အီရန် Grace 1 ရေနံတင်သင်္ဘောမှ သင်္ဘောသားများကို အမေရိကန်က ဗီဇာပိတ်ပင်မည်

အီရန် Grace 1 ရေနံတင်သင်္ဘောမှ သင်္ဘောသားများကို အမေရိကန်က  ဗီဇာပိတ်ပင်မည်

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်၍ ဆီးရီးယားသို့ ရေနံများတင်ပို့ရန် လုပ် ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် ဇူလိုင် ၄ ရက်က ဖမ်းဆီးထားသည့် Grace 1 ရေနံတင်သင်္ဘောကို လွှတ်ပေးရန် ဂစ်ဘရယ်တာ အာဏာပိုင်များက သြဂုတ် ၁၅ ရက်မှာ အမိန့်ချမှတ် လိုက်ပါ တယ်။

အဆိုပါနေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် အမေရိကနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်ဂန်အိုတာဂတ်စ်က Grace 1 သင်္ဘော သည် အစ္စလာမစ်တော်လှန်ရေးတပ်ဖွဲ့ကို ရေနံများ ပို့ပေးခြင်း ဖြင့် ကူညီနေကြောင်း ဖော်ပြထားပြီး ယင်းသင်္ဘောနှင့် ဆက်စပ်သူများအနေဖြင့် ကြီးမားသည့်ရလဒ်များကို ကြုံရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

ယင်းကဲ့သို့ လုပ်ဆောင်သည့် သင်္ဘောများမှ ဝန်ထမ်းများကို ဗီဇာပိတ်ဆို့ဖို့ ရည်ရွယ်ထားကြောင်း အိုတာဂတ်စ်က သတိပေးထားပါတယ်။ဂစ်ဘရယ်တာ အာဏာပိုင်များက သင်္ဘောကို လွှတ်ပေးရန် နာရီပိုင်း အလိုတွင် အမေရိကန်တရားရေးဌာနက  ယင်းသင်္ဘောကို အရေးယူ ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်း Gibraltar Chronicle သတင်းစာက ဖော်ပြခဲ့ပါတယ်။ သင်္ဘောကပ္ပတိန်နှင့် သင်္ဘောသားများကို လွှတ်ပေးပြီး နာရီအနည်းငယ်အကြာ တွင် သင်္ဘောကို လွှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်က ပြန်ပေးဆွဲရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။အီရန် အနေဖြင့် ပြည်ပသို့ ရေနံလုံးဝတင်ပို့ နိုင်ခြင်းမရှိအောင် လုပ်ဆောင်နေသည့် အမေရိကန်၏ တောင်းဆိုမှုကြောင့် သင်္ဘောကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ကြောင်း စပိန်ယာယီနိုင်ငံခြားရေးဝန်ကြီး ဂျိူးဇက်ဘော်ရယ်က ပြောကြားပါတယ်။

ယင်းသင်္ဘောဟာ ဆီးရီးယားကို ရေနံတင်ပို့တာမဟုတ်ကြောင်း အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီက ပြောပါတယ်။ ဗြိတိန်ရေတပ်အကူအညီနဲ့ ဂစ်ဘရယ်တာ အာဏာပိုင်များက Grace 1 သင်္ဘောကို ဖမ်းဆီးခဲ့တာကြောင့် အီရန်နဲ့ ဗြိတိန်တို့အကြား  တင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။

ဝန်ထမ်း ၂၃ ဦးပါဝင်သည့် ဗြိတိန်အလံတင် သင်္ဘောဟာ နိုင်ငံရဲ့ ရေပိုင်နက်ကို ချိုးဖောက်ကြောင်း စွပ်စွဲချက်နဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဟော့မုဇ်ရေလက်ကြားအတွင်း အီရန်က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

Linko
Ref: Sputnik
ဝါရှင်တန်၊သြဂုတ် ၁၆

(  Zawgyi  )

 ဥေရာပသမဂၢ၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်ိဳးေဖာက္၍ ဆီးရီးယားသို႔ ေရနံမ်ားတင္ပို႔ရန္ လုပ္ ေဆာင္သည္ဟု စြပ္စြဲခ်က္ျဖင့္ ဇူလိုင္ ၄ ရက္က ဖမ္းဆီးထားသည့္ Grace 1 ေရနံတင္သေဘၤာကို လႊတ္ေပးရန္ ဂစ္ဘရယ္တာ အာဏာပိုင္မ်ားက ၾသဂုတ္ ၁၅ ရက္မွာ အမိန႔္ခ်မွတ္ လိုက္ပါ တယ္။

အဆိုပါေန႔က ထုတ္ျပန္လိုက္သည့္ ထုတ္ျပန္ခ်က္တြင္ အေမရိကႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေမာ္ဂန္အိုတာဂတ္စ္က Grace 1 သေဘၤာ သည္ အစၥလာမစ္ေတာ္လွန္ေရးတပ္ဖြဲ႕ကို ေရနံမ်ား ပို႔ေပးျခင္း ျဖင့္ ကူညီေနေၾကာင္း ေဖာ္ျပထားၿပီး ယင္းသေဘၤာႏွင့္ ဆက္စပ္သူမ်ားအေနျဖင့္ ႀကီးမားသည့္ရလဒ္မ်ားကို ႀကဳံရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။

ယင္းကဲ့သို႔ လုပ္ေဆာင္သည့္ သေဘၤာမ်ားမွ ဝန္ထမ္းမ်ားကို ဗီဇာပိတ္ဆို႔ဖို႔ ရည္႐ြယ္ထားေၾကာင္း အိုတာဂတ္စ္က သတိေပးထားပါတယ္။ဂစ္ဘရယ္တာ အာဏာပိုင္မ်ားက သေဘၤာကို လႊတ္ေပးရန္ နာရီပိုင္း အလိုတြင္ အေမရိကန္တရားေရးဌာနက  ယင္းသေဘၤာကို အေရးယူ ဖမ္းဆီးရန္ လုပ္ေဆာင္ခဲ့ေၾကာင္း Gibraltar Chronicle သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ သေဘၤာကပၸတိန္ႏွင့္ သေဘၤာသားမ်ားကို လႊတ္ေပးၿပီး နာရီအနည္းငယ္အၾကာ တြင္ သေဘၤာကို လႊတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

အေမရိကန္က ျပန္ေပးဆြဲရန္ ႀကိဳးပမ္းမႈတစ္ခုအျဖစ္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ာဗက္ဇာရစ္ဖ္က ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။အီရန္ အေနျဖင့္ ျပည္ပသို႔ ေရနံလုံးဝတင္ပို႔ ႏိုင္ျခင္းမရွိေအာင္ လုပ္ေဆာင္ေနသည့္ အေမရိကန္၏ ေတာင္းဆိုမႈေၾကာင့္ သေဘၤာကို ဖမ္းဆီးထားခဲ့ျခင္း ျဖစ္ေၾကာင္း စပိန္ယာယီႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဴးဇက္ေဘာ္ရယ္က ေျပာၾကားပါတယ္။

ယင္းသေဘၤာဟာ ဆီးရီးယားကို ေရနံတင္ပို႔တာမဟုတ္ေၾကာင္း အီရန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာရက္ခ်ီက ေျပာပါတယ္။ ၿဗိတိန္ေရတပ္အကူအညီနဲ႔ ဂစ္ဘရယ္တာ အာဏာပိုင္မ်ားက Grace 1 သေဘၤာကို ဖမ္းဆီးခဲ့တာေၾကာင့္ အီရန္နဲ႔ ၿဗိတိန္တို႔အၾကား  တင္းမာမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။

ဝန္ထမ္း ၂၃ ဦးပါဝင္သည့္ ၿဗိတိန္အလံတင္ သေဘၤာဟာ ႏိုင္ငံရဲ႕ ေရပိုင္နက္ကို ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲခ်က္နဲ႔ ဇူလိုင္လကုန္ပိုင္းမွာ ေဟာ့မုဇ္ေရလက္ၾကားအတြင္း အီရန္က ျပန္လည္ဖမ္းဆီးခဲ့ပါတယ္။

Linko
Ref: Sputnik
ဝါရွင္တန္၊ၾသဂုတ္ ၁၆