【နိုင်ငံတကာ】အာဏာရှင်ဟောင်း မားကိုစ့်၏သား ရွေးကောက်ပွဲတွင် အနိုင်ရသဖြင့် ဖိလစ်ပိုင်တွင် ဆန္ဒပြပွဲများ ဖြစ်ပွား

【နိုင်ငံတကာ】အာဏာရှင်ဟောင်း မားကိုစ့်၏သား ရွေးကောက်ပွဲတွင် အနိုင်ရသဖြင့် ဖိလစ်ပိုင်တွင် ဆန္ဒပြပွဲများ ဖြစ်ပွား

အာဏာရှင်မိသားစုဖြစ်သော မားကိုစ့် မိသားစုမှ ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရပြီးနောက် ဖိလစ်ပိုင်သည် အင်္ဂါနေ့တွင် ရင်းနှီးသော နိုင်ငံရေးအခင်းအကျင်း အသစ် နိုးထလာခဲ့ပြီး ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပါတယ်။ 
ဘွန်ဘွန်ဟု လူသိများသော မားကို့စ်သည် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင်  ခါးသီးသော ပြိုင်ဘက် လီနီ ရော်ဘရီဒိုကို ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် သမ္မတဖြစ်လာတော့မှာ ဖြစ်ပါတယ်။ 
မားကို့စ်မှာ ၎င်းဖခင်၏ သက်ဦးဆံပိုင် အနှစ် ၂၀ အုပ်ချုပ်မှုကို အဆုံးသတ်စေသည့် ၁၉၈၆ ခုနှစ် ပြည်သူ့ အာဏာ လူထုအုံကြွမှုအတွင်း ၎င်း၏မိသားစုနှင့်အတူ ဟာဝိုင်အီတွင် ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ်တွင် ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကွန်ဂရက်နှင့် အထက်လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 
တရားဝင်မဟုတ်တဲ့ မဲရေတွက်မှု ကိန်းဂဏန်းရလဒ်တွေအရ တနင်္လာနေ့ ရွေးကောက်ပွဲမှာ မားကို့စ်မှာ မဲအရေအတွက် ၃၁ သန်းနီးပါးရရှိထားကြောင်း ထိုအရေအတွက်မှာ ပြိုင်ဘက် လီနီ ရော်ဘရီဒိုရဲကနှစ်ဆ ဖြစ်ကြောင်း သိရပါတယ်။ 
တရားဝင်ရလဒ်ကို လကုန်ပိုင်းမှ ကြေညာမည်ဖြစ်သော်လည်း ပြင်ပတွက်ချက်ခြင်းများအရ ရေတွက် ပြီးမဲများ၏ ၉၈ ရာခိုင်နှုန်းက မားကို့စ်အတွက် ပေးထားခြင်းဖြစ်ပါတယ်။ 
Facebook မှာ လွှင့်တင်ခဲ့တဲ့ ကြေညာချက်ထဲမှာ မားကို့စ်က “စည်းလုံးညီညွတ်ရေး သတင်းစကားအပေါ် ယုံကြည်ချက်ကြောင့် ငါတို့နဲ့ အတူ မဲဆွယ်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေ၊ စင်ပြိုင်အဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်”ဟု  ဖိလစ်ပိုင် အလံဘေးကနေ ရပ်ပြီး ပြောခဲ့ပါတယ်။ 
အသက် ၆၄ နှစ်အရွယ် မားကို့စ်သည် ညီညွတ်ရေးအတွက် ပလက်ဖောင်းတည်ဆောက်သွားမည်ဟု ဆိုသော်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထိုသို့ဖြစ်မလာနိုင်ဟု သုံးသပ်ကြပါတယ်။ 
ဖိလစ်ပိုင်စတော့ရှယ်ယာများသည် အင်္ဂါနေ့တွင် ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ကျဆင်းမှုမှာ မားကို့စ်၏ မူဝါဒများ မသေချာမရေရာမှုဟု အကဲခတ်သူများက ကိုးကားကြသော်လည်း ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာတန်ဖိုးများ ကျဆင်းသွားခဲ့ပါတယ်။ 
 "ရင်းနှီးမြှုပ်နှံသူတွေက သူ့စီးပွားရေးအဖွဲ့ကို မြင်ချင်ကြတယ်" ဟု မနီလာရှိ BDO Unibank ၏ ဈေးကွက်ဗျူဟာမှူး  ဂျိုနသတ် ရာဗီလက်စ် က ပြောခဲ့ပါတယ်။ ပီဆိုငွေကြေးသည် ဒေါ်လာနှင့်ယှဉ်လျှင် ၀.၄
ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ 
မားကို့စ်မိသားစု အုပ်ချုပ်စဉ် ၁၉၇၂-၁၉၈၁ ခုနှစ် ကာလတွင် မာရှယ်လောကြောင့် အတိုက်အခံများ ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး မားကို့စ် မိသားစုမှာမူ နိုင်ငံပိုင် ငွေ ဒေါ်လာဘီလီယံချီကို ပိုင်ဆိုင်ကာ  ကုံလုံပြည့်စုံစွာ နေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် မားကို့စ် မိသားစုက လူမှုကွန်ယက်ကို အသုံးချနေပြီး သမိုင်းတွင် မှားယွင်းခဲ့မှုမရှိကြောင်း ငြင်းဆန်ထားပါတယ်။ 
မားကို့စ်က သမ္မတ ဖြစ်လာခြင်းက  လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ ဆာရာ ဒူတာတေး ကာပီယိုအား ဒုသမ္မတဖြစ်စေရန် သေချာသွားခြင်းဖြစ်စေပါတယ်။ 
အင်္ဂါနေ့တွင် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ကျောင်းသားအများစုပါသော လူ ၄၀၀ ခန့်သည် မားကို့စ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ မားကို့စ်မိသားစု အုပ်ချုပ်စဉ်က နစ်နာသူဖြစ်ခဲ့သူများက မားကို့စ်အား သမ္မတပြိုင်ပွဲမှ ဖယ်ရှားပေးရေးကိုလည်း တိုင်တန်းထားကြပါတယ်။  
လူ့အခွင့်အရေးအဖွဲ့ဖြစ်‌သော Karapatan က အလိမ်အညာနှင့် သတင်းမှားများဖြင့် တည်ဆောက် ထားသော မားကို့စ်၏ သမ္မတအဖြစ် အုပ်ချုပ်ခြင်းကို လက်မခံရန် ဖိလစ်ပိုင်ပြည်သူများကို တိုက်တွန်းခဲ့ပါတယ်။
ဒုတိယသမ္မတ ဖြစ်သူ လီနီ ရိုဘရက်ဒိုကလည်း ထောက်ခံသူများအား လာမည့်ရွေးကောက်ပွဲအထိ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းထားပါတယ်။ 
 
Linko
 
Ref:Reuters
 
မနီလာ၊ မေ ၁၀