ြးခ်ယ္ခံရသူ ဘိုင္ဒင္ အစိုးရအေနျဖင့္ အီရန္ႏွင့္ ျပန္လည္ထိေတြ႕ ဆက္ ဆံျခင္းလုပ္ရန္ ႏွင့္ အီရန္ညဴကလီးယား သေဘာတူစာခ်ဳပ္တြင္ ျပန္လည္ပါဝင္ေရး လုပ္ရန္ ပိုမိုခက္ခဲေအာင္ လုပ္ ေဆာင္ေနသည္ဟု ဘိုင္ဒင္၏ အႀကံေပးမ်ားက ယုံၾကည္ၾကသည္။ "အီရန္ေတြနဲ႔ အယ္လ္ကိုင္ဒါ အတူပူးေပါင္းေဆာင္႐ြက္ခဲ့တဲ့ ကာလေတြရွိတယ္" ဟု ပြမ္ပီယိုက အေမရိကန္ဗဟိုေထာက္လွမ္းေရးဌာန အႀကီးအကဲတာဝန္ထမ္းေဆာင္စဥ္ ၂၀၁၇ ခုႏွစ္ေအာက္တိုဘာလက ေျပာၾကားခဲ့ဖူးသည္။

၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္က အေမရိကန္ကို အယ္လ္ကိုင္ဒါတိုက္ခိုက္မႈႏွင့္ အီရန္ႏိုင္ငံ ပတ္ သက္ေနသည့္ ဘုရွ္အစိုးရ၏ အေစာပိုင္းကစြပ္စြဲခ်က္မ်ားကို အယုံအၾကည္မရွိၾကေသာ္လည္း ႏွစ္အတန္ ၾကာေသာအခါ အယ္လ္ကိုင္ဒါအဖြဲ႕ဝင္မ်ား အီရန္တြင္ ပုန္းေအာင္းေနသည္ဆိုသည့္ သတင္းမ်ား ျပန္လည္ ထြက္ေပၚလာျပန္သည္။

Linko
Ref: thenationalnews

ဝါရွင္တန္၊ ဇန္နဝါရီ ၁၂