【 နိုင်ငံတကာ 】ဗြိတိန်၏လူ့အခွင့်အရေးစံနှုန်း ၂ မျိုးဖြစ်နေခြင်းကို တရုတ်သံရုံးဝေဖန်

【 နိုင်ငံတကာ 】ဗြိတိန်၏လူ့အခွင့်အရေးစံနှုန်း ၂ မျိုးဖြစ်နေခြင်းကို တရုတ်သံရုံးဝေဖန်

၀ီဂါမွတ်ဆလင်များသည် တရုတ်နိုင်ငံတွင် ဆိုးရွားသော ညှင်းပမ်းနှိပ်စက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်လိုက်ပြီးနောက် ဗြိတိန်သည် အခြေခံ အချက်အလက်များကို မသိကျိုးကျွံပြုနေကြောင်း တရုတ်က စွပ်စွဲလိုက်ပါတယ်။

ထိုအစီအရင်ခံစာသည် တာဝန်မဲ့သည့် မှတ်ချက်များ ပြုလုပ်ပြီး တရုတ်ပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက်စွက်ဖွက်ကြောင်း ဗြိတိန်ရှိ တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက သတင်းထောက်များကို ပြောခဲ့ပါတယ်။

"တရုတ်နိုင်ငံလူ့အခွင့်အရေးအခြေအနေကို တရုတ်ပြည်သူတွေကသာ ပြောရေးဆိုခွင့် အရှိဆုံးဖြစ်တယ်။

တရုတ်နိုင်ငံဟာ တရုတ်ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အမြဲတမ်း ကတိက၀တ်ပြုထားပြီး လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ကြီးမားတဲ့ တိုးတက်မှုတွေလုပ်ခဲ့တယ်။

ဒီအချက်ကို အာဃာတ ကင်းတဲ့လူတိုင်းက အသိအမှတ်ပြုထားပါတယ်" ဟု ထိုပြောခွင့်ရသူက သတင်းထောက်များကို ပြောပါတယ်။

ရှင်ကျန်းဒေသသည် စီးပွားရေးတိုးတက်မှု၊ လူမှုတည်ငြိမ်မှု၊ အသက်မွေးဝမ်းကြောင်းတိုးတက်မှုနှင့် လူမျိုးစု ညီညွတ်မှုများမှ အကျိုးခံစားနေရကြောင်း ဗြိတိန်ရှိ တရုတ်သံရုံးကပြောကြားခဲ့ပါတယ်။

"ရှင်ကျန်းနှင့်ပတ်သက်သည့် တရုတ်အစိုးရ၏ မူဝါဒသည် လူမျိုးစုပေါင်းစုံပါဝင်သော ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုကို ရရှိနေကြောင်းလည်း ထိုပြောခွင့်ရသူပြောပါတယ်။

ထိုအစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက မှတ်ချက်များပြောကြားပြီးနောက် ဗြိတိန်ရှိ စင်တာများတွင် ထိန်းသိမ်းထားသည့် ဒုက္ခသည်များအပေါ် ဗြိတိန်၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို သတိပေးပြီး ဗြိတိန်သည် လူမျိုးခွဲခြားမှုကို ခံနေရကြောင်း ပြောခဲ့ပါတယ်။

 "အီရတ်နဲ့ အာဖဂန်ကို ဗြိတိန်က ကျူးကျော်စဉ်အတွင်းက အပြစ်မဲ့ပြည်သူတွေကို သိမ်းကြုံး သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုဆိုးရွားတဲ့မှတ်တမ်းတခုထားခဲ့တယ်။ "ဗြိတိန်အနေနဲ့ ကိုယ့်လူ့အခွင့်အရေးချိုး

ဖေါက်မှုကိုကိုယ် ပြန်လည်သုံးသပ်သင့်ပြီး အခြားနိုင်ငံတွေကို ဆရာလုပ်ဖို့ အခြေအနေမရှိဘူး" ဟုလည်း သူက ပြောခဲ့ပါတယ်။

Linko

Ref; CMG

လန်ဒန်၊ ဒီဇင်ဘာ ၁၂