【 နိုင်ငံတကာ 】အီရန်ကျောထောက်နောက်ခံပြု ဒုံးကျည်များကြောင့် အမေရိကန်စစ်သား ၃ ဦး ဒဏ်ရာရပြီးနောက် အမေရိကန်လက်တုံ့ပြန်

【  နိုင်ငံတကာ 】အီရန်ကျောထောက်နောက်ခံပြု ဒုံးကျည်များကြောင့် အမေရိကန်စစ်သား ၃ ဦး ဒဏ်ရာရပြီးနောက် အမေရိကန်လက်တုံ့ပြန်

အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွများက ဗုဒ္ဓဟူးနေ့က ဆီးရီးယားမြောက်ပိုင်းမှ မဟာမိတ် တပ်ဖွဲ့စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်သောကြောင့် အမေရိကန် စစ်သား ၃ ဦး ဒဏ်ရာရသွား သောကြောင့် အမေရိကန်က တုံ့ပြန်တိုက်ခိုက်ရာ ထိုဒုံးကျည်များကို ပစ်လွှတ်သည့် ယာဉ်နှင့် ကိရိယာ ပျက်စီးသွားပါတယ်။

အမေရိကန်က ရဟတ်ယာဉ်ဖြင့် လက်တုံ့ပြန် တိုက်ခိုက်မှုတွင် ဒုံးကျည်ပစ်ခတ်မှုလုပ်သည့် စစ်သွေးကြွ ၂ ဦး သို့မဟုတ် ၃ ဦးသေဆုံးမည်ဟု အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်အရာရှိများယူဆခဲ့ပါတယ်။

ထိုတုံ့ပြန်တိုက်ခိုက်မှုသည် တိုက်ခိုက်မှုနှင့် ကိုက်ညီပြီး စဉ်းစားဆင်ခြင်စွာဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း အမေရိကန် အရာရှိများ ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုသည် အီရန်နှင့် ပဋိပက္ခဖြစ်ရန် မကြိုးစားဘဲ မိမိတို့ပြည်သူများကို ကာကွယ်ရန် လုံလောက်သော အရေးယူဆောင်ရွက်ချက်များကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်”  အလယ်ပိုင်း စစ်ဌာနချုပ်မှ အရာရှိများက ကြေညာချက်တစ်စောင်တွင်ပြောပါတယ်။

စစ်သွေးကြွတိုက်ခိုက်မှုသည် ဆီးရီးယားဒေသ စံတော်ချိန် ၇ နာရီခွဲတွင် စတင်ဖြစ်ပွားပြီး ကွန်နိုကို စစ်ရေးထောက်အကူပြုတပ်ဖွဲ့ဝန်းအတွင် ဒုံးကျည်အများအပြား ကျရောက်လာတာဖြစ်ပါတယ်။ ထိုစခန်းမှ ရဲဘော် တဦးဒဏ်ရာအနည်းငယ်ရပြီး ကုသမှုခံယူကာ ပြန်လည်ထမ်းဆောင်နေကြောင်းပြောပြီး အခြားနှစ်ဦးကိုလည်း ဒဏ်ရာအနည်းငယ်ရစေပြီး ကုသသုံးသပ်မှုများ ပြုလုပ်နေကြောင်းပြောခဲ့ပါတယ်။

“အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသတွင်းမှာ ခြိမ်းခြောက်မှုတွေ လျှော့ချဖို့ စွမ်းရည်မျိုးစုံကို ကျနော်တို့မှာရှိတယ်” ဟု အလယ်ပိုင်း စစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ကယ် ကူရီလာက ကြေညာချက်တစောင်တွင် ပြောပါတယ်။ “ကျနော်တို့မှာ ကျနော်တို့ တပ်တွေနဲ့ ကျနော်တို့ မဟာမိတ်တွေကိုပါ တိုက်ခိုက်မှုက ကာကွယ်ဖို့ စွမ်းရည်ရှိတယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

အစ္စလမ္မစ်နိုင်ငံအဖွဲ့ကို စစ်ဆင်ရေးကို ထောက်ကူရန် အမေရိကန် စစ်သား ၉၀၀ ကို ဆီးရီးယားတွင် ချထားတာဖြစ်ပါတယ်။

Linko

Ref:washingtontimes

ရှင်တန်၊ ဩဂုတ် ၂၆