ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အီတလီနိုင်ငံအမြင့်ဆုံးဖြစ်နေ

ဥရောပတွင်  ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အီတလီနိုင်ငံအမြင့်ဆုံးဖြစ်နေ

 တရုတ်နှင့်အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ် ၁၉ ဟုအမည်ပေးထားသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်ယိုယွင်းကာ သက်ရောက်မူအဖြစ်  သီးခြားခွဲထုတ်ခံထားရသည့်အထိ အထီးကျန်စေခဲ့ပါတယ်။

 အီတလီနိုင်ငံမှာ ဒေသတွင်းနိုင်ငံများအနက် အဆိုပါဗိုင်းရပ်စ်  လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ခံရသည့် အဓိကနေရာ ဖြစ်လာခဲ့ကာ  ယခုရက်သတ္တပတ်အတွင်းမှာဘဲ  ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုထားသူများ ထပ်မံတွေ့ရှိခဲ့ရတဲ့အတွက် ဒေသခံများနှင့် ကမ္ဘာလှည့် ခရီးသည်များအတွက် ကံမကောင်းမူဖြစ်လာခဲ့ပါတယ်။

NPR ၏နောက်ဆုံး အစီရင်ခံချက်များအရအီတလီနိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထား ရကြောင်း အတည်ပြုထားသည့် ကူးစက်ခံရသူ၂၂၉ ဦးရှိတယ်လို့ ဆိုပါတယ်။ ၎င်းအချက်အလက်များကြောင့် အီတလီနိုင်ငံမှာ ကူးစက်ခံရသည့်နိုင်ငံများအနက်  အဆိုးရွားဆုံး ကူးစက် ခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးရရှိသည့် စာရင်းအရ အဆိုပါဗိုင်းရပ်စ်ကြောင့် အီတလီတွင် သေဆုံးသူခြောက် ဦး ရှိပြီးကူးစက်ခံထားရသောလူနာ ၂၇ ဦး မှာ ရောဂါ ပြင်းထန်သဖြင့် အထူးကြပ်မတ်စောင့်ရှောက်မှု ခံနေရတယ် ဆိုပါတယ်။

အီတလီကျန်းမာရေးအာဏာပိုင်များအတွက် အဓိကပြဿနာတစ်ခုမှာ အဆိုပါဗိုင်းရပ်စ် မည်သည့် နေရာက စတင်ပျံနှံခဲ့သည်ကို စစ်ဆေးဆုံးဖြတ်ဖို့ဘဲ ဖြစ်ပါတယ်။ယခုထိ အီတလီတွင် အဆိုပါဗိုင်းရပ် စတင် ကူးစက်ပြန့်ပွားစေသည့်  "လူနာအမှတ်  ဇီးရိုး "မှာ ဘယ်သူဖြစ်သလဲ ဆိုတာကို အတည်ပြုမသတ်မှတ်နိုင်သေးပါဘူး။

ဤအချက်က အီတလီနိူင်ငံအတွင်းဖြစ်ပွားနေသောရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန် အားထုတ်မှုများကို ရှုပ်ထွေးစေပြီး အာဏာပိုင်များ အနေဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအစီအစဉ်တစ်ခုရေးဆွဲရန် အခက် တွေ့စေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ( WHO) က COVID-19 ဖြစ်ပွားမှုပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ယခုချိန်ထိ မသတ်မှတ်သေးပါဘူး။ဒီသတ်မှတ်ချက်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့အတွက် အမှတ်တံဆိပ်တစ်ခုသာဖြစ်ပြီး အခြားနိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများကတော့ ရောဂါထိန်းချုပ်ဖို့အတွက် ကပ်ရောဂါသဖွယ် ထိန်းချုပ်ဖို့ လက်ရှိချည်းကပ်နေပုံကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။

 ဤရောဂါမှာ လတ်တလောနှစ်များအတွင်း သတိအထားရဆုံး ကူးစက်ရောဂါဖြစ်ကာ လက်ရှိမှာ ကမ္ဘာတစ်ဝန်းရောဂါ ကူးစက်ခံရသူ တစ်သိန်းဝန်းကျင်ရှိနေပြီး သေဆုံးသူထောင်နှင့်ချီ၍ရှိလာပြီဖြစ်ပါတယ်။

Linko
Ref:BRG.com
ရောမ၊ ဖေဖေါ်ဝါရီ ၂၆

(  Zawgyi  )

  တ႐ုတ္ႏွင့္အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ကိုဗစ္ ၁၉ ဟုအမည္ေပးထားသည့္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အႀကီးအက်ယ္ယိုယြင္းကာ သက္ေရာက္မူအျဖစ္  သီးျခားခြဲထုတ္ခံထားရသည့္အထိ အထီးက်န္ေစခဲ့ပါတယ္။

 အီတလီႏိုင္ငံမွာ ေဒသတြင္းႏိုင္ငံမ်ားအနက္ အဆိုပါဗိုင္းရပ္စ္  လ်င္ျမန္စြာ က်ယ္က်ယ္ျပန႔္ျပန႔္ ကူးစက္ ခံရသည့္ အဓိကေနရာ ျဖစ္လာခဲ့ကာ  ယခုရက္သတၱပတ္အတြင္းမွာဘဲ  ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳထားသူမ်ား ထပ္မံေတြ႕ရွိခဲ့ရတဲ့အတြက္ ေဒသခံမ်ားႏွင့္ ကမာၻလွည့္ ခရီးသည္မ်ားအတြက္ ကံမေကာင္းမူျဖစ္လာခဲ့ပါတယ္။

NPR ၏ေနာက္ဆုံး အစီရင္ခံခ်က္မ်ားအရအီတလီႏိုင္ငံအတြင္း ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထား ရေၾကာင္း အတည္ျပဳထားသည့္ ကူးစက္ခံရသူ၂၂၉ ဦးရွိတယ္လို႔ ဆိုပါတယ္။ ၎အခ်က္အလက္မ်ားေၾကာင့္ အီတလီႏိုင္ငံမွာ ကူးစက္ခံရသည့္ႏိုင္ငံမ်ားအနက္  အဆိုး႐ြားဆုံး ကူးစက္ ခံရသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံးရရွိသည့္ စာရင္းအရ အဆိုပါဗိုင္းရပ္စ္ေၾကာင့္ အီတလီတြင္ ေသဆုံးသူေျခာက္ ဦး ရွိၿပီးကူးစက္ခံထားရေသာလူနာ ၂၇ ဦး မွာ ေရာဂါ ျပင္းထန္သျဖင့္ အထူးၾကပ္မတ္ေစာင့္ေရွာက္မႈ ခံေနရတယ္ ဆိုပါတယ္။

အီတလီက်န္းမာေရးအာဏာပိုင္မ်ားအတြက္ အဓိကျပႆနာတစ္ခုမွာ အဆိုပါဗိုင္းရပ္စ္ မည္သည့္ ေနရာက စတင္ပ်ံႏွံခဲ့သည္ကို စစ္ေဆးဆုံးျဖတ္ဖို႔ဘဲ ျဖစ္ပါတယ္။ယခုထိ အီတလီတြင္ အဆိုပါဗိုင္းရပ္ စတင္ ကူးစက္ျပန႔္ပြားေစသည့္  "လူနာအမွတ္  ဇီး႐ိုး "မွာ ဘယ္သူျဖစ္သလဲ ဆိုတာကို အတည္ျပဳမသတ္မွတ္ႏိုင္ေသးပါဘူး။

ဤအခ်က္က အီတလီႏိူင္ငံအတြင္းျဖစ္ပြားေနေသာေရာဂါျဖစ္ပြားမႈကိုထိန္းခ်ဳပ္ရန္ အားထုတ္မႈမ်ားကို ရႈပ္ေထြးေစၿပီး အာဏာပိုင္မ်ား အေနျဖင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းအစီအစဥ္တစ္ခုေရးဆြဲရန္ အခက္ ေတြ႕ေစပါတယ္။ ကမာၻ႔က်န္းမာေရး အဖြဲ႕ ( WHO) က COVID-19 ျဖစ္ပြားမႈပ်ံ႕ႏွံ႔မႈကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ယခုခ်ိန္ထိ မသတ္မွတ္ေသးပါဘူး။ဒီသတ္မွတ္ခ်က္က ကမာၻ႔က်န္းမာေရး အဖြဲ႕အတြက္ အမွတ္တံဆိပ္တစ္ခုသာျဖစ္ၿပီး အျခားႏိုင္ငံတကာ က်န္းမာေရးအဖြဲ႕အစည္းမ်ားကေတာ့ ေရာဂါထိန္းခ်ဳပ္ဖို႔အတြက္ ကပ္ေရာဂါသဖြယ္ ထိန္းခ်ဳပ္ဖို႔ လက္ရွိခ်ည္းကပ္ေနပုံကိုေတာ့ ေျပာင္းလဲမွာ မဟုတ္ပါဘူး။

 ဤေရာဂါမွာ လတ္တေလာႏွစ္မ်ားအတြင္း သတိအထားရဆုံး ကူးစက္ေရာဂါျဖစ္ကာ လက္ရွိမွာ ကမာၻတစ္ဝန္းေရာဂါ ကူးစက္ခံရသူ တစ္သိန္းဝန္းက်င္ရွိေနၿပီး ေသဆုံးသူေထာင္ႏွင့္ခ်ီ၍ရွိလာၿပီျဖစ္ပါတယ္။

Linko
Ref:BRG.com
ေရာမ၊ ေဖေဖၚဝါရီ ၂၆