“ မြန်မာအာဏာသိမ်းမှု အနောက်တိုင်းစီးပွားရေးများထိခိုက်”

“ မြန်မာအာဏာသိမ်းမှု အနောက်တိုင်းစီးပွားရေးများထိခိုက်”

စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံထားသော အမေရိကန်ပြည်ထောင်စုနှင့် အခြား အနောက်တိုင်းနိုင်ငံများမှ ကုမ္ပဏီများ၏ စိတ်ဝင်စားမှုကိုလျှော့နည်းစေပြီး အမေရိကန်ကုမ္ပဏီကြီး များထွက် ခွာသွားမှု ဖြစ်စေနိုင်ကြောင်း ကုန်သွယ်ရေး ကျွမ်းကျင်သူများနှင့် သုတေသီများ ပြောကြားသည်။
 
မြန်မာနှင့်အမေရိကန်ပြည်ထောင်စုအကြားကုန်သွယ်မှုမှာ ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖိုးရှိရာမှ  ၂၀၂၀ ခုနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးအထိမြင့်တက်လာကြောင်း အမေရိကန် စာရင်အင်းဗျူရို၏ အဆိုအရ သိရသည်။
 
အဝတ်အထည်နှင် ဖိနပ်များသည် အမေရိကန်က မြန်မာမှတင်သွင်းကုန်အားလုံး၏ ၄၁ ရာခိုင်နှုန်းရှိ ကာ အထုတ်အပိုးအိပ်များက ၃၀ ရာခိုင်နှုန်းရှိပြီး ငါးတင်ပို့မှု ၄ ရာခိုင်နှုန်းရှိကြောင်း S&P Global Market Intelligence ဈေးကွက်သုတေသနဌာနလုပ်ငန်း Panjiva ကဆိုသည်။
 
အထုတ်အပိုးအိပ်လုပ်ငန်း Samsonite နှင့် ပုဂ္ဂလိကပိုင် အထည်ချုပ်လုပ်ငန်း LL Bean သည် လက်လီအရောင်းလုပ်ငန်း H&M နှင့် Adidas အပြင် မြန်မာနိုင်ငံမှ အဓိကတင်သွင်းနေသည့် အမေရိကန်လုပ် ငန်းကြီးများဖြစ်ကြောင်း Panjiva ကဆိုသည်။
 
အမေရိကန်ကမြန်မာနိုင်ငံမှ သွင်းကုန်မြင့်မားလာခြင်းသည် တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ခြင်း ကြောင်းတစိတ်တပိုင်းပါသော်လည်း မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ကုန်စည်ပေးပို့သော နိုင်ငံများစာရင်းတွင် အဆင့် ၈၄ သာရှိကြောင်းအမေရိကန် စာရင်းများအရ သိရသည်။
 
၂၀၁၉-၂၀ ဘာဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကတိ ကဝတ် ၃၃ ရာခိုင်နှုန်းတက်လာပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလျှံရှိကြောင်း ကမ္ဘာ့ဘဏ်ကဆို သည်။ ထိုကတိကဝတ် များတွင် စင်္ကာပူနှင့်ဟောင်ကောင်ကထိပ်ဆုံးမှ ပါဝင်သော်လည်း ကပ်ရောဂါနှင့် ဈေးကွက် ဖြစ်ပေါ်တိုးတက်မှုများအရ မရေရာတော့ပေ။
 
လွန်ခဲ့သော နှစ်ကုန်အထိ တရုတ်နိုင်ငံသည် ဒေါ်လာ ၂၁.၅ သန်းမြှုပ်နှံထားသည့် စင်္ကာပူပြီးလျှင်  မြန်မာနိုင်ငံတွင် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ဘေကျင်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၃ ပုံ ၁ ပုံရှိပြီး အမေရိကန်ပြည်ထောင်စုထက် ၁၀ ဆ ကျော်သည်။အမေရိကန်က မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မသိရသောကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးကပြောသည်။
 
မြန်မာစစ်တပ်သည် တနင်္လာနေ့က စစ်တပ်အကြီးအကဲမင်းအောင်လှိုင်ကို အာဏာပေးအပ်ပြီး တနှစ်ကြာအရေးပေါ်အခြေအနေကြေညာသည်။ ရွေးကောက်ပွဲတွင်လိမ်သည်ဟု မဲလိမ်ကြောင်း အကြောင်းပြခဲ့သည်။
 
တင်းမာမှု ပိုမိုဆိုးရွား
 
ထိုလုပ်ရပ်ကို အနောက်နိုင်ငံခေါင်းဆောင်များက ရှုတ်ချပြီး အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ မှုသစ် ချမှတ်ရန် ခြိမ်းခြောက်ကာ မြန်မာမှ ဘင်္ဂါလီ( ဆောင်းပါးအသုံးအနူန်း Rohingya) တစ်သန်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်သည်။
 
ယခုအာဏာသိမ်းမှုသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အမေ ရိကန်-မြန်မာဆက်ဆံရေးကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုဆက်ဆံရေး ရှုပ်ထွေးစေ မည်ဖြစ်ကြောင်း Woodrow Wilson International Center for Scholars ဌာနမှ လူးကပ်စ် မိုင်ယာပြောသည်။
 
“ကုန်သွယ်ရေးမှာ ဘင်္ဂါလီ( ဆောင်းပါးအသုံးအနူန်း Rohingya)ပြဿနာကြောင့် လူ့အခွင့်အရေး မှတ် တမ်းမကောင်းဘဲ တရုတ်နဲ့ယှဉ်ရင် မြန်မာက အနောက်နိုင်ငံလုပ်ငန်းတွေအတွက် ဆွဲဆောင်မှုအားနည်း တယ်” ဟု မိုင်ယာပြောသည်။
 
ဘိုင်ဒင်အစိုးရက လူ့အခွင့်အရေးကို ပိုမိုအာရုံစိုက်ရန် ကတိပေးထားစဉ် ယခုအာဏာသိမ်းမှုကြောင်း အမေရိကန် ကုမ္ပဏီများ မြန်မာမှ ထွက်ခွာနိုင်ကြောင်း နိုင်ငံတကာသေနင်္ဂဗျူဟာလေ့လာရေးဌာနမှ ကုန်သွယ် ရေး ကျွမ်းကျင်သူ ဝီလျှံ ရင့်ချ်ပြောသည်။
 
လုပ်အားခ ဈေးချိုသောကြောင့် အမေရိကန်ကုမ္ပဏီအချို့သည် မကြာသေးမီနှစ်များအတွင်  တရုတ်မှ မြန်မာနိုင်ငံသို့ရွှေ့ပြောင်းလာသော်လည်း မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံမရှိသောကြောင်း ရင်းနှီးမြှုပ် နှံမှု မထွန်းကားကြောင်း သူပြောသည်။
 
အမေရိကန်လုပ်ငန်းအများစုသည် နှိုင်းယှဉ်ချက်အားဖြင့် ရင်းနှီးမြှုပ်နှံမှုနည်းသောကြောင့် အချိန်ယူရန်လို လျှင်ပင် အလွယ်တကူ ရွှေ့ပြောင်းနိုင်ကြောင်း ရင့်ချ်ပြောသည်။“တပိုင်းလျှပ်ကူးဆီမီကွန်ဒတ်တာတွေ ထုတ်နေတာ မဟုတ်ဘူး။ ဒီစက်ရုံတွေက ထူထောင်ရတာ နှိုင်းယှဉ်ချက်အားဖြင့်လွယ်တယ်” ဟု သူပြောသည်။
 
၎င်းတို့အဖွဲ့ဝင်အများအပြားသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခဲ့ကြောင်း ယခုအာဏာသိမ်းမှုကြောင့် စိုးရိမ်နေကြောင်း အမေရိကန်အဝတ်အထည်နှင့်ဖိနပ်လုပ်ငန်းအသင်း ဥက္ကဋ္ဌ စတီဖင်လမ်းမားပြောသည်။
 
“ဒီမိုကရေစီအခွင့်အရေးတွေနဲ့ အင်စတီကျူးရှင်းတွေကို ချက်ခြင်းပြန်လည်ထိန်းသိမ်းဖို့ ကျနော်တို့တိုက် တွန်းတယ်။အခုအကျပ်အတည်းကို လျှင်မြန် ငြိမ်းချမ်း ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းဖို့ ၊ အလုပ်ကြိုးစားတဲ့ မြန်မာ ပြည်သူတွေလုပ်ဆောင်ထားတဲ့ စီးပွားရေးတိုးတက်မှုကို မထိခိုက်တဲ့နည်းနဲ့ဖြေရှင်းဖို့ ကျနော်တို့နှလုံးသား နဲ့ဆုတောင်းတွေက မြန်မာပြည်သူတွေနဲ့အတူရှိတယ်” ဟု သူပြောသည်။
 
အခြေအနေကို စောင့်ကြည့်နေကြောင်း ကုန်စည်ပေးသွင်းသူများနှင့် အနီးကပ်ဆက်ဆံနေကြောင်း H&M ပြောခွင့်ရသူကပြောသော်လည်း နေရာရွေ့ပြောင်းရန် လတ်တလောအစီအစဉ်နှင့်ပတ်သက်ပြီး ပြောကြား ခြင်းမရှိပေ။
 
“ဖြစ်ရပ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်။ ဒီလိုပြောလို့ ကျနော်တို့ဘာဆက်လုပ်မယ်ဆိုတာကို မဆိုလိုဘူး” ဟု ထိုသူပြောသည်။
 
Linko
 
Ref: Ref: Myanmar coup may hit Western business interests: Trade experts:aljazeera 
 
(   Zawgyi  )
 
 စစ္အာဏာသိမ္းမႈသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳုပ္ႏွံထားေသာ အေမရိကန္ျပည္ေထာင္စုႏွင့္ အျခား အေနာက္တိုင္းႏိုင္ငံမ်ားမွ ကုမၸဏီမ်ား၏ စိတ္ဝင္စားမႈကိုေလွ်ာ့နည္းေစၿပီး အေမရိကန္ကုမၸဏီႀကီး မ်ားထြက္ ခြာသြားမႈ ျဖစ္ေစႏိုင္ေၾကာင္း ကုန္သြယ္ေရး ကြၽမ္းက်င္သူမ်ားႏွင့္ သုေတသီမ်ား ေျပာၾကားသည္။
 
ျမန္မာႏွင့္အေမရိကန္ျပည္ေထာင္စုအၾကားကုန္သြယ္မႈမွာ ၂၀၁၉ ခုႏွစ္က အေမရိကန္ေဒၚလာ ၁.၂ ဘီလီယံဖိုးရွိရာမွ  ၂၀၂၀ ခုႏွစ္ ၁၁ လအတြင္း အေမရိကန္ေဒၚလာ ၁.၃ ဘီလီယံဖိုးအထိျမင့္တက္လာေၾကာင္း အေမရိကန္ စာရင္အင္းဗ်ဴ႐ို၏ အဆိုအရ သိရသည္။
 
အဝတ္အထည္ႏွင္ ဖိနပ္မ်ားသည္ အေမရိကန္က ျမန္မာမွတင္သြင္းကုန္အားလုံး၏ ၄၁ ရာခိုင္ႏႈန္းရွိ ကာ အထုတ္အပိုးအိပ္မ်ားက ၃၀ ရာခိုင္ႏႈန္းရွိၿပီး ငါးတင္ပို႔မႈ ၄ ရာခိုင္ႏႈန္းရွိေၾကာင္း S&P Global Market Intelligence ေဈးကြက္သုေတသနဌာနလုပ္ငန္း Panjiva ကဆိုသည္။
 
အထုတ္အပိုးအိပ္လုပ္ငန္း Samsonite ႏွင့္ ပုဂၢလိကပိုင္ အထည္ခ်ဳပ္လုပ္ငန္း LL Bean သည္ လက္လီအေရာင္းလုပ္ငန္း H&M ႏွင့္ Adidas အျပင္ ျမန္မာႏိုင္ငံမွ အဓိကတင္သြင္းေနသည့္ အေမရိကန္လုပ္ ငန္းႀကီးမ်ားျဖစ္ေၾကာင္း Panjiva ကဆိုသည္။
 
အေမရိကန္ကျမန္မာႏိုင္ငံမွ သြင္းကုန္ျမင့္မားလာျခင္းသည္ တ႐ုတ္ႏိုင္ငံအေပၚ အခြန္တိုးျမႇင့္ျခင္း ေၾကာင္းတစိတ္တပိုင္းပါေသာ္လည္း ျမန္မာႏိုင္ငံသည္ အေမရိကန္ျပည္ေထာင္စုသို႔ ကုန္စည္ေပးပို႔ေသာ ႏိုင္ငံမ်ားစာရင္းတြင္ အဆင့္ ၈၄ သာရွိေၾကာင္းအေမရိကန္ စာရင္းမ်ားအရ သိရသည္။
 
၂၀၁၉-၂၀ ဘာ႑ာေရးႏွစ္အတြင္း ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈကတိ ကဝတ္ ၃၃ ရာခိုင္ႏႈန္းတက္လာၿပီး အေမရိကန္ေဒၚလာ ၅.၅ ဘီလွ်ံရွိေၾကာင္း ကမာၻ႔ဘဏ္ကဆို သည္။ ထိုကတိကဝတ္ မ်ားတြင္ စကၤာပူႏွင့္ေဟာင္ေကာင္ကထိပ္ဆုံးမွ ပါဝင္ေသာ္လည္း ကပ္ေရာဂါႏွင့္ ေဈးကြက္ ျဖစ္ေပၚတိုးတက္မႈမ်ားအရ မေရရာေတာ့ေပ။
 
လြန္ခဲ့ေသာ ႏွစ္ကုန္အထိ တ႐ုတ္ႏိုင္ငံသည္ ေဒၚလာ ၂၁.၅ သန္းျမႇဳပ္ႏွံထားသည့္ စကၤာပူၿပီးလွ်င္  ျမန္မာႏိုင္ငံတြင္ ဒုတိယအႀကီးမားဆုံး ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္သည္။ ေဘက်င္းသည္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈ ၃ ပုံ ၁ ပုံရွိၿပီး အေမရိကန္ျပည္ေထာင္စုထက္ ၁၀ ဆ ေက်ာ္သည္။အေမရိကန္က ျမန္မာႏိုင္ငံတြင္ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈကို မသိရေသာေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္႐ုံးကေျပာသည္။
 
ျမန္မာစစ္တပ္သည္ တနလၤာေန႔က စစ္တပ္အႀကီးအကဲမင္းေအာင္လႈိင္ကို အာဏာေပးအပ္ၿပီး တႏွစ္ၾကာအေရးေပၚအေျခအေနေၾကညာသည္။ ေ႐ြးေကာက္ပြဲတြင္လိမ္သည္ဟု မဲလိမ္ေၾကာင္း အေၾကာင္းျပခဲ့သည္။
 
တင္းမာမႈ ပိုမိုဆိုး႐ြား
 
ထိုလုပ္ရပ္ကို အေနာက္ႏိုင္ငံေခါင္းေဆာင္မ်ားက ရႈတ္ခ်ၿပီး အေမရိကန္အစိုးရက အေရးယူပိတ္ဆို႔ မႈသစ္ ခ်မွတ္ရန္ ၿခိမ္းေျခာက္ကာ ျမန္မာမွ ဘဂၤါလီ( ေဆာင္းပါးအသုံးအႏူန္း Rohingya) တစ္သန္းႏွင့္ ပတ္သက္ၿပီး ေမးခြန္းထုတ္သည္။
 
ယခုအာဏာသိမ္းမႈသည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ အေရးယူပိတ္ဆို႔မႈမ်ား ခ်မွတ္ၿပီးေနာက္ အေမ ရိကန္-ျမန္မာဆက္ဆံေရးကို ပိုမိုဆိုး႐ြားေစမည္ျဖစ္ေၾကာင္းႏွင့္ ကုန္သြယ္မႈဆက္ဆံေရး ရႈပ္ေထြးေစ မည္ျဖစ္ေၾကာင္း Woodrow Wilson International Center for Scholars ဌာနမွ လူးကပ္စ္ မိုင္ယာေျပာသည္။
 
“ကုန္သြယ္ေရးမွာ ဘဂၤါလီ( ေဆာင္းပါးအသုံးအႏူန္း Rohingya)ျပႆနာေၾကာင့္ လူ႔အခြင့္အေရး မွတ္ တမ္းမေကာင္းဘဲ တ႐ုတ္နဲ႔ယွဥ္ရင္ ျမန္မာက အေနာက္ႏိုင္ငံလုပ္ငန္းေတြအတြက္ ဆြဲေဆာင္မႈအားနည္း တယ္” ဟု မိုင္ယာေျပာသည္။
 
ဘိုင္ဒင္အစိုးရက လူ႔အခြင့္အေရးကို ပိုမိုအာ႐ုံစိုက္ရန္ ကတိေပးထားစဥ္ ယခုအာဏာသိမ္းမႈေၾကာင္း အေမရိကန္ ကုမၸဏီမ်ား ျမန္မာမွ ထြက္ခြာႏိုင္ေၾကာင္း ႏိုင္ငံတကာေသနဂၤဗ်ဴဟာေလ့လာေရးဌာနမွ ကုန္သြယ္ ေရး ကြၽမ္းက်င္သူ ဝီလွ်ံ ရင့္ခ်္ေျပာသည္။
 
လုပ္အားခ ေဈးခ်ိဳေသာေၾကာင့္ အေမရိကန္ကုမၸဏီအခ်ိဳ႕သည္ မၾကာေသးမီႏွစ္မ်ားအတြင္  တ႐ုတ္မွ ျမန္မာႏိုင္ငံသို႔ေ႐ႊ႕ေျပာင္းလာေသာ္လည္း ျမန္မာႏိုင္ငံတြင္ အေျခခံအေဆာက္အအုံမရွိေသာေၾကာင္း ရင္းႏွီးျမႇဳပ္ ႏွံမႈ မထြန္းကားေၾကာင္း သူေျပာသည္။
 
အေမရိကန္လုပ္ငန္းအမ်ားစုသည္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းေသာေၾကာင့္ အခ်ိန္ယူရန္လို လွ်င္ပင္ အလြယ္တကူ ေ႐ႊ႕ေျပာင္းႏိုင္ေၾကာင္း ရင့္ခ်္ေျပာသည္။“တပိုင္းလွ်ပ္ကူးဆီမီကြန္ဒတ္တာေတြ ထုတ္ေနတာ မဟုတ္ဘူး။ ဒီစက္႐ုံေတြက ထူေထာင္ရတာ ႏႈိင္းယွဥ္ခ်က္အားျဖင့္လြယ္တယ္” ဟု သူေျပာသည္။
 
၎တို႔အဖြဲ႕ဝင္အမ်ားအျပားသည္ ျမန္မာႏိုင္ငံတြင္ စီးပြားေရးလုပ္ခဲ့ေၾကာင္း ယခုအာဏာသိမ္းမႈေၾကာင့္ စိုးရိမ္ေနေၾကာင္း အေမရိကန္အဝတ္အထည္ႏွင့္ဖိနပ္လုပ္ငန္းအသင္း ဥကၠ႒ စတီဖင္လမ္းမားေျပာသည္။
 
“ဒီမိုကေရစီအခြင့္အေရးေတြနဲ႔ အင္စတီက်ဴးရွင္းေတြကို ခ်က္ျခင္းျပန္လည္ထိန္းသိမ္းဖို႔ က်ေနာ္တို႔တိုက္ တြန္းတယ္။အခုအက်ပ္အတည္းကို လွ်င္ျမန္ ၿငိမ္းခ်မ္း ဒီမိုကေရစီနည္းနဲ႔ ေျဖရွင္းဖို႔ ၊ အလုပ္ႀကိဳးစားတဲ့ ျမန္မာ ျပည္သူေတြလုပ္ေဆာင္ထားတဲ့ စီးပြားေရးတိုးတက္မႈကို မထိခိုက္တဲ့နည္းနဲ႔ေျဖရွင္းဖို႔ က်ေနာ္တို႔ႏွလုံးသား နဲ႔ဆုေတာင္းေတြက ျမန္မာျပည္သူေတြနဲ႔အတူရွိတယ္” ဟု သူေျပာသည္။
 
အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း ကုန္စည္ေပးသြင္းသူမ်ားႏွင့္ အနီးကပ္ဆက္ဆံေနေၾကာင္း H&M ေျပာခြင့္ရသူကေျပာေသာ္လည္း ေနရာေ႐ြ႕ေျပာင္းရန္ လတ္တေလာအစီအစဥ္ႏွင့္ပတ္သက္ၿပီး ေျပာၾကား ျခင္းမရွိေပ။
 
“ျဖစ္ရပ္ေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္။ ဒီလိုေျပာလို႔ က်ေနာ္တို႔ဘာဆက္လုပ္မယ္ဆိုတာကို မဆိုလိုဘူး” ဟု ထိုသူေျပာသည္။
 
Linko
 
Ref: Ref: Myanmar coup may hit Western business interests: Trade experts:aljazeera