အီရန်ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရသည့် အမေရိကန်စစ်သားများကို မှတ်ဉာဏ်ထိခိုက်သည့် လက္ခဏာများကြောင့် ဆေးစစ်မှု ပြုလုပ်ထား

အီရန်ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရသည့် အမေရိကန်စစ်သားများကို မှတ်ဉာဏ်ထိခိုက်သည့် လက္ခဏာများကြောင့် ဆေးစစ်မှု ပြုလုပ်ထား

အီရန်တို့က အီရတ်ရှိ အမေရိကန်စစ်စခန်းတစ်ခုအား ဇန်နဝါရီ ၈ ရက်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာတွင် မှတ်ဉာဏ် ထိခိုက်နိုင်ဖွယ် ရာရှိသူ အမေရိကန်စစ်သားများကို ဂျာမနီသို့ သွားရောက် ဆေးစစ်နေရကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်တပ်ဖွဲ့ဝင် ၁၁ ဦးအား မှတ်ဉာဏ်ထိခိုက်သည့် လက္ခဏာများ တွေ့ရှိရသောကြောင့် ဂျာမနီနှင့် ကူဝိတ်နိုင်ငံများရှိ အမေရိကန်ဆေးရုံများသို့  သွားရောက် ဆေးစစ်ခဲ့ရပြီး ယခုအကြိမ်တွင် မည်မျှရှိသည်ကို အတိအကျ မသိရသော်လည်း အရေအတွက်နည်းကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးများကို ကြီးကြပ်ရသည့် အမေရိကန်ဗဟိုတပ်ရင်းမှ ပြောခွင့်ရရေတပ်ဗိုလ်ကြီး ဘေလ်အာဘန်ကလည်း တပ်ဖွဲ့ဝင်များကို ဆေးစစ်ရန်ဒုတိယအသုတ် ပို့လိုက်ရကြောင်း အတည်ပြုခဲ့သော်လည်း အရေအတွက်ကို မပြောကြားခဲ့ပေ။“အရေအတွက် မများပါဘူး။ သူတို့ကို ဂျာမနီနိုင်ငံ၊ လန်စတူးမြို့က ဆေးရုံမှာ ပြင်ပလူနာအဖြစ် လိုအပ်တဲ့ ဆေးစစ် ကုသမှုတွေ လုပ်ဖို့ ပို့လိုက်ပါတယ်။ ထိခိုက်ခံရတဲ့ လက္ခဏာတွေကြောင့်  နောင်ဆိုရင် အခြား ထိခိုက်မှုတွေ လည်း ရှိလာနိုင်ပါတယ်” ဟု အာဘန်က ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အီရန်တို့၏ ဒုံးကျည်တိုက်ခိုက်မှုတွင် အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ခဲ့ခြင်း မရှိကြောင်း မိမိအား သတင်းပို့ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရမ့်ကလည်း ပြောကြားထားပါတယ်။ ယင်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့များ သေဆုံးမှု ရှိ၊မရှိသည် အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုနှင့် ပိုမိုပြင်းထန်သည့် စစ်ပွဲဖြစ်လာနိုင်မှုအပေါ် ဆက်နွှယ်လျှက်ရှိပါတယ်။

သို့သော် ထရမ့်အနေဖြင့် လက်တုံ့ပြန် မတိုက်ခိုက်ခဲ့သောကြောင့် အီရန်နှင့် တင်းမာမှုသည်လည်း အတန်အသင့် လျော့ကျခဲ့ပါတယ်။အီရတ်နိုင်ငံအနောက်ပိုင်းရှိ အမေရိကန်တို့၏ အင်အယ်အာဆတ်စစ်စခန်းအား တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူမရှိသော်လည်း ရက်အနည်းငယ်အကြာတွင် စစ်သည်အချို့၌ မှတ်ဉာဏ်ထိခိုက်သည့် လက္ခဏာများ စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

Linko
Ref: The Washington Post
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂

(  Zawgyi  )

 အီရန္တို႔က အီရတ္ရွိ အေမရိကန္စစ္စခန္းတစ္ခုအား ဇန္နဝါရီ ၈ ရက္က ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ရာတြင္ မွတ္ဉာဏ္ ထိခိုက္ႏိုင္ဖြယ္ ရာရွိသူ အေမရိကန္စစ္သားမ်ားကို ဂ်ာမနီသို႔ သြားေရာက္ ေဆးစစ္ေနရေၾကာင္း အေမရိကန္ကာကြယ္ေရးဌာနက ဇန္နဝါရီ ၂၁ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

 ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက အေမရိကန္တပ္ဖြဲ႕ဝင္ ၁၁ ဦးအား မွတ္ဉာဏ္ထိခိုက္သည့္ လကၡဏာမ်ား ေတြ႕ရွိရေသာေၾကာင့္ ဂ်ာမနီႏွင့္ ကူဝိတ္ႏိုင္ငံမ်ားရွိ အေမရိကန္ေဆး႐ုံမ်ားသို႔  သြားေရာက္ ေဆးစစ္ခဲ့ရၿပီး ယခုအႀကိမ္တြင္ မည္မွ်ရွိသည္ကို အတိအက် မသိရေသာ္လည္း အေရအတြက္နည္းေၾကာင္း တာဝန္ရွိသူမ်ားက ေျပာပါတယ္။

အေရွ႕အလယ္ပိုင္း စစ္ဆင္ေရးမ်ားကို ႀကီးၾကပ္ရသည့္ အေမရိကန္ဗဟိုတပ္ရင္းမွ ေျပာခြင့္ရေရတပ္ဗိုလ္ႀကီး ေဘလ္အာဘန္ကလည္း တပ္ဖြဲ႕ဝင္မ်ားကို ေဆးစစ္ရန္ဒုတိယအသုတ္ ပို႔လိုက္ရေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း အေရအတြက္ကို မေျပာၾကားခဲ့ေပ။“အေရအတြက္ မမ်ားပါဘူး။ သူတို႔ကို ဂ်ာမနီႏိုင္ငံ၊ လန္စတူးၿမိဳ႕က ေဆး႐ုံမွာ ျပင္ပလူနာအျဖစ္ လိုအပ္တဲ့ ေဆးစစ္ ကုသမႈေတြ လုပ္ဖို႔ ပို႔လိုက္ပါတယ္။ ထိခိုက္ခံရတဲ့ လကၡဏာေတြေၾကာင့္  ေနာင္ဆိုရင္ အျခား ထိခိုက္မႈေတြ လည္း ရွိလာႏိုင္ပါတယ္” ဟု အာဘန္က ဇန္နဝါရီ ၂၁ ရက္ ညေနပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

အီရန္တို႔၏ ဒုံးက်ည္တိုက္ခိုက္မႈတြင္ အေမရိကန္တပ္ဖြဲ႕ဝင္ တစ္ဦးတစ္ေယာက္မွ ထိခိုက္ခဲ့ျခင္း မရွိေၾကာင္း မိမိအား သတင္းပို႔ခဲ့သည္ဟု သမၼတေဒၚနယ္ထရမ့္ကလည္း ေျပာၾကားထားပါတယ္။ ယင္းတိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖြဲ႕မ်ား ေသဆုံးမႈ ရွိ၊မရွိသည္ အီရန္အေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈႏွင့္ ပိုမိုျပင္းထန္သည့္ စစ္ပြဲျဖစ္လာႏိုင္မႈအေပၚ ဆက္ႏႊယ္လွ်က္ရွိပါတယ္။

သို႔ေသာ္ ထရမ့္အေနျဖင့္ လက္တုံ႔ျပန္ မတိုက္ခိုက္ခဲ့ေသာေၾကာင့္ အီရန္ႏွင့္ တင္းမာမႈသည္လည္း အတန္အသင့္ ေလ်ာ့က်ခဲ့ပါတယ္။အီရတ္ႏိုင္ငံအေနာက္ပိုင္းရွိ အေမရိကန္တို႔၏ အင္အယ္အာဆတ္စစ္စခန္းအား တိုက္ခိုက္ခံရမႈတြင္ ေသဆုံးခဲ့သူမရွိေသာ္လည္း ရက္အနည္းငယ္အၾကာတြင္ စစ္သည္အခ်ိဳ႕၌ မွတ္ဉာဏ္ထိခိုက္သည့္ လကၡဏာမ်ား စတင္ေတြ႕ရွိခဲ့ရျခင္း ျဖစ္ပါတယ္။

Linko
Ref: The Washington Post
ဝါရွင္တန္၊ ဇန္နဝါရီ ၂၂