【 နိုင်ငံတကာ 】ယူကရိန်းတွင် ရုရှားစစ်သား ၈ သောင်းအထိ သေဆုံးဒဏ်ရာရထားနိုင်

【 နိုင်ငံတကာ 】ယူကရိန်းတွင် ရုရှားစစ်သား ၈ သောင်းအထိ သေဆုံးဒဏ်ရာရထားနိုင် 

လက်ရှိအချိန်အထိ ၈၀၀၀၀ ခန့်အထိများပြားသော ရုရှားစစ်သားများသည် ယူကရိန်းစစ်ပွဲတွင် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသည်ဟု နားလည်ထားကြောင်း အမေရိကန် မူဝါဒဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး ကောလင်း ခါးလ်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ရုရှားသည် ယူကရိန်းတွင် ဗလာဒီမာပူတင်၏ မည်သည့်ရည်မှန်းချက်ကိုမျှ အောင်မြင်အောင်မလုပ်နိုင်သောကြောင့် ထိုမျှ ထိခိုက်သေဆုံးခြင်းသည် များပြားလွန်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ ခါးလ်က ပြောခဲ့ပါတယ်။

ရုရှား၏ ရည်မှန်းချက်မှာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး ကိဗ်တွင် အစိုးရအပြောင်းအလဲပြုလုပ်ကာ ယူကရိန်းကို လွတ်လပ်အချုပ်အခြာပိုင်သည့် ဒီမိုကရေစီနိုင်ငံအဖြစ်မှ အဆုံးသတ်ရန်ဖြစ်ကြောင်း ခါးလ်က ပြောပါတယ်။ စစ်မဖြစ်မီက ရုရှားယူကရိန်းနယ်စပ်တွင် စစ်အင်အား တစ်သိန်းခွဲချထားသောကြောင့် စစ်သား ၈ သောင်း သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းသည်လည်း များပြားနေကြောင်း သူကဆက်ပြောပါတယ်။

ထို့ကြောင့် ယူကရိန်းကို ရက်သတ္တပတ်အနည်းငယ်အတွင်း သိမ်းပိုက်မည့် ကျူးကျော်စစ်တွင် ပါဝင်သည့် စစ်အင်အား ထက်ဝက်ကျော်သည် စစ်မြေပြင်တွင် မရှိတော့သည့် သဘောသက်ရောက်နေပါတယ်။ ယခုကဲ့သို့ပြောဆိုခြင်းသည် ယူကရိန်းစစ်တွင် ရုရှားသေဆုံးထိခိုက်မှုများနှင့် ပတ်သက်ပြီး အမေရိကန် အရာရှိတစ်ဦးက ပထမဆုံးအကြိမ် လူသိရှင်ကြားခန့်မှန်းပြောဆိုခြင်းဖြစ်ပါတယ်။

Linko

Ref: 19fortyfive.com

ကိယက်ဗ့်၊ ဩဂုတ် ၁၀