အီရန်နှင့် ဆွေးနွေးရန် စိတ်မဝင်စားဟု အမေရိကန်သမ္မတ ပြောကြား

အီရန်နှင့် ဆွေးနွေးရန် စိတ်မဝင်စားဟု အမေရိကန်သမ္မတ ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်နှင့် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားကြောင်းနှင့် ဆန္ဒပြသူများအား သတ်ဖြတ်ခြင်းနှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ပြန်လည် လုပ်ဆောင်လာပါက နောက်ဆုံးတွဲ ဆိုးကျိုးများကို ခံစားရမည်ဟု သတိပေးလိုက်ပါတယ်။

ထရမ့်၏ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှု များနှင့် နိုင်ငံတွင်း ဆန္ဒပြသူများကြောင့် အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်လာပြီဟု ဇန်နဝါရီ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။

“အီရန်အစိုးရအပေါ် ဖိအားပေးမှုတွေက အလုပ်ဖြစ်နေပြီလို့ ထင်ပါတယ်။ သူတို့အနေနဲ့ ဘေးကြပ်နံကြပ် ဖြစ်နေပါပြီ။ ဆွေးနွေးညှိနှိုင်းမှုအတွက်ပဲ ရွေးစရာ လမ်းရှိပါတော့တယ်” ဟု အိုဘရိုင်ယန်က Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။

အရပ်ဖက် ခရီးသည်တင် လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချမှုဖြင့် အီရန်အစိုးရနှင့် ဘာသာ ရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီတို့အား ကန့်ကွက်ဆန္ဒပြမှုများ မြို့တော် တီဟီရန်တွင် ယခုသီတင်းပတ်ကုန်အတွင်း ဖြစ်ပွားခဲ့ပါတယ်။ ယင်းဆန္ဒပြမှုတွင် အီရန်နိုင်ငံသား ဒါဇင်များစွာလည်း သေဆုံးခဲ့ပါတယ်။

သမ္မတထရမ့်က အီရန်ဆန္ဒပြ ပြည်သူများနှင့် အတူရှိနေကြောင်းနှင့်  လက်ရှိအချိန်အထိ လူထောင်ပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီးပြီးဖြစ်သောကြောင့် ဆက်လက်သတ်ဖြတ်မှုများ မလုပ်ဆောင်ရန် နှင့် ဖြစ်စဉ်ကို ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း  ဇန်နဝါရီ ၁၁ ရက်က သတိပေးလိုက်ပါတယ်။

Linko
Ref : Daily Mail
ဝါရှင်တန်၊ ဇန်နဝါရီ - ၁၃

( Zawgyi )

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၎အေနျဖင့္ အီရန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ စိတ္မဝင္စားေၾကာင္းႏွင့္ ဆႏၵျပသူမ်ားအား သတ္ျဖတ္ျခင္းႏွင့္ န်ဴကလီးယားလက္နက္ ထုတ္လုပ္ရန္ ျပန္လည္ လုပ္ေဆာင္လာပါက ေနာက္ဆုံးတြဲ ဆိုးက်ိဳးမ်ားကို ခံစားရမည္ဟု သတိေပးလိုက္ပါတယ္။

ထရမ့္၏ ႏိုင္ငံေတာ္လုံၿခဳံေရးအႀကံေပး ေရာဘတ္အိုဘ႐ိုင္ယန္က အေမရိကန္အစိုးရ၏ ပိတ္ဆို႔အေရးယူမႈ မ်ားႏွင့္ ႏိုင္ငံတြင္း ဆႏၵျပသူမ်ားေၾကာင့္ အီရန္အေနျဖင့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္လာၿပီဟု ဇန္နဝါရီ ၁၂ ရက္က ေျပာၾကားလိုက္ပါတယ္။

“အီရန္အစိုးရအေပၚ ဖိအားေပးမႈေတြက အလုပ္ျဖစ္ေနၿပီလို႔ ထင္ပါတယ္။ သူတို႔အေနနဲ႔ ေဘးၾကပ္နံၾကပ္ ျဖစ္ေနပါၿပီ။ ေဆြးေႏြးညႇိႏႈိင္းမႈအတြက္ပဲ ေ႐ြးစရာ လမ္းရွိပါေတာ့တယ္” ဟု အိုဘ႐ိုင္ယန္က Fox News သတင္းဌာနကို ေျပာခဲ့ပါတယ္။

အရပ္ဖက္ ခရီးသည္တင္ ေလယာဥ္တစ္စင္းကို မွားယြင္းပစ္ခ်မႈျဖင့္ အီရန္အစိုးရႏွင့္ ဘာသာ ေရးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီတို႔အား ကန႔္ကြက္ဆႏၵျပမႈမ်ား ၿမိဳ႕ေတာ္ တီဟီရန္တြင္ ယခုသီတင္းပတ္ကုန္အတြင္း ျဖစ္ပြားခဲ့ပါတယ္။ ယင္းဆႏၵျပမႈတြင္ အီရန္ႏိုင္ငံသား ဒါဇင္မ်ားစြာလည္း ေသဆုံးခဲ့ပါတယ္။

သမၼတထရမ့္က အီရန္ဆႏၵျပ ျပည္သူမ်ားႏွင့္ အတူရွိေနေၾကာင္းႏွင့္  လက္ရွိအခ်ိန္အထိ လူေထာင္ေပါင္းမ်ားစြာကို သတ္ျဖတ္၊ ဖမ္းဆီးၿပီးျဖစ္ေသာေၾကာင့္ ဆက္လက္သတ္ျဖတ္မႈမ်ား မလုပ္ေဆာင္ရန္ ႏွင့္ ျဖစ္စဥ္ကို ကမာၻႀကီးက ေစာင့္ၾကည့္ေနေၾကာင္း  ဇန္နဝါရီ ၁၁ ရက္က သတိေပးလိုက္ပါတယ္။

Linko
Ref : Daily Mail
ဝါရွင္တန္၊ ဇန္နဝါရီ - ၁၃