【 နိုင်ငံတကာ 】ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ဆားကျွန်းစု ဇင်အိုင် သန္တာကျောက်တန်း အနီးပင်လယ်ဒေသသို့ အမေရိကန် စစ်သင်္ဘော ဝင်ရောက်သဖြင့် တရုတ်တပ်ဖွဲ့က စောင့်ကြည့်ခဲ့

【 နိုင်ငံတကာ 】ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ဆားကျွန်းစု ဇင်အိုင် သန္တာကျောက်တန်း အနီးပင်လယ်ဒေသသို့ အမေရိကန် စစ်သင်္ဘော ဝင်ရောက်သဖြင့် တရုတ်တပ်ဖွဲ့က စောင့်ကြည့်ခဲ့

တရုတ် တောင်ပိုင်းစစ်နယ် ပြောရေးဆိုခွင့်ရှိသူ လေတပ်စီနီယာ ဗိုလ်မှူးကြီး ထျန်ကျွင်လီက ဒီဇင်ဘာလ ၄ ရက်နေ့တွင် အမေရိကန် Giffords ပင်လယ် စစ်သင်္ဘောသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ဆားကျွန်းစု ဇင်အိုင် သန္တာကျောက်တန်းအနီး ပင်လယ်ဒေသသို့ တရားမဝင် ဝင်ရောက်ခဲ့သဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်သည် စစ်အင်အားများကို စုစည်းပြီး လမ်းတစ်လျှောက်လုံး လိုက်လံကြပ်မတ်ခဲ့ကြောင်းပြောခဲ့သည်ဟု China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 
ဗိုလ်မှူးကြီး ထျန်ကျွင်လီက အမေရိကန်သည် တောင်ပင်လယ် အခြေအနေ ရှုပ်ထွေးလာအောင် တမင်အနှောင့်အယှက်ပြုခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြင်းထန်စွာ ကျူးကျော်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံမှု အခြေခံ မူများကို ပြင်းထန်စွာ ဖောက်ဖျက်၍ အမေရိကန်သည် တောင်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်မှု၏ အကြီးဆုံး ခြိမ်းခြောက်မှုဖြစ်သည်ကို ပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းများနှင့် အနီးတစ်ဝိုက်ပင်လယ်ဒေသ အပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး စစ်မြေမှ တပ်ဖွဲ့များသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် တောင်ပင်လယ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group သတင်းဌာနက ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
 
ပေကျင်း၊ ဒီဇင်ဘာ ၄