【 နိုင်ငံတကာ 】ခရိုင်းမီးယားလေတပ်စခန်း ပေါက်ကွဲမှုအတွင်း ရုရှားလေယာဉ် ၉ စီးပျက်စီးဟု ယူကရိန်းပြော

【 နိုင်ငံတကာ 】ခရိုင်းမီးယားလေတပ်စခန်း ပေါက်ကွဲမှုအတွင်း ရုရှားလေယာဉ် ၉ စီးပျက်စီးဟု ယူကရိန်းပြော

ခရိုင်းမီးယားရှိ ရုရှားလေတပ်စခန်းကို ယူကရိန်းကတိုက်ခိုက်သောကြောင့် စစ်ရှိန်မြင့်လာမည်ဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေစဉ်အတွင်း ထိုပေါက်ကွဲမှုတွင် ရုရှားလေယာဉ် ၉ စီးပျက်စီးသွားကြောင်း ယူကရိန်းလေတပ်က ကြေညာခဲ့ပါတယ်။ 
အင်္ဂါနေ့ကဖြစ်ပွားသည့် ထိုပေါက်ကွဲမှုတွင် မည်သည့်လေယာဉ်မျှ မပျက်စီးကြောင်း ရုရှားက ကြေညာပါတယ်။ 
သို့သော် ယူကရိန်းအရာရှိများက ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခြင်း မရှိဘဲ သတိလက်လွတ်ဆေးလိပ်သောက်သူတစ်ဦးကြောင့် ဆာကီ လေတပ်စခန်းမှ ခဲယမ်းများပေါက်ကွဲသွားကြောင်း ရုရှားက ထုတ်ပြန်ခြင်းကို ဟာသလုပ်ခဲ့ပါတယ်။ ကျွမ်းကျင်သူများကလည်း ထိုအကြောင်းပြချက်သည် အမှန်မဖြစ်နိုင်ကြောင်း ယူကရိန်းက သင်္ဘောပစ်ဒုံးကျည်နှင့်ပစ်ခတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ 
၎င်းတို့လက်ချက်ဖြစ်ကြောင်း ယူကရိန်း အရာရှိများက မကြေညာသော်လည်း ခရိုင်းမီးယား ကျွန်းဆွယ်သည် အရေးပါကြောင်းပြောပါတယ်။ ထိုကျွန်းဆွယ်ကို ရုရှားက လွန်ခဲ့သော ၈ နှစ်က သိမ်းယူလိုက်ခြင်းဖြစ်ပါတယ်။ 
 
Linko
 
Ref:AP
 
ကိယက်ဗ့်၊ ဩဂုတ် ၁၁