အီရန်ထောက်ပံ့ထားသည့် လက်နက်ကိုင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

အီရန်ထောက်ပံ့ထားသည့် လက်နက်ကိုင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

ဆီးရီးယားမြို့တော် ဒမတ်စကက်မြို့အနီးရှိ ပစ်မှတ်များကို အစ္စရေးစစ်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာ ဆာနားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ဒုံးကျည်အများအပြားကို လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ဟန့်တားနိုင်ခဲ့သော်လည်း ၈ ဦး ဒဏ်ရာရသွားကြောင်း အဆိုပါ သတင်းဌာနက ထည့်သွင်းကြေညာခဲ့ပါတယ်။

ဆီးရီးယားတပ်ဖွဲ့များ တည်ရှိပြီး အီရန်ထောက်ပံ့ထားသည့် ပြည်သူ့စစ်များ ရှိသည့်နေရာသို့ ပစ်ခတ်ခဲ့ရမှုကြောင့် ၂၃ ဦး သေဆုံးခဲ့ ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးဖက်မှ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့သော်လည်း အီရန်၏ စစ်အင်အားတိုးချဲ့မှုကို ဟန့်တားရန် ပြီးခဲ့သည့်နှစ်များအတွင်း ဆီးရီးယားတွင် လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ရာနှင့်ချီ၍ တိုက်ခိုက် ခဲ့ကြောင်း ပြောကြားထားပါတယ်။

အီရန်နှင့် လက်ဘနွန်နိုင်ငံမှ ဟစ်ဇဘိုလာအဖွဲ့အပါအဝင် ကြားခဲ့အုပ်စုများက ဆီးရီးယားပြည်တွင်းစစ်အတွင်း သမ္မတဘာရှာအာဆက် အား သစ္စာခံထားသည့် တပ်ဖွဲ့များကို ထောက်ပံ့ထားပါတယ်။အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်နှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသမှ ပျံသန်းကာ ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ ဖေဖော်ဝါရီ ၆ ရက်က လေကြောင်းမှ နှစ်ကျော့ပြန် တိုက်ခိုက်ခဲ့ ကြောင်း စစ်ဖက်သတင်းရင်းမြစ်များကို ကိုးကား၍ ဆာနားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Linko
Ref: BBC
ဒမတ်စကက်၊ ဖေဖော်ဝါရီ ၇

(  Zawgyi  )

 ဆီးရီးယားၿမိဳ႕ေတာ္ ဒမတ္စကက္ၿမိဳ႕အနီးရွိ ပစ္မွတ္မ်ားကို အစၥေရးစစ္ေလယာဥ္မ်ားက တိုက္ခိုက္ခဲ့ေၾကာင္း ဆီးရီးယားႏိုင္ငံပိုင္ မီဒီယာ ဆာနားသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ဒုံးက်ည္အမ်ားအျပားကို ေလေၾကာင္းကာကြယ္ေရးစနစ္ျဖင့္ ဟန႔္တားႏိုင္ခဲ့ေသာ္လည္း ၈ ဦး ဒဏ္ရာရသြားေၾကာင္း အဆိုပါ သတင္းဌာနက ထည့္သြင္းေၾကညာခဲ့ပါတယ္။

ဆီးရီးယားတပ္ဖြဲ႕မ်ား တည္ရွိၿပီး အီရန္ေထာက္ပံ့ထားသည့္ ျပည္သူ႔စစ္မ်ား ရွိသည့္ေနရာသို႔ ပစ္ခတ္ခဲ့ရမႈေၾကာင့္ ၂၃ ဦး ေသဆုံးခဲ့ ေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။အစၥေရးဖက္မွ မွတ္ခ်က္တစ္စုံတစ္ရာ မေပးခဲ့ေသာ္လည္း အီရန္၏ စစ္အင္အားတိုးခ်ဲ႕မႈကို ဟန႔္တားရန္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဆီးရီးယားတြင္ ေလေၾကာင္းမွ တိုက္ခိုက္မႈ အႀကိမ္ရာႏွင့္ခ်ီ၍ တိုက္ခိုက္ ခဲ့ေၾကာင္း ေျပာၾကားထားပါတယ္။

အီရန္ႏွင့္ လက္ဘႏြန္ႏိုင္ငံမွ ဟစ္ဇဘိုလာအဖြဲ႕အပါအဝင္ ၾကားခဲ့အုပ္စုမ်ားက ဆီးရီးယားျပည္တြင္းစစ္အတြင္း သမၼတဘာရွာအာဆက္ အား သစၥာခံထားသည့္ တပ္ဖြဲ႕မ်ားကို ေထာက္ပံ့ထားပါတယ္။အစၥေရးစစ္ေလယာဥ္မ်ားသည္ လက္ဘႏြန္ႏွင့္ ၎တို႔ သိမ္းပိုက္ထားသည့္ ဂိုလန္ကုန္းျမင့္ေဒသမွ ပ်ံသန္းကာ ဆီးရီးယားႏိုင္ငံ ေတာင္ပိုင္းသို႔ ေဖေဖာ္ဝါရီ ၆ ရက္က ေလေၾကာင္းမွ ႏွစ္ေက်ာ့ျပန္ တိုက္ခိုက္ခဲ့ ေၾကာင္း စစ္ဖက္သတင္းရင္းျမစ္မ်ားကို ကိုးကား၍ ဆာနားသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

Linko
Ref: BBC
ဒမတ္စကက္၊ ေဖေဖာ္ဝါရီ ၇