【 နိုင်ငံတကာ 】အိမ်ဖြူတော်ပြင်ပ ပစ်ခတ်မှုကြောင့် ထရမ့်၏သတင်းစာရှင်းလင်းပွဲရပ်လိုက်ရ
【   နိုင်ငံတကာ  】အိမ်ဖြူတော်ပြင်ပ ပစ်ခတ်မှုကြောင့် ထရမ့်၏သတင်းစာရှင်းလင်းပွဲရပ်လိုက်ရ
အိမ်ဖြူတော်ပြင်ပတွင် ပစ်ခတ်မှုဖြစ်သည်ဟူသော သတင်းထွက်လာပြီး နှစ်မိနစ်အကြာတွင် လျှို့ဝှက်ထောက်လှမ်းရေးများက သမ္မတဒေါ်နယ်ထရမ့်၏ သတင်းစာရှင်းလင်းပွဲကို ရပ်ဆိုင်းလိုက်ပြီး သူ့ကိုသတင်းစာရှင်းလင်းခန်းမှ ခေါ်ယူသွားခဲ့သည်။
တနင်္လာနေ့ မွန်းလွဲချိန်တွင် သမ္မတအိမ်ခြံဝန်းအတွင်း လက်နက်ကိုင် လျှို့ဝှက်ထောက်လှမ်းရေးများကင်းလှည့်နေပြီး သတင်းထောက်များကိုလည်း သတင်းစာရှင်းလင်းပွဲခန်းမမှ ပြန်လည်ထွက်ခွာသွားစေခဲ့သည်။ အိမ်ဖြူတော်ပြင်ပတွင် ကျယ်လောင်သော သေနတ်သံနှစ်ချက်ကြားရကြောင်း သတင်းဌာနအများအပြားကဖေါ်ပြသည်။
“အိမ်ဖြူတော်ပြင်ပမှ ပစ်ခတ်မှုတခုဖြစ်တယ်” ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲပြန်လည်စတင်သောအခါ ပြောပြီး လျှို့ဝှက်ထောက်လှမ်းရေးများ၏ လျှင်မြန်သောတုံ့ပြန်မှုကို ချီးကျူးသည်။
ထိုအတွေ့အကြုံကြောင့် တုန်လှုပ်ပါသလားဟု သတင်းထောက်များကမေးသောအခါ “ကျနော်တုန်လှုပ်တဲ့ပုံပေါက်လို့လား” ဟု ထရမ့်ပြန်ဖြေသည်။ လျှို့ဝှက်ထောက်လှမ်းရေးများကို ပတ်ဝန်းကျင်ကို လုံခြုံရေးယူပြီးသည်အထိ သူ့ကို အနီးရှိ ဘဲဥပုံရုံးခန်းသို့ မိနစ်အတန်ကြာ ခေါ်ဆောင်သွားခဲ့ကြောင်း ထရမ့်ရှင်းပြသည်။
သတင်းထောက်အများအပြား၏ အဆိုအရ ထိုဖြစ်ရပ်သည် အမှုဆောင်ရုံးခန်းအဆောက်အအုံအနီး 17th Street NW လမ်းနှင့် ပင်ဆယ်ဗေးနီးယား အဲဗင်းညူး အနီးတွင် ဖြစ်ပွားကြောင်း သိရသည်။
ထောက်လှမ်းရေးတစ်ဦး နှင့်သံသယရှိသူတစ်ဦးကို ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း လျှို့ဝှက်ထောက်လှမ်းရေးက နောက်ပိုင်းတွင်ပြောသည်။ ၎င်းတို့၏ အခြေအနေကို မသိရသေးသော်လည်း ထိုဖြစ်ရပ်အတွင်း အိမ်ဖြူတော် ခြံဝန်းအတွင်း ချိုးဖေါက်မှုမရှိဘဲ အကာအကွယ်ပေးထားသူ မည်သူမျှ အန္တရာယ် ကျရောက်ခြင်းမရှိကြောင်း လျှို့ဝှက်ထောက်လှမ်းရေးကပြောသည်။
ထိုဖြစ်ရပ်နှင့် သူနှင့်ပတ်သက်ပုံမရကြောင်း ထရမ့်က သတင်းထောက်များကို ပြောသည်။  အာဖရိကနွယ်ဖွား အမေရိကန် ဂျော့ဖလွိုက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ်သေဆုံးမှုကြောင့် ဖြစ်သည့် ရဲဆန့်ကျင်ရေး ဆန္ဒပြပွဲများ နောက်ပိုင်း မကြာသေးမီလများအတွင်း အမေရိကန်နိုင်ငံမြို့တော်တွင် ပစ်ခတ်မှု မြင့်မားလာနေသည်။
Linko
Ref:RT
ဝါရှင်တန်၊ ဩဂုတ် ၁၁
(  Zawgyi   )
အိမ်ဖြူတော်ပြင်ပတွင် ပစ်ခတ်မှုဖြစ်သည်ဟူသော သတင်းထွက်လာပြီး နှစ်မိနစ်အကြာတွင် လှို့ဝှက်ထောက်လှမ်းရေးများက သမ္မတဒေါ်နယ်ထရမ့်၏ သတင်းစာရှင်းလင်းပွဲကို ရပ်ဆိုင်းလိုက်ပြီး သူ့ကိုသတင်းစာရှင်းလင်းခန်းမှ ခေါ်ယူသွားခဲ့သည်။
“အိမ်ဖြူတော်ပြင်ပမှ ပစ်ခတ်မှုတခုဖြစ်တယ်” ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲပြန်လည်စတင်သောအခါ ပြောပြီး လှို့ဝှက်ထောက်လှမ်းရေးများ၏ လျှင်မြန်သောတုံ့ပြန်မှုကို ချီးကျူးသည်။
ထောက်လှမ်းရေးတစ်ဦး နှင့်သံသယရှိသူတစ်ဦးကို ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း လှို့ဝှက်ထောက်လှမ်းရေးက နောက်ပိုင်းတွင်ပြောသည်။ ၎င်းတို့၏ အခြေအနေကို မသိရသေးသော်လည်း ထိုဖြစ်ရပ်အတွင် အိမ်ဖြူတော် ခြံဝန်းအတွင်း ချိုးဖေါက်မှုမရှိဘဲ အကာအကွယ်ပေးထားသူ မည်သူမျှ အန္တရာယ် ကျရောက်ခြင်းမရှိကြောင်း လှို့ဝှက်ထောက်လှမ်းရေးကပြောသည်။
Linko
Ref:RT
ဝါရှင်တန်၊ ဩဂုတ် ၁၁