【 နိုင်ငံတကာ 】ကွန်ဂိုထောင်မှ အကျဉ်းသား ၇၀၀ ကျော်ထွက်ပြေးလွတ်မြောက်

 【 နိုင်ငံတကာ 】ကွန်ဂိုထောင်မှ အကျဉ်းသား ၇၀၀ ကျော်ထွက်ပြေးလွတ်မြောက် 

သူပုန်များ ဝင်ရောက်တိုက်ခိုက်ခြင်းခံရပြီးနောက် ကွန်ဂိုနိုင်ငံအကျဉ်းထောင်တခုမှ အကျဉ်းသား ၇၅၀ ခန့် ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုပါတယ်။

နိုင်ငံအရှေ့ပိုင်း ဘူတန်ဘိုတွင် ဖြစ်ပွားသည့် ထိုတိုက်ခိုက်မှုအတွင်း ရဲ ၂ နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၅ ဦးသေဆုံးသည်ဟု ဒေသဆိုင်ရာ အရာရှိများ ဗုဒ္ဓဟူးနေ့တွင်ပြောပါတယ်။

အစ္စလမ်မစ်သူပုန်အဖွဲ့အစည်းဖြစ်သော မဟာမိတ် ဒီမိုကရက်တစ်တပ်များသည် ကာကွန်ဂူရာထောင်တွင် အကျဉ်းသားလွှဲပြောင်းမှု လုပ်နေစဉ်အတွင်း တိုက်ခိုက်ကြောင်း ကွန်ဂိုစစ်တပ်ပြောခွင့်ရသူ ဗိုလ်ကြီး အန်ထော်နီ မွာလပ်ရှေးက ပြောပါတယ်။

ထောင်ကိုတိုက်ခိုက်သည့် သူပုန်အဖွဲ့မှ ၃ ယောက်သည် တိုက်ခိုက်မှုအတွင်း မီးလောင်သေဆုံးသွားကြောင်း သူကပြောပါတယ်။ ထိုသူပုန်အဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်များကို ဘန်နီမှ ဘူတမ်မိုအကျဉ်းထောင်သို့ ပြောင်းမည်ဆိုသည့် သတင်းကို အခြေခံပြီး ထိုအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

“ပြည်သူတွေအနေနဲ့ စိတ်အေးလက်အေးနေဖို့ ကျနော်တို့ ပြောလိုပါတယ်” ဟု သူကပြောပါတယ်။ ဘူတန်မို မြို့တော်ဝန် မိုဝါဘေကီတယ်လီက ထိုအကျဉ်းထောင်တွင် အကျဉ်းသား ၈၀၀ ခန့်ရှိပြီး ၅၀ ခန့်သာ ကျန်ခဲ့ကြောင်းပြောပါတယ်။ ကွန်ဂိုနိုင်ငံ မြောက်ကီဗူးပြည်နယ်မှ ကန်နဘာရီ အကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်အောက်တိုဘာလက တိုက်ခိုက်စဉ်ကလည်း အကျဉ်းသား ၁၃၀၀ ခန့်လွတ်မြောက်ခဲ့ဖူးပါတယ်။

Linko

Ref: The Independent

ကင်ရှာဆာ၊ ဩဂုတ် ၁၁