【 နိုင်ငံတကာသတင်း 】နှစ်လအတွင်း ဥရောပ ထက်ဝက်ကျော်ကို အိုမီခရွန်ကူးစက်ပျံ့နှံ့နိုင်ဟု WHO သတိပေး

【 နိုင်ငံတကာသတင်း 】နှစ်လအတွင်း ဥရောပ ထက်ဝက်ကျော်ကို အိုမီခရွန်ကူးစက်ပျံ့နှံ့နိုင်ဟု WHO သတိပေး  

လက်ရှိနှုန်းဖြင့်ကူးစက်မှုများ ဆက်လက်ရှိနေပါက နောက်နှစ်လအတွင်း ဥရောပရှိလူများ၏ ထက်ဝက်ကျော်မှာ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ရန်လမ်းကြောင်းပေါ်ရှိနေ တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဟန်ကလုဂ်က အိုမီခရွန်မျိုးကွဲနှင့် ပတ်သက်ပြီးသတိပေးခဲ့ရာမှာ “ အနောက်မှ အရှေ့သို့ အသစ်တဖန် ဒီလှိုင်းလို ဥရောပဒေသကို ဖြတ်ကျော်ဝင်ရောက်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

“ဒီနှုန်းဖြင့် ဆိုလျှင် ဒေသတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ လာမည့် ခြောက်ပတ်မှ ရှစ်ပတ်အတွင်း အိုမီခရွန် ကူးစက်ခံရမည်ဟု ကျန်းမာရေးတိုင်းတာမှု နှင့် အကဲဖြတ်ရေး အင်စတီကျု (IHME)က ခန့်မှန်းထားကြောင်း ” ကလုဂ်က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ပထမပတ်တွင် ဥရောပတစ်လွှား အိုမီခရွန်မျိုးကွဲသစ် ခုနစ်သန်းကျော် ဖြစ်ပွားခဲ့ပြီး နှစ်ပတ်အတွင်း နှစ်ဆထက် ပိုများလာခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

“အိုမီခရွန်မှာ ကျွန်ုပ်တို့မြင်ဖူးသည့် မည်သည့် (ယခင်) မျိုးကွဲများထက် ပိုမြန်ပြီး ပိုကျယ်ပြန့်တယ်” လို့  ၎င်းက ပြောကြားခဲ့ပါတယ်။

ကလုဂ်က နိုင်ငံများတွင် အိမ်တွင်း maskများ အသုံးပြုခြင်းကို ပြဋ္ဌာန်းရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကူးစက်မှုအန္တရာယ်ရှိသောလူများတွင် boost doses များအပါအဝင် ကာကွယ် ဆေးထိုးခြင်းကို ဦးစားပေးဆောင်ရွက်ရန် နိုင်ငံများအား တောင်းဆိုခဲ့ပါတယ်။

WHO ၏ ဥရောပဒေသတွင် ဗဟိုအာရှရှိအများအပြားအပါအ၀င် နိုင်ငံနှင့်နယ်မြေ ၅၃ခု ပါ၀င်ပြီး ၎င်းတို့ ထဲမှ နိုင်ငံနှင့်နယ်မြေ ၅၀ တွင် အိုမီခရွန်မျိုးကွဲတွေရှိမှုကို အတည်ပြုထားကြောင်း ကလုဂ်က မှတ်ချက်ပြုခဲ့ပါတယ်။

Linko

Ref:TRT world

ဂျနီဗာ၊ ဇန်နဝါရီ ၁၂