【 နိုင်ငံတကာ 】ထရမ့်ထောက်ခံသူ ရာပေါင်းများစွာ ဝါရှင်တန်သို့ရောက်လာ

【  နိုင်ငံတကာ  】ထရမ့်ထောက်ခံသူ ရာပေါင်းများစွာ ဝါရှင်တန်သို့ရောက်လာ

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲနိုင်ကြောင်း ကွန်ဂရက်က အတည်မပြုမီတရက်အလို အင်္ဂါနေ့တွင် ထရမ့်၏ မဲလိမ်သည်ဆိုသော အခြေအမြစ်မဲ့စကားများကို ထောက်ခံရန် သူ့ကိုထောက်ခံသူ ရာပေါင်းများစွာသည် ဝါရှင်တန်ဒီစီသို့ ရောက်လာကြသည်။

အိမ်ဖြူတော်နှင့် အနည်းငယ်သာဝေးသော ဖရီးဒမ်းပလာဇာတွင် အများအားဖြင့် နှာခေါင်းစည်းဝတ်ဆင်မထားသည် ထရမ့်ထောက်ခံသူများသည် ပြည်နယ်ကိုယ်စာလှယ်မဲများကို ရှုတ်ချရန် စုဝေးကြသည်။

အပူချိန်နိမ့်ကျလာပြီး လမ်းမများတွင် မိုးရွာလာသောအခါ ညဖက်အထိ လူရာပေါင်းများစွာသည် ပလာဇာတွင် ရှိနေကြသည်။

“သမ္မတကိုထောက်ခံဖို့ ဒီကိုလာခဲ့တာ” ဟု တင်နက်ဆီပြည်နယ် မန်းဖစ်မှလာသည့် အသက် ၄၅ နှစ်အရွယ် မီးသတ်သမား ဒေးဗစ် ဝိုက်ဒမင်းပြောသည်။

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲသွားစေရန် သမ္မတ၏ ဥပဒေဆိုင်ရာအဖွဲ့များ ရှုံးနိမ့်ခြင်းကို နားမလည်နိုင်ကြောင်း ထရမ့်အနေဖြင့် မည်သို့ ဆက်လုပ်မည်ကို သူမသိကြောင်း သူပြောသည်။

“သူဘာဆက်လုပ်လို့ရသေးလဲဆိုတာ ကျနော်သေသေချာချာမသိဘူး။ ဒါပေမယ့် သူဘာပြောမလဲဆိုတာ ကျနော်ကြားချင်တယ်” ဟု သူပြောသည်။

သမ္မတထရမ့်က ဆန္ဒပြသူများကို ထောက်ခံကြောင်း တွစ်တာတွင် ရေးသားရာတွင် “အတင့်ရဲလာတဲ့ လက်ဝဲစွန်းသမားတွေ ရွေးကောက်ပွဲအောင်မြင်မှုကို ခိုးယူသွားတာကို မကြည့်ချင်တဲ့လူတွေဟာ ဝါရှင်တန်မှာ ပြည့်ကျပ်နေပြီ။ ကျနော်တို့နိုင်ငံမှာ ဒါမျိုးတွေတော်လောက်ပြီ။ သူတို့ကလက်မခံနိုင်တော့ဘူး။ ခင်ဗျားတို့အသံကို ဘဲဥပုံရုံးကနေကြားနေရတယ်။ ခင်များတို့ကို ဘဲဥပုံရုံးကနေ ချစ်နေမယ်။ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ကြီးမြတ်အောင်လုပ်ကြစို့” ဟု ဖေါ်ပြထားသည်။

ထိုဆန္ဒပြပွဲတွင် စကားပြောသူများတွင် အထူးတရားသူကြီး ရောဘတ်မူးလား၏ ရုရှားစုံစမ်းစစ်ဆေးမှုတွင် ပြည်ထောင်စု စုံစမ်းစစ်ရေးဗျူရိုကို လိမ်လည်သောကြောင့် ထောင် နှစ်ကြိမ်ချခံရပြီးမှ ထရမ့်က လွတ်ငြိမ်းခွင့် ပေးခဲ့သော ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ဖလင်း လည်းပါဝင်သည်။

“ကျနော်တို့၏ အမေရိကန်သမိုင်းမှ အစစ်ဆေးခံတဲ့ကာလမှာရောက်နေတယ်။ တိုင်းပြည်ဟာ အခုတော့ နိုးထလာပြီ ” ဟု ဖလင်းက နှာခေါင်းစည်း ဝတ်မထားသော လူအုပ်ကြီးကို ပြောသည်။

အိမ်ဖြူတော် တောင်ဖက်နားရှိ အီလစ်တွင် သမ္မတကိုယ်တိုင် ဝါရှင်တန်ရှိ သူ့ကိုထောက်ခံသူများအား ဗုဒ္ဓဟူးနေ့တွင်စကားပြောမည်ဟု မျှော်လင့်ရသည်။

ထိုဆန္ဒပြပွဲများသည် ဗုဒ္ဓဟူးနေ့တွင် ကွန်ဂရက်က ပြည်နယ်ကိုယ်စားလှယ်မဲရလဒ်များကို အတည်ပြုမည်ဟု မျှော်လင့်ထားသော အချိန်နှင့် တိုက်ဆိုင်နေသည်။ ထရမ့်သည် ရွေးကောက်ပွဲရလဒ်များကို ဆက်လက် အငြင်းပွားနေသည်။

အင်္ဂါနေ့ညနေက တွစ်တာတွင်ရေးသားရတွင် ထရမ့်က ဒီမိုကရက်နှင့် သူ၏အပေါင်းပါ ရီပါတ်ဗလစ်ကန်များအနေဖြင့် ဒီစီသို့ ရောက်လာသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ကြည့်ရန် ပြောသည်။

တွစ်တာတွင် အခြားရေးသားမှု တခုတွင်လည် ထရမ့် အင်တီဖာအဖွဲ့ ဝါရှင်တန်နှင့် ခပ်ဝေးဝေးတွင် နေသင့်ကြောင်း ပြောသည်။ အင်တီဖာဆိုသည်မှာ ထရမ့်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာလိုသည်ဟုပြောသည့် လက်ဝဲစစ်သွေးကြွများကို ခေါ်သော အမည်ဖြစ်သည်။

ထိုဆန္ဒပြပွဲများကြောင့် ဒေသခံအရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများသည် လမ်းမတွင် အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

မြို့လယ်ရှိ စီးပွားရေး လုပ်ငန်းအများအပြားသည် မေလနှင့်ဇွန်လအတွင်းက စီးပွားရေးလုပ်ငန်း ဒါဇင်ပေါင်းများစွာကို အကြောင်းမဲ့ဖျက်ဆီးသကဲသို့ မတည်ငြိမ်မှုများဖြစ်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ ပြတင်းပေါက်များကို အကာအရံများဖြင့် ပိတ်စို့ထားပြီး

လက်နက်နှင့်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခြင်း စက်သေနတ်ကိုင်ခြင်းအပါအဝင် ဥပဒေချိုးဖေါက်အတွက် ဖမ်းဆီးထားသူ အရေအတွက်မှာ အင်္ဂါနေ့ညပိုင်းအထိ ၆ ဦးရှိပြီဖြစ်သည်။

ဝါရှင်တန်ဒီစီ မြို့တော်ဝန် မြူရီယယ်ဘောက်ဆာက မြို့တော် ရဲတပ်ဖွဲ့ကို အင်အားဖြည့်ရန် အမျိုးသား အစောင်တပ်ကို ခေါ်ယူထားသည်။

 တနင်္လာနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် မစ္စဘောက်ဆာက ဝါရှင်တန် ဒီစီတွင်နေထိုင်သူများအနေဖြင့် မြို့လယ်ကို ရှောင်ရှားရန်နှင့် ရန်စသော သူ မည်သူနှင့်မျှ ထိပ်တိုက်မတွေ့ရန်ပြောကြားထားသည်။

သို့သော်သူမက “ကျမတို့ မြို့သူ မြို့သားတွေကို အကြမ်းဖက်မှု၊ခြိမ်းခြောက်မှုလှုံဆော်တာ ဒါမှမဟုတ် ကျမတို့ မြို့ကို ဖျက်ဆီးတာကို ကျမခွင့်ပြုမှာ မဟုတ်ဘူး” ဟုလည်း သတိပေးထားသည်။

ပါတီနှစ်ခုလုံးမှ ရွေးကောက်ပွဲအရာရှိများ၊ အကြိတ်အနယ်ပြိုင်ရသော ပြည်နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ထရမ့်၏ ရှေ့နေချုပ်ဟောင်း ဝီလျှံဘားတို့က ရွေးကောက်ပွဲတွင် အကျယ်အပြန့် မဲလိမ်ခြင်းမရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။

ထရမ့်နှင့်သူ၏ မဟာမိတ်များ၏ ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှုအားလုံး နီးပါးကိုလည်း တရားသူကြီးများက ပယ်ချပြီးဖြစ်သည်။ ဗဟိုတရားရုံးကပယ်ချလိုက်သော စိန်ခေါ်မှု နှစ် ခုရှိသည်။

ထရမ့်ကိုထောက်ခံသော ဒီဇင်ဘာလက ဆန္ဒပြပွဲတခုတွင် ထရမ့်ကိုထောက်ခံသူရာပေါင်းများစွာသည် မာန်တက်နေသော ကလေးများ - Proud Boys အဖွဲ့၏ သင်္ကေတ အနက်ရောင်နှင့် အဝါရောင် အဝတ်များကို ဝတ်ဆင်ပြီး အိမ်ဖြူတော်အနီးရှိ လူမည်းဘဝအရေးပါသည် Black Lives Matter Plaza ပလာဇာသို့ ဝင်ရောက်ရန် ကြိုးစားသောကြောင့် ၎င်းတို့ကို တားဆီးရန်ကြိုးစားသည် ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် ထိပ်တိုက်ဖြစ်ခဲ့သည်။

အနည်းဆုံး လူမည်းဘုရားကျောင်းနှစ်ခုမှ လူမဲဘဝအရေးပါသည်ဆိုသည့် အလံများ ဖြုတ်ချမီးရှို့ခံရပြီးဖြစ်သည်။

ယခုအပါတ်အတွင်း စီစဉ်ထားသည့် ဆန္ဒပြပွဲများမတိုင်မီ ဝါရှင်တန် ဒီစီသို့ရောက်လာသော အသက် ၃၆ နှစ်အရွယ် Proud Boys ခေါင်းဆောင် ဟင်နရီတာရီယိုကို တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာလ ဆန္ဒပြပွဲများအတွင်း လွှင်ထူထားသည့် ဝါရှင်တန်မြို့လယ်ရှိ သမိုင်းဝင်လူမည်း ဘုရားကျောင်းမှ Black Lives Matter အလံကိုဖြုတ်ချ မီးရှို့သည်ဟု တာရီယို ကို စွပ်စွဲထားသည်။

ပစ္စည်းဖျက်ဆီးခြင်းအတွက် တာရီယိုကို ဖမ်းဆီးရန် ဝရမ်းတစောင် ထုတ်ပြန်ထားကြောင်း ရဲအဖွဲ့ ပြောသည်။

သူ့ကို ဖမ်းဆီးချိန်တွင် စွမ်းအားပြင်း ကျည်ဆံနှစ်ကပ်တွေ့သောကြောင့် သူသည် လက်နက်ဆိုင်ရာ စွဲချက်များကိုလည်း ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူကပြောသည်။
 
ဆန္ဒပြသူများသည် အင်္ဂါနေ့ညနေတွင် Freedom Plaza တွင် စုဝေးပြီး ဗုဒ္ဓဟူးနေ့တနေကုန်တွင် Ellipse တွင်စုရုံးကာ နေ့လည် ၁ နာရီတွင် ကပီတို လွှတ်တော် အဆောက်အအုံသို့ ချီတက်မည်ဖြစ်သည်။

 

Linko
Ref:lbc

ဝါရှင်တန်၊ ဇန်နဝါရီ ၆

(  Zawgyi  )

 

 ဂ်ိဳးဘိုင္ဒင္ ေ႐ြးေကာက္ပြဲႏိုင္ေၾကာင္း ကြန္ဂရက္က အတည္မျပဳမီတရက္အလို အဂၤါေန႔တြင္ ထရမ့္၏ မဲလိမ္သည္ဆိုေသာ အေျခအျမစ္မဲ့စကားမ်ားကို ေထာက္ခံရန္ သူ႔ကိုေထာက္ခံသူ ရာေပါင္းမ်ားစြာသည္ ဝါရွင္တန္ဒီစီသို႔ ေရာက္လာၾကသည္။

အိမ္ျဖဴေတာ္ႏွင့္ အနည္းငယ္သာေဝးေသာ ဖရီးဒမ္းပလာဇာတြင္ အမ်ားအားျဖင့္ ႏွာေခါင္းစည္းဝတ္ဆင္မထားသည္ ထရမ့္ေထာက္ခံသူမ်ားသည္ ျပည္နယ္ကိုယ္စာလွယ္မဲမ်ားကို ရႈတ္ခ်ရန္ စုေဝးၾကသည္။

အပူခ်ိန္နိမ့္က်လာၿပီး လမ္းမမ်ားတြင္ မိုး႐ြာလာေသာအခါ ညဖက္အထိ လူရာေပါင္းမ်ားစြာသည္ ပလာဇာတြင္ ရွိေနၾကသည္။

“သမၼတကိုေထာက္ခံဖို႔ ဒီကိုလာခဲ့တာ” ဟု တင္နက္ဆီျပည္နယ္ မန္းဖစ္မွလာသည့္ အသက္ ၄၅ ႏွစ္အ႐ြယ္ မီးသတ္သမား ေဒးဗစ္ ဝိုက္ဒမင္းေျပာသည္။

ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲသြားေစရန္ သမၼတ၏ ဥပေဒဆိုင္ရာအဖြဲ႕မ်ား ရႈံးနိမ့္ျခင္းကို နားမလည္ႏိုင္ေၾကာင္း ထရမ့္အေနျဖင့္ မည္သို႔ ဆက္လုပ္မည္ကို သူမသိေၾကာင္း သူေျပာသည္။

“သူဘာဆက္လုပ္လို႔ရေသးလဲဆိုတာ က်ေနာ္ေသေသခ်ာခ်ာမသိဘူး။ ဒါေပမယ့္ သူဘာေျပာမလဲဆိုတာ က်ေနာ္ၾကားခ်င္တယ္” ဟု သူေျပာသည္။

သမၼတထရမ့္က ဆႏၵျပသူမ်ားကို ေထာက္ခံေၾကာင္း တြစ္တာတြင္ ေရးသားရာတြင္ “အတင့္ရဲလာတဲ့ လက္ဝဲစြန္းသမားေတြ ေ႐ြးေကာက္ပြဲေအာင္ျမင္မႈကို ခိုးယူသြားတာကို မၾကည့္ခ်င္တဲ့လူေတြဟာ ဝါရွင္တန္မွာ ျပည့္က်ပ္ေနၿပီ။ က်ေနာ္တို႔ႏိုင္ငံမွာ ဒါမ်ိဳးေတြေတာ္ေလာက္ၿပီ။ သူတို႔ကလက္မခံႏိုင္ေတာ့ဘူး။ ခင္ဗ်ားတို႔အသံကို ဘဲဥပုံ႐ုံးကေနၾကားေနရတယ္။ ခင္မ်ားတို႔ကို ဘဲဥပုံ႐ုံးကေန ခ်စ္ေနမယ္။ အေမရိကန္ျပည္ေထာင္စုကို ျပန္လည္ႀကီးျမတ္ေအာင္လုပ္ၾကစို႔” ဟု ေဖၚျပထားသည္။

ထိုဆႏၵျပပြဲတြင္ စကားေျပာသူမ်ားတြင္ အထူးတရားသူႀကီး ေရာဘတ္မူးလား၏ ႐ုရွားစုံစမ္းစစ္ေဆးမႈတြင္ ျပည္ေထာင္စု စုံစမ္းစစ္ေရးဗ်ဴ႐ိုကို လိမ္လည္ေသာေၾကာင့္ ေထာင္ ႏွစ္ႀကိမ္ခ်ခံရၿပီးမွ ထရမ့္က လြတ္ၿငိမ္းခြင့္ ေပးခဲ့ေသာ ထရမ့္၏ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးေဟာင္း မိုက္ဖလင္း လည္းပါဝင္သည္။

“က်ေနာ္တို႔၏ အေမရိကန္သမိုင္းမွ အစစ္ေဆးခံတဲ့ကာလမွာေရာက္ေနတယ္။ တိုင္းျပည္ဟာ အခုေတာ့ ႏိုးထလာၿပီ ” ဟု ဖလင္းက ႏွာေခါင္းစည္း ဝတ္မထားေသာ လူအုပ္ႀကီးကို ေျပာသည္။

အိမ္ျဖဴေတာ္ ေတာင္ဖက္နားရွိ အီလစ္တြင္ သမၼတကိုယ္တိုင္ ဝါရွင္တန္ရွိ သူ႔ကိုေထာက္ခံသူမ်ားအား ဗုဒၶဟူးေန႔တြင္စကားေျပာမည္ဟု ေမွ်ာ္လင့္ရသည္။

ထိုဆႏၵျပပြဲမ်ားသည္ ဗုဒၶဟူးေန႔တြင္ ကြန္ဂရက္က ျပည္နယ္ကိုယ္စားလွယ္မဲရလဒ္မ်ားကို အတည္ျပဳမည္ဟု ေမွ်ာ္လင့္ထားေသာ အခ်ိန္ႏွင့္ တိုက္ဆိုင္ေနသည္။ ထရမ့္သည္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ဆက္လက္ အျငင္းပြားေနသည္။

အဂၤါေန႔ညေနက တြစ္တာတြင္ေရးသားရတြင္ ထရမ့္က ဒီမိုကရက္ႏွင့္ သူ၏အေပါင္းပါ ရီပါတ္ဗလစ္ကန္မ်ားအေနျဖင့္ ဒီစီသို႔ ေရာက္လာသည့္ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူမ်ားကို ၾကည့္ရန္ ေျပာသည္။

တြစ္တာတြင္ အျခားေရးသားမႈ တခုတြင္လည္ ထရမ့္ အင္တီဖာအဖြဲ႕ ဝါရွင္တန္ႏွင့္ ခပ္ေဝးေဝးတြင္ ေနသင့္ေၾကာင္း ေျပာသည္။ အင္တီဖာဆိုသည္မွာ ထရမ့္က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာလိုသည္ဟုေျပာသည့္ လက္ဝဲစစ္ေသြးႂကြမ်ားကို ေခၚေသာ အမည္ျဖစ္သည္။

ထိုဆႏၵျပပြဲမ်ားေၾကာင့္ ေဒသခံအရာရွိမ်ားႏွင့္ တရားဥပေဒစိုးမိုးေရး အရာရွိမ်ားသည္ လမ္းမတြင္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားမည္ကို စိုးရိမ္ေနၾကသည္။

ၿမိဳ႕လယ္ရွိ စီးပြားေရး လုပ္ငန္းအမ်ားအျပားသည္ ေမလႏွင့္ဇြန္လအတြင္းက စီးပြားေရးလုပ္ငန္း ဒါဇင္ေပါင္းမ်ားစြာကို အေၾကာင္းမဲ့ဖ်က္ဆီးသကဲသို႔ မတည္ၿငိမ္မႈမ်ားျဖစ္မည္ကို စိုးရိမ္ေသာေၾကာင့္ ၎တို႔၏ ျပတင္းေပါက္မ်ားကို အကာအရံမ်ားျဖင့္ ပိတ္စို႔ထားၿပီး

လက္နက္ႏွင့္ခဲယမ္း ကိုင္ေဆာင္ျခင္း၊ ရဲတပ္ဖြဲ႕ကို တိုက္ခိုက္ျခင္း စက္ေသနတ္ကိုင္ျခင္းအပါအဝင္ ဥပေဒခ်ိဳးေဖါက္အတြက္ ဖမ္းဆီးထားသူ အေရအတြက္မွာ အဂၤါေန႔ညပိုင္းအထိ ၆ ဦးရွိၿပီျဖစ္သည္။

ဝါရွင္တန္ဒီစီ ၿမိဳ႕ေတာ္ဝန္ ျမဴရီယယ္ေဘာက္ဆာက ၿမိဳ႕ေတာ္ ရဲတပ္ဖြဲ႕ကို အင္အားျဖည့္ရန္ အမ်ိဳးသား အေစာင္တပ္ကို ေခၚယူထားသည္။

 တနလၤာေန႔က က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတခုတြင္ မစၥေဘာက္ဆာက ဝါရွင္တန္ ဒီစီတြင္ေနထိုင္သူမ်ားအေနျဖင့္ ၿမိဳ႕လယ္ကို ေရွာင္ရွားရန္ႏွင့္ ရန္စေသာ သူ မည္သူႏွင့္မွ် ထိပ္တိုက္မေတြ႕ရန္ေျပာၾကားထားသည္။

သို႔ေသာ္သူမက “က်မတို႔ ၿမိဳ႕သူ ၿမိဳ႕သားေတြကို အၾကမ္းဖက္မႈ၊ၿခိမ္းေျခာက္မႈလႈံေဆာ္တာ ဒါမွမဟုတ္ က်မတို႔ ၿမိဳ႕ကို ဖ်က္ဆီးတာကို က်မခြင့္ျပဳမွာ မဟုတ္ဘူး” ဟုလည္း သတိေပးထားသည္။

ပါတီႏွစ္ခုလုံးမွ ေ႐ြးေကာက္ပြဲအရာရွိမ်ား၊ အႀကိတ္အနယ္ၿပိဳင္ရေသာ ျပည္နယ္မ်ားမွ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ထရမ့္၏ ေရွ႕ေနခ်ဳပ္ေဟာင္း ဝီလွ်ံဘားတို႔က ေ႐ြးေကာက္ပြဲတြင္ အက်ယ္အျပန႔္ မဲလိမ္ျခင္းမရွိေၾကာင္း ေျပာၾကားထားၿပီးျဖစ္သည္။

ထရမ့္ႏွင့္သူ၏ မဟာမိတ္မ်ား၏ ေ႐ြးေကာက္ပြဲရလဒ္အေပၚ ဥပေဒေၾကာင္းအရ စိန္ေခၚမႈအားလုံး နီးပါးကိုလည္း တရားသူႀကီးမ်ားက ပယ္ခ်ၿပီးျဖစ္သည္။ ဗဟိုတရား႐ုံးကပယ္ခ်လိုက္ေသာ စိန္ေခၚမႈ ႏွစ္ ခုရွိသည္။

ထရမ့္ကိုေထာက္ခံေသာ ဒီဇင္ဘာလက ဆႏၵျပပြဲတခုတြင္ ထရမ့္ကိုေထာက္ခံသူရာေပါင္းမ်ားစြာသည္ မာန္တက္ေနေသာ ကေလးမ်ား - Proud Boys အဖြဲ႕၏ သေကၤတ အနက္ေရာင္ႏွင့္ အဝါေရာင္ အဝတ္မ်ားကို ဝတ္ဆင္ၿပီး အိမ္ျဖဴေတာ္အနီးရွိ လူမည္းဘဝအေရးပါသည္ Black Lives Matter Plaza ပလာဇာသို႔ ဝင္ေရာက္ရန္ ႀကိဳးစားေသာေၾကာင့္ ၎တို႔ကို တားဆီးရန္ႀကိဳးစားသည္ ေဒသခံတက္ႂကြလႈပ္ရွားသူမ်ားႏွင့္ ထိပ္တိုက္ျဖစ္ခဲ့သည္။

အနည္းဆုံး လူမည္းဘုရားေက်ာင္းႏွစ္ခုမွ လူမဲဘဝအေရးပါသည္ဆိုသည့္ အလံမ်ား ျဖဳတ္ခ်မီးရႈိ႕ခံရၿပီးျဖစ္သည္။

ယခုအပါတ္အတြင္း စီစဥ္ထားသည့္ ဆႏၵျပပြဲမ်ားမတိုင္မီ ဝါရွင္တန္ ဒီစီသို႔ေရာက္လာေသာ အသက္ ၃၆ ႏွစ္အ႐ြယ္ Proud Boys ေခါင္းေဆာင္ ဟင္နရီတာရီယိုကို တနလၤာေန႔တြင္ ရဲတပ္ဖြဲ႕ ဖမ္းဆီးခဲ့သည္။

ဒီဇင္ဘာလ ဆႏၵျပပြဲမ်ားအတြင္း လႊင္ထူထားသည့္ ဝါရွင္တန္ၿမိဳ႕လယ္ရွိ သမိုင္းဝင္လူမည္း ဘုရားေက်ာင္းမွ Black Lives Matter အလံကိုျဖဳတ္ခ် မီးရႈိ႕သည္ဟု တာရီယို ကို စြပ္စြဲထားသည္။

ပစၥည္းဖ်က္ဆီးျခင္းအတြက္ တာရီယိုကို ဖမ္းဆီးရန္ ဝရမ္းတေစာင္ ထုတ္ျပန္ထားေၾကာင္း ရဲအဖြဲ႕ ေျပာသည္။

သူ႔ကို ဖမ္းဆီးခ်ိန္တြင္ စြမ္းအားျပင္း က်ည္ဆံႏွစ္ကပ္ေတြ႕ေသာေၾကာင့္ သူသည္ လက္နက္ဆိုင္ရာ စြဲခ်က္မ်ားကိုလည္း ရင္ဆိုင္ေနရေၾကာင္း ရဲတပ္ဖြဲ႕ ေျပာခြင့္ရသူကေျပာသည္။
 
ဆႏၵျပသူမ်ားသည္ အဂၤါေန႔ညေနတြင္ Freedom Plaza တြင္ စုေဝးၿပီး ဗုဒၶဟူးေန႔တေနကုန္တြင္ Ellipse တြင္စု႐ုံးကာ ေန႔လည္ ၁ နာရီတြင္ ကပီတို လႊတ္ေတာ္ အေဆာက္အအုံသို႔ ခ်ီတက္မည္ျဖစ္သည္။

Linko
Ref:lbc

ဝါရွင္တန္၊ ဇန္နဝါရီ ၆