အီရန်၏ ဒုံးကျည်တိုက်ခိုက်ခဲ့မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့

အီရန်၏ ဒုံးကျည်တိုက်ခိုက်ခဲ့မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့

ယခုလအစောပိုင်းက အီရတ်ရှိ စစ်စခန်းတစ်ခုကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀ အထိ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်တန်းတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၂၄ ရက်က ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ၃၄ ဦးသာ ဖော်ပြခဲ့ပါတယ်။

“ဒီနေ့အထိတော့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀ ဦးနှောက်ဆိုင်ရာ ထိခိုက်မှု စစ်ဆေးတွေ့ရှိထားပါတယ်” ဟု ပင်တဂွန်ပြောခွင့်ရအရာရှိ ဒုတိယဗိုလ်မှူးကြီး သောမတ်စ်ကမ်ဘဲလ် က ပြောပါတယ်။တွေ့ရှိရသည့် ရောဂါလက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ မူးနောက်ခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်းနှင့် အော့အန်ခြင်းတို့ ပါဝင်ပါတယ်။

တပ်ဖွဲ့ဝင် ၅၀ အနက် ၃၁ ဦးကို အီရတ်တွင် ကုသခဲ့ပြီး ၎င်းတို့အနေဖြင့် တာဝန်ပြန်လည်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ ၁၈ ဦးကို ဆက်လက်စစ်ဆေး ကုသမှုများအတွက် ဂျာမနီသို့ သွားရောက်ကုသပေးခဲ့ပြီး တစ်ဦးကို ကူဝိတ်တွင် ကုသပေးခဲ့ကာ စစ်စခန်းသို့ ပြန်လည်ရောက်ရှိနေကြောင်း သောမတ်စ်ကမ်ဘဲလ် က ပြောပါတယ်။

၂၀၀၀ ခုနှစ်မှစ၍ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင် ၄၀၈၀၀၀ ဦး ရှိသွားပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။

Linko
Ref : The Guardian
ဝါရှင်တန်၊ ဇန်နဝါရီ - ၂၉
( Zawgyi )
ယခုလအေစာပိုင္းက အီရတ္ရွိ စစ္စခန္းတစ္ခုကို အီရန္က ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္မႈတြင္ အေမရိကန္တပ္ဖြဲ႕ဝင္ ၅၀ အထိ ဦးေႏွာက္ပိုင္းဆိုင္ရာ ထိခိုက္မႈရွိခဲ့ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ဇန္နဝါရီ ၂၈ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ဇန္နဝါရီ ၈ ရက္တြင္ ျဖစ္ပြားခဲ့သည့္ အဆိုပါ တိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖြဲ႕မ်ား ထိခိုက္ဒဏ္ရာရျခင္း မရွိခဲ့ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ထိပ္တန္းတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။

ဇန္နဝါရီ ၂၄ ရက္က ပင္တဂြန္၏ ထုတ္ျပန္ခ်က္တြင္ ၃၄ ဦးသာ ေဖာ္ျပခဲ့ပါတယ္။

“ဒီေန႔အထိေတာ့ အေမရိကန္တပ္ဖြဲ႕ဝင္ ၅၀ ဦးေႏွာက္ဆိုင္ရာ ထိခိုက္မႈ စစ္ေဆးေတြ႕ရွိထားပါတယ္” ဟု ပင္တဂြန္ေျပာခြင့္ရအရာရွိ ဒုတိယဗိုလ္မႉးႀကီး ေသာမတ္စ္ကမ္ဘဲလ္ က ေျပာပါတယ္။ေတြ႕ရွိရသည့္ ေရာဂါလကၡဏာမ်ားတြင္ ေခါင္းကိုက္ျခင္း၊ မူးေနာက္ျခင္း၊ အလင္းေရာင္ကို မခံႏိုင္ျခင္းႏွင့္ ေအာ့အန္ျခင္းတို႔ ပါဝင္ပါတယ္။

တပ္ဖြဲ႕ဝင္ ၅၀ အနက္ ၃၁ ဦးကို အီရတ္တြင္ ကုသခဲ့ၿပီး ၎တို႔အေနျဖင့္ တာဝန္ျပန္လည္ထမ္းေဆာင္ေနၿပီ ျဖစ္ပါတယ္။ ၁၈ ဦးကို ဆက္လက္စစ္ေဆး ကုသမႈမ်ားအတြက္ ဂ်ာမနီသို႔ သြားေရာက္ကုသေပးခဲ့ၿပီး တစ္ဦးကို ကူဝိတ္တြင္ ကုသေပးခဲ့ကာ စစ္စခန္းသို႔ ျပန္လည္ေရာက္ရွိေနေၾကာင္း ေသာမတ္စ္ကမ္ဘဲလ္ က ေျပာပါတယ္။

၂၀၀၀ ခုႏွစ္မွစ၍ ဦးေႏွာက္ပိုင္းဆိုင္ရာ ထိခိုက္ဒဏ္ရာရခဲ့သည့္ အေမရိကန္တပ္ဖြဲ႕ဝင္ ၄၀၈၀၀၀ ဦး ရွိသြားၿပီျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္မ်ားမွာ ေဖာ္ျပထားပါတယ္။

Linko
Ref : The Guardian
ဝါရွင္တန္၊ ဇန္နဝါရီ - ၂၉