【 နိုင်ငံတကာ 】သေနတ်ခြေပြု အကြမ်းဖက်မှုအတွက် နိုင်ငံရေးသမားများကို သေနတ်ကုမ္ပဏီက အပြစ်တင်

【 နိုင်ငံတကာ 】သေနတ်ခြေပြု အကြမ်းဖက်မှုအတွက် နိုင်ငံရေးသမားများကို သေနတ်ကုမ္ပဏီက အပြစ်တင်

နွေရာသီတုန်း ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်ဟာ သေနတ်ထုတ်လုပ်သော ကုမ္ပဏီများကို စစ်ဆေးမှုများ ပြုလုပ်နေချိန်မှာပဲ သေနတ်ထုတ်လုပ်သော ကုမ္ပဏီဖြစ်တဲ့ Smith & Wesson ကုမ္ပဏီက အလုပ်မှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မတ်ခ်မစ်ကတော့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် နိုင်ငံရေးသမားများကို အပြစ်တင်ဝေဖန်လိုက်ပြီး အကြမ်းဖက်မှုများအတွက် သတင်းမီဒီယာများကိုလည်း အပြစ်တင်ဝေဖန်လိုက်ပါတယ်။

ထိုထုတ်ပြန်ချက်ကို တွစ်တာတွင် တနင်္လာနေ့တုန်းက တင်ခဲ့ပြီး မတ်ခ်စမစ်ကတော့ “နိုင်ငံရေးသမားတချို့နှင့် သူတို့ရဲ့ လော်ဘီတချို့ဖြစ်တဲ့ မီဒီယာများ” ဟာ သူ့ရဲ့ ကုမ္ပဏီကို အပုပ်ချနေပြီး သေနတ်ထုတ်လုပ်သူများအပေါ် အပြစ်တင်နေကြောင်း ဖော်ပြထားပါတယ်။ အောက်လွတ်တော် ကော်မတီရှေ့တွင် ထွက်ဆိုရန် ငြင်းဆန်ခဲ့တဲ့ စမစ်ကတော့ နိုင်ငံရေးသမားများဟာ ဥပဒေမဲ့ခြင်းကို အားပေးအားမြောက် လုပ်နေကြကြောင်းဆိုပါတယ်။  “သူတို့ဟာ မြင့်တက်လာသော အကြမ်းဖက်မှုနှင့် ဥပဒေမဲ့မှုများအတွက် အပြစ်တင်ရမယ့်သူများဖြစ်တယ်” ဟု သူက ပြောပါတယ်။

အမေရိကန်နိုင်ငံတွင် ၂၀၂၁ ထက်ကစာရင် ၂၀၂၂ ပထမနှစ်ဝက်အတွင်း လူသတ်မှုဟာ အနည်းငယ် ကျဆင်းလာခဲ့ပါတယ် သို့သော်လည်း ကိုဗစ်-၁၉ မတိုင်ခင်တုန်းကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဓားပြတိုက်မှုနှင့် အခြားသော ပစ္စည်းခိုးများကလည်း အနည်းငယ်ကျဆင်းလာကြောင်း ဆိုပါတယ်။

သို့သော်လည်း သေနတ်ကြောင့် သေဆုံးမှု ပမာဏကတော့ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် ပြင်းထန်သော သေနတ်ကြောင့် ထိခိုက်မှုကြောင့် ၄၅၀၀၀ ခန့်ရှိခဲ့ပါတယ်၊ ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး ပမာဏလည်းဖြစ်ကြောင်း The Washington Post သတင်းစာက ပြီးခဲ့တဲ့လတွင် ဖော်ပြထားပါတယ်။

လူ ၄ ဦးနှစ်အထက် သေဆုံးစေခဲ့သော အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်သတ်မှုဟာ ကြီးမားသော သေနတ်ကိုင်အကြမ်းဖက်မှုများ၏ အစိတ်အပိုင်းမျှသာ ဖြစ်ပါတယ်။ ဒါဟာ သေဆုံးသူများကို ၁ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုပါတယ်။ သို့သော်လည်း ဒီလို ပစ်ခတ်မှုများဟာ ဆက်ပြီး မြင့်တက်နေဆဲဖြစ်ပါတယ်။

ဘာဖလိုကုန်စုံဆိုင် နှင့် အူဗလ်ဒါကျောင်းတို့က ပစ်ခတ်မှုအပြီးမှာပဲ အောက်လွှတ်တော်ကော်မတီဟာ သေနတ်ထုတ်လုပ်သော ကုမ္ပဏီများကို စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ပါတယ်။ ထိုပစ်ခတ်မှုများကြောင့် လူပေါင်း ၃၁ ဦးခန့် ၂ ပတ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ ရီပါပလီကန်အမတ်ဖြစ်တဲ့ ကယ်ရိုလင်းဘီမယ်လိုနီကတော့ ထိုပစ်ခတ်မှုတွင် အသုံးပြုခဲ့သော သေနတ်များကို ထုတ်လုပ်သော ကုမ္ပဏီ ၅ ခုကို ဆက်သွယ်ခဲ့ပြီးနောက် သေနတ်သမားများဟာ သေနတ်များကို တရားဝင်ဝယ်ယူခဲ့ကြကြောင်း တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွင် သေနတ်ထုတ်လုပ်သော ကုမ္ပဏီပေါင်း ၅ ခုဟာ ကန်ဒေါ်လာ ၁ ဘီလီယံအထိ အကျိုးအမြတ်ရရှိခဲ့ကြပါတယ်၊ ထိုကုမ္ပဏီများဟာ စစ်တပ်အသုံးပြုသော သေနတ်များပုံစံ သေနတ်များကို ပြည်သူများထံ ရောင်းချခြင်းဖြင့် အကျိုးအမြတ် ရရှိခဲ့ကြတာဖြစ်ကြောင်း အောက်လွှတ်တော်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သေနတ်ထုတ်လုပ်သော ကုမ္ပဏီနှစ်ခုက အမှုဆောင်အရာရှိချုပ်များဟာ အောက်လွှတ်တော်ကော်မတီရှေ့တွင် ထွက်ဆိုခဲ့ကြပြီး‌ သူတို့ကတော့ သေနတ်ကြောင့် အကြမ်းဖက်မှုများအတွက်  သေနတ်ကို အပြစ်တင်မနေပဲ သေနတ်သမားကိုသာ အပြစ်တင်သင့်ကြောင်း ဆိုကြပါတယ်။

စမစ်၏ တနင်္လာနေ့တုန်းက ထုတ်ပြန်ကြေညာချက်အရ တချို့သော နိုင်ငံရေးသမားများဟာ ဒုတိယအကြိမ် ဥပဒေပြင်မှုကို ဆောင်ရွက်ရန် ကြိုးပမ်းနေကြပြီး သေနတ်ရောင်းအား မြှင့်တင်ရေးကို ကန့်သတ်ရန် ကြိုးစားနေကြောင်း ဆိုပါတယ်။ ဒါဟာ ဥပဒေက ပေးထားသော နိုင်ငံသားများဟာ သေနတ်ကိုင်ဆောင်ပြီး မိမိကို မိမိကာကွယ်ခြင်းနှင့် မိသားစုများကို ကာကွယ်နိုင်တယ်ဆိုတော့ ဥပဒေကို ကန့်သတ်ချင်ကြကြောင်း စမစ်ကတော့ ပြောပါတယ်။

Naing

Ref: washingtonpost

နယူးယောက်၊ ဩဂုတ် ၂၂