အီရန်တို့ ထောက်ပံ့ထားသည့် အီရတ်ပြည်သူ့စစ်များကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်

အီရန်တို့ ထောက်ပံ့ထားသည့် အီရတ်ပြည်သူ့စစ်များကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်

အီရန်တို့ ထောက်ပံ့ထားသည့် အီရတ် ပြည်သူ့စစ်များအား အမေရိကန်လေတပ်က မတ် ၁၂ ရက်တွင် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်းရှိ စခန်းတစ်ခုအား ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့ဝင်များ သေဆုံး၊ဒဏ်ရာရခြင်းများအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်တို့၏ ဂျက်တိုက်လေယာဉ်များသည် နေရာ ၅ နေရာကို အကြိမ်များစွာ ပစ်ခတ်ခဲ့ရာတွင် အီရတ်နိုင်ငံ အတွင်းရှိ ကာတာအက်ဟစ်ဇဘိုလာအဖွဲ့၏ လက်နက်တိုက်များလည်း ပါဝင်ပါတယ်။ အဆိုပါ လက်နက်တိုက်များကို တိုက်ခိုက်ခြင်းကြောင့် ပြည်သူ့စစ်များ၏ တိုက်ခိုက်နိုင်သည့် အင်အားကို လျော့ကျ သွားနိုင်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အီရတ်တွင် အမေရိကန်နှင့် အီရန်၊ ၎င်း၏ ကြားခံတပ်ဖွဲ့များနှင့် အမေရိကန်တို့ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့် ၂ လခန့် ကလည်း အီရန်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မတ် ၁၁ ရက် က လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုအတွက် လက်စားချေတိုက်ခိုက်သွားမည်ဟု အမေရိကန်ထိပ်တန်းစစ်ဖက်ခေါင်းဆာင်များက ပြောကြား ပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ပြည်သူ၊ အကျိုးစီးပွားနဲ့ မဟာမိတ်တွေအပေါ် တိုက်ခိုက်လာတာ မှန်သမျှကို သည်းခံပေးမှာ မဟုတ်ပါဘူး။ အီရန်နဲ့ ဒေသတွင်းက တပ်ဖွဲ့တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး မာခ့အက်စပါက ပြောပါတယ်။

အမေရိကန်နှင့် မဟာမိတ်တပ်များအား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အသုံးပြုနေသည့် လက်နက်တိုက်များ ကို ထိမှန်ခဲ့ကြောင်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

Linko
Ref: AP
ဝါရှင်တန်၊ မတ် ၁၃

(  Zawgyi  )

 အီရန္တို႔ ေထာက္ပံ့ထားသည့္ အီရတ္ ျပည္သူ႔စစ္မ်ားအား အေမရိကန္ေလတပ္က မတ္ ၁၂ ရက္တြင္ ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။ ဘဂၢဒက္ ၿမိဳ႕ေတာ္ ေျမာက္ပိုင္းရွိ စခန္းတစ္ခုအား ေရာ့ကတ္မ်ားျဖင့္ တိုက္ခိုက္ခဲ့ေသာေၾကာင့္ အေမရိကန္ႏွင့္ ၿဗိတိန္တပ္ဖြဲ႕ဝင္မ်ား ေသဆုံး၊ဒဏ္ရာရျခင္းမ်ားအေပၚ လက္တုံ႔ျပန္ျခင္း ျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က သတင္းထုတ္ျပန္ပါတယ္။

အေမရိကန္တို႔၏ ဂ်က္တိုက္ေလယာဥ္မ်ားသည္ ေနရာ ၅ ေနရာကို အႀကိမ္မ်ားစြာ ပစ္ခတ္ခဲ့ရာတြင္ အီရတ္ႏိုင္ငံ အတြင္းရွိ ကာတာအက္ဟစ္ဇဘိုလာအဖြဲ႕၏ လက္နက္တိုက္မ်ားလည္း ပါဝင္ပါတယ္။ အဆိုပါ လက္နက္တိုက္မ်ားကို တိုက္ခိုက္ျခင္းေၾကာင့္ ျပည္သူ႔စစ္မ်ား၏ တိုက္ခိုက္ႏိုင္သည့္ အင္အားကို ေလ်ာ့က် သြားႏိုင္ဟု အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အီရတ္တြင္ အေမရိကန္ႏွင့္ အီရန္၊ ၎၏ ၾကားခံတပ္ဖြဲ႕မ်ားႏွင့္ အေမရိကန္တို႔ တင္းမာမႈမ်ား ျမင့္တက္လာခဲ့ၿပီး လြန္ခဲ့သည့္ ၂ လခန႔္ ကလည္း အီရန္ႏိုင္ငံအတြင္းရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို အီရန္က ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။မတ္ ၁၁ ရက္ က လုပ္ေဆာင္ခဲ့သည့္ တိုက္ခိုက္မႈအတြက္ လက္စားေခ်တိုက္ခိုက္သြားမည္ဟု အေမရိကန္ထိပ္တန္းစစ္ဖက္ေခါင္းဆာင္မ်ားက ေျပာၾကား ပါတယ္။

“အေမရိကန္ႏိုင္ငံအေနနဲ႔ မိမိတို႔ရဲ႕ ျပည္သူ၊ အက်ိဳးစီးပြားနဲ႔ မဟာမိတ္ေတြအေပၚ တိုက္ခိုက္လာတာ မွန္သမွ်ကို သည္းခံေပးမွာ မဟုတ္ပါဘူး။ အီရန္နဲ႔ ေဒသတြင္းက တပ္ဖြဲ႕ေတြကို ကာကြယ္ဖို႔ လိုအပ္တဲ့ အေရးယူမႈေတြကို လုပ္ေဆာင္သြားမွာပါ” ဟု အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မာခ့အက္စပါက ေျပာပါတယ္။

အေမရိကန္ႏွင့္ မဟာမိတ္တပ္မ်ားအား ပစ္မွတ္ထားတိုက္ခိုက္ရာတြင္ အသုံးျပဳေနသည့္ လက္နက္တိုက္မ်ား ကို ထိမွန္ခဲ့ေၾကာင္း ပင္တဂြန္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားပါတယ္။

Linko
Ref: AP
ဝါရွင္တန္၊ မတ္ ၁၃