၉/၁၁ နှစ်ပတ်လည်နေ့တွင် အာဖဂန်ရှိ အမေရိကန်သံရုံးအနီး ဒုံးကျည်ပေါက်ကွဲ

၉/၁၁ နှစ်ပတ်လည်နေ့တွင် အာဖဂန်ရှိ အမေရိကန်သံရုံးအနီး ဒုံးကျည်ပေါက်ကွဲ

အယ်ကေဒါးများက အမေရိကန် နယူးယောက်ရှိ အမြွှာညီနောင်တာဝါကို တိုက်ခိုက်ခဲ့သည့် ၉/၁၁ နှစ်ပတ်လည် အချိန်အခါ ကျရောက်မည့် ဗုဒ္ဓဟူးနေ့ရောက်ရန် မိနစ်ပိုင်းအလိုတွင် အာဖဂန်ရှိ အမေရိကန်သံရုံးသို့ ဒုံးကျည်ကျ ရောက်ခဲ့ပါတယ်။

ထိုသို့ ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့သော်လည်း သံတမန်ဝင်းအတွင်း ထိခိုက်သေဆုံးမှုမရှိဘဲ အားလုံးအခြေအနေကောင်းသည်ဟု တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

ကဘူးလ်မြို့ အလယ်ပိုင်း ဒုံးကျည်ပေါက်ကွဲမှုကြောင့် မီးခိုးတွေထွက်လာတာကို ညလယ်မှာ မြင်ရသလို ပေါက်ကွဲသံတွေလည်း ကြားရတယ် ဆိုပါတယ်။သံရုံးအတွင်းရှိ အလုပ်သမားတွေကတော့ စပီကာကနေ "သံရုံးဝန်းထဲ ဒုံးကျည်ကျရောက် ပေါက်ကွဲနေတယ်" လို့ ပြောတာ ကြားရတယ် ဆိုပါတယ်။

ယခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အာဖဂန် အာဏာပိုင်တွေဘက်ကတော့ ဘာမှတ်ချက်တစ်ခုမှ မပေးသေးပါဘူး။အနီးနားရှိ နေတိုးအဖွဲ့ရဲ့ စစ်ဆင်ရေးဌာနက ဆိုရာမှာတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့် နဲ့ တာလီဘန် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် အာဖဂန်ခေါင်းဆောင်တွေနဲ့ ကမ်းဒေးဗစ်စခန်းမှာ တွေ့ဆုံပြီး အမေရိကန်အတွက် အရှည်ကြာဆုံး နိုင်ငံရပ်ခြားစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားမှုကို အာဖဂန်မြို့တော် ကဘူးလ်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တာလီဘန်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုအတွင်း အမေရိကန်စစ်သားတစ်ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့ရတဲ့အတွက် ထရမ့် ဘက်က ဖျက်သိမ်းလိုက်ပြီးနောက်မှာ ဖြစ်လာခဲ့တာပါ။

Linko
Ref : oneindia.com
ကဘူးလ်၊ စက်တင်ဘာ - ၁၁

( Zawgyi )

အယ္ေကဒါးမ်ားက အေမရိကန္ နယူးေယာက္ရွိ အႁမႊာညီေနာင္တာဝါကို တိုက္ခိုက္ခဲ့သည့္ ၉/၁၁ ႏွစ္ပတ္လည္ အခ်ိန္အခါ က်ေရာက္မည့္ ဗုဒၶဟူးေန႔ေရာက္ရန္ မိနစ္ပိုင္းအလိုတြင္ အာဖဂန္ရွိ အေမရိကန္သံ႐ုံးသို႔ ဒုံးက်ည္က် ေရာက္ခဲ့ပါတယ္။

ထိုသို႔ ဒုံးက်ည္က်ေရာက္ ေပါက္ကြဲခဲ့ေသာ္လည္း သံတမန္ဝင္းအတြင္း ထိခိုက္ေသဆုံးမႈမရွိဘဲ အားလုံးအေျခအေနေကာင္းသည္ဟု တာဝန္ရွိသူေတြက ေပါက္ကြဲမႈျဖစ္ၿပီး နာရီပိုင္းအတြင္း ထုတ္ျပန္ခဲ့ပါတယ္။

ကဘူးလ္ၿမိဳ႕ အလယ္ပိုင္း ဒုံးက်ည္ေပါက္ကြဲမႈေၾကာင့္ မီးခိုးေတြထြက္လာတာကို ညလယ္မွာ ျမင္ရသလို ေပါက္ကြဲသံေတြလည္း ၾကားရတယ္ ဆိုပါတယ္။သံ႐ုံးအတြင္းရွိ အလုပ္သမားေတြကေတာ့ စပီကာကေန "သံ႐ုံးဝန္းထဲ ဒုံးက်ည္က်ေရာက္ ေပါက္ကြဲေနတယ္" လို႔ ေျပာတာ ၾကားရတယ္ ဆိုပါတယ္။

ယခုေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး အာဖဂန္ အာဏာပိုင္ေတြဘက္ကေတာ့ ဘာမွတ္ခ်က္တစ္ခုမွ မေပးေသးပါဘူး။အနီးနားရွိ ေနတိုးအဖြဲ႕ရဲ႕ စစ္ဆင္ေရးဌာနက ဆိုရာမွာေတာ့ ထိခိုက္မႈမရွိဘူးလို႔ ေျပာပါတယ္။

အေမရိကန္သမၼတ ထရမ့္ နဲ႔ တာလီဘန္ ထိပ္တန္းေခါင္းေဆာင္ေတြ အပါအဝင္ အာဖဂန္ေခါင္းေဆာင္ေတြနဲ႔ ကမ္းေဒးဗစ္စခန္းမွာ ေတြ႕ဆုံၿပီး အေမရိကန္အတြက္ အရွည္ၾကာဆုံး ႏိုင္ငံရပ္ျခားစစ္ပြဲကို အဆုံးသတ္ဖို႔ ႀကိဳးစားမႈကို အာဖဂန္ၿမိဳ႕ေတာ္ ကဘူးလ္မွာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း တာလီဘန္ေတြရဲ႕ ဗုံးခြဲတိုက္ခိုက္မႈ ႏွစ္ခုအတြင္း အေမရိကန္စစ္သားတစ္ဦး အပါအဝင္ ၁၂ ဦးေသဆုံးခဲ့ရတဲ့အတြက္ ထရမ့္ ဘက္က ဖ်က္သိမ္းလိုက္ၿပီးေနာက္မွာ ျဖစ္လာခဲ့တာပါ။

Linko
Ref : oneindia.com
ကဘူးလ္၊ စက္တင္ဘာ - ၁၁