အီရန်ဆန္ဒပြသူ ၁၀၀၀ ကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း အမေရိကန်အစိုးရ ပြောကြား

အီရန်ဆန္ဒပြသူ ၁၀၀၀ ကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း အမေရိကန်အစိုးရ ပြောကြား

အီရန်နိုင်ငံတွင် ဆန္ဒပြမှုများ နိုဝင်ဘာ ၁၅ ရက်မှ စတင်ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိနိုင် ကြောင်းနှင့် အစိုးရ အတွက် အဆိုးရွားဆုံး ပြည်တွင်းပြဿနာတစ်ရပ် ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ပင်တဂွန် စစ် ဌာနချုပ် အနေဖြင့် ယင်းဒေသသို့ တပ်ဖွဲ့ဝင် ၅၀၀၀ မှ ၇၀၀၀ အထိ ထပ်မံစေလွှတ်သွား ဖွယ်ရှိကြောင်းလည်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

“ဆန္ဒပြမှုတွေ စတင်ဖြစ်ပေါ်ပြီးကတည်းက အစိုးရက လူ ၁၀၀၀ လောက်ကို သတ်ဖြတ်ခဲ့ဖွယ်ရှိပါတယ်” ဟု အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဘရိုင်ယန်ဟုခ်က ပြောပါတယ်။သတင်းအချက်အလက်များအား အတည်ပြုနိုင်ရန်မှာ အင်တာနက် ဆက်သွယ်မှုများ ဖြတ်တောက်ထား သောကြောင့် ခက်ခဲသော်လည်း သေဆုံးသူအများအပြားရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ဒဏ်ရာရသူထောင်ပေါင်းများစွာလည်း ရှိနိုင်ပြီး ၇၀၀၀ ကျော်ထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း ၎င်းက ပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုလသမဂ္ဂသံတမန်များအား အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အီရန်အစိုးရက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နှင်းကြောင်းနှင့် အလွန်ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း၊ အီရန်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားများကို ထိခိုက်လာမည်ဆိုပါက ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်အစိုးရအနေဖြင့် ကြမ်းကြုတ်သည့် တပ်ဖွဲ့များအပေါ် အားထားနေရကြောင်းနှင့် အလုပ်သမားလူတန်းစား ၏ ထောက်ခံမှု ကျဆင်း နေခြင်းကို ဖော်ပြနေကြောင်း ဟုခ်က ပြောပါတယ်။

“အစိုးရအနေနဲ့ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက ပြောပါတယ်။ အမေရိကန် အစိုးရက ခန့်မှန်းသည့် သေဆုံးသူ အရေအတွက်သည် Amnesty International မှ ထုတ်ပြန်သည့် ၂၀၈ ဦးထက် များစွာ ကွာခြားနေ ပါတယ်။

Linko
Ref:AFP
ဝါရှင်တန်၊ဒီဇင်ဘာ ၆

(  Zawgyi  )

 အီရန္ႏိုင္ငံတြင္ ဆႏၵျပမႈမ်ား ႏိုဝင္ဘာ ၁၅ ရက္မွ စတင္ျဖစ္ပြားခဲ့ရာတြင္ ေသဆုံးသူ စုစုေပါင္း ၁၀၀၀ ေက်ာ္ရွိႏိုင္ ေၾကာင္းႏွင့္ အစိုးရ အတြက္ အဆိုး႐ြားဆုံး ျပည္တြင္းျပႆနာတစ္ရပ္ ျဖစ္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္လိုက္ပါတယ္။ ပင္တဂြန္ စစ္ ဌာနခ်ဳပ္ အေနျဖင့္ ယင္းေဒသသို႔ တပ္ဖြဲ႕ဝင္ ၅၀၀၀ မွ ၇၀၀၀ အထိ ထပ္မံေစလႊတ္သြား ဖြယ္ရွိေၾကာင္းလည္း အေမရိကန္အရာရွိတစ္ဦးက ေျပာပါတယ္။

“ဆႏၵျပမႈေတြ စတင္ျဖစ္ေပၚၿပီးကတည္းက အစိုးရက လူ ၁၀၀၀ ေလာက္ကို သတ္ျဖတ္ခဲ့ဖြယ္ရွိပါတယ္” ဟု အီရန္ႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ ဘ႐ိုင္ယန္ဟုခ္က ေျပာပါတယ္။သတင္းအခ်က္အလက္မ်ားအား အတည္ျပဳႏိုင္ရန္မွာ အင္တာနက္ ဆက္သြယ္မႈမ်ား ျဖတ္ေတာက္ထား ေသာေၾကာင့္ ခက္ခဲေသာ္လည္း ေသဆုံးသူအမ်ားအျပားရွိႏိုင္ေၾကာင္း ၎က ေျပာပါတယ္။

ဒဏ္ရာရသူေထာင္ေပါင္းမ်ားစြာလည္း ရွိႏိုင္ၿပီး ၇၀၀၀ ေက်ာ္ထက္မနည္းကိုလည္း ဖမ္းဆီးထားေၾကာင္း ၎က ေျပာပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကုလသမဂၢသံတမန္မ်ားအား အိမ္ျဖဴေတာ္၌ ေတြ႕ဆုံရာတြင္ အီရန္အစိုးရက ဆႏၵျပသူမ်ားကို ရက္စက္စြာ ႏွိမ္ႏွင္းေၾကာင္းႏွင့္ အလြန္ဆိုး႐ြားသည့္ အေျခအေနျဖစ္ေၾကာင္း၊ အီရန္အေနျဖင့္ အေမရိကန္၏ အက်ိဳးစီးပြားမ်ားကို ထိခိုက္လာမည္ဆိုပါက ျပင္းထန္စြာ တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အီရန္အစိုးရအေနျဖင့္ ၾကမ္းၾကဳတ္သည့္ တပ္ဖြဲ႕မ်ားအေပၚ အားထားေနရေၾကာင္းႏွင့္ အလုပ္သမားလူတန္းစား ၏ ေထာက္ခံမႈ က်ဆင္း ေနျခင္းကို ေဖာ္ျပေနေၾကာင္း ဟုခ္က ေျပာပါတယ္။

“အစိုးရအေနနဲ႔ ႏွစ္ ၄၀ အတြင္း အဆိုး႐ြားဆုံး ႏိုင္ငံေရးအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္” ဟု ၎က ေျပာပါတယ္။ အေမရိကန္ အစိုးရက ခန႔္မွန္းသည့္ ေသဆုံးသူ အေရအတြက္သည္ Amnesty International မွ ထုတ္ျပန္သည့္ ၂၀၈ ဦးထက္ မ်ားစြာ ကြာျခားေန ပါတယ္။

Linko
Ref:AFP
ဝါရွင္တန္၊ဒီဇင္ဘာ ၆