【 နိုင်ငံတကာ 】လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှီကျင့်ဖျင်၏ လမ်းညွှန်ချက်ကို မှာကြား

【 နိုင်ငံတကာ 】လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှီကျင့်ဖျင်၏ လမ်းညွှန်ချက်ကို မှာကြား

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ အရေးကြီးညွှန်ကြားချက်ကို ပြောကြားခဲ့ကြောင်း China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရှီက လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးသည် ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဆိုင်ရာ အရေးပါသော မဟာဗျူဟာမြောက်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ် အတွင်းတွင် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးနည်းလမ်းများစွာကို ရှာကြံဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှု အောင်မြင်မှုများ ရရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဆိုင်ရာ အထွေထွေစမ်းသပ်ရေးပလက်ဖောင်းအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း၊ လမ်းခရီးသစ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တည်ဆောက်မှုအတွေ့အကြုံများကို စုပေါင်းသုံးသပ်သည့်အခြေခံပေါ် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များ မြှင့်တင်ရေး မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ပြီး ဆက်လက်စူးစမ်းလေ့လာကာ အဆင့်ပိုမိုမြင့်မားသည့် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များကို ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်ဆိုပါတယ်။ 

 

စက်တင်ဘာလ ၂၆ရက်နေ့က ပေကျင်းမှာကျင်းပခဲ့တဲ့  လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်မှု ၁၀နှစ်ပြည့် ဆွေးနွေးပွဲမှာ  တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟိုလိဖုန်းက သမ္မတရှီကျင့်ဖျင်၏ အရေးကြီးညွှန်ကြားချက်ကို တစ်ဆင့်ပြန်လည်မှာကြားခဲ့တာလို့ China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပေကျင်း၊ စက်တင်ဘာ ၂၈