အီတလီတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများ တိုးမြှင့်လုပ်ဆောင်

အီတလီတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများ တိုးမြှင့်လုပ်ဆောင်

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ငွေကြေးဈေးကွက်များနှင့် ရေနံဈေးနှုန်းများ ကျဆင်းလျှက်ရှိရာတွင်  ဥရောပတိုက် နိုင်ငံများအနက် ရောဂါဒဏ်အဆိုးရွားဆုံးခံရသည့် အီတလီနိုင်ငံကလည်း  တစ်နိုင်ငံလုံးတွင် ထိန်းချုပ်မှုများကို တင်းကြပ်စွာ ပြုလုပ်ကြောင်း ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂူဆက်ပယ်ကွန်တဲလ်က နိုင်ငံသားများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ရန်၊ လူစုလူဝေးအခမ်းအနား များ မပြုလုပ်ရန်နှင့် စီးရီးအေ ဘောလုံးပြိုင်ပွဲများအပါအဝင် အားကစားပွဲများအားလုံးကို ရပ်ဆိုင်းထားရန် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။“အီတလီတစ်နိုင်ငံလုံး ဟာ ကာကွယ်ပေးထားရမယ့် နေရာဖြစ်လာပါမယ်” ဟု အီတလီ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တဲဒရော့စ်အဒမ်နွန်ဂီဘရီရက်စ်က ကိုရိုနိုဗိုင်းရပ်စ်သည် ကမ္ဘာအနှံ့ ဖြစ်ပွားနေသော်လည်း ကမ္ဘာ့သမိုင်းတွင် ထိန်းချုပ်နိုင်သည့် ပထမဆုံး ရောဂါတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ပြောကြားပါတယ်။တရုတ် နိုင်ငံ၊ ဝူဟန်မြို့တွင် ဒီဇင်ဘာလအတွင်းက ရောဂါစတင်ဖြစ်ပွား ချိန်မှစ၍ ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ  ၁သိန်း ၁သောင်းကျော်နှင့် သေဆုံးသူ ၄၀၀၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းများကို ထိခိုက်စေခဲ့သလို ဆွေးနွေးပွဲများနှင့် အားကစားပွဲများကိုလည်း ဖျက်သိမ်းခဲ့ရပါ တယ်။ယခု အခါ ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်းများစွာအနေဖြင့် ခရီးသွားလာခွင့် ထိန်းချုပ်ကန့်သတ် ခံထားရသော်လည်း ရောဂါဆက်လက် ပျံ့ပွားပြီး နိုင်ငံအသီးသီး၏ စီးပွားရေး လုပ်ငန်းများ ကျဆင်းမည့်အပေါ်  စိုးရိမ်မှုများလည်း ရှိနေပါတယ်။

Linko
Ref: AFP
ရောမ၊ မတ် ၁၀

(  Zawgyi  )

 ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈေၾကာင့္ ေငြေၾကးေဈးကြက္မ်ားႏွင့္ ေရနံေဈးႏႈန္းမ်ား က်ဆင္းလွ်က္ရွိရာတြင္  ဥေရာပတိုက္ ႏိုင္ငံမ်ားအနက္ ေရာဂါဒဏ္အဆိုး႐ြားဆုံးခံရသည့္ အီတလီႏိုင္ငံကလည္း  တစ္ႏိုင္ငံလုံးတြင္ ထိန္းခ်ဳပ္မႈမ်ားကို တင္းၾကပ္စြာ ျပဳလုပ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဂူဆက္ပယ္ကြန္တဲလ္က ႏိုင္ငံသားမ်ားအေနျဖင့္ အိမ္တြင္း၌သာ ေနထိုင္ရန္၊ လူစုလူေဝးအခမ္းအနား မ်ား မျပဳလုပ္ရန္ႏွင့္ စီးရီးေအ ေဘာလုံးၿပိဳင္ပြဲမ်ားအပါအဝင္ အားကစားပြဲမ်ားအားလုံးကို ရပ္ဆိုင္းထားရန္ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။“အီတလီတစ္ႏိုင္ငံလုံး ဟာ ကာကြယ္ေပးထားရမယ့္ ေနရာျဖစ္လာပါမယ္” ဟု အီတလီ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အႀကီးအကဲ တဲဒေရာ့စ္အဒမ္ႏြန္ဂီဘရီရက္စ္က ကို႐ိုႏိုဗိုင္းရပ္စ္သည္ ကမာၻအႏွံ႔ ျဖစ္ပြားေနေသာ္လည္း ကမာၻ႔သမိုင္းတြင္ ထိန္းခ်ဳပ္ႏိုင္သည့္ ပထမဆုံး ေရာဂါတစ္ခု ျဖစ္လာႏိုင္ေၾကာင္းလည္း ေျပာၾကားပါတယ္။တ႐ုတ္ ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ဒီဇင္ဘာလအတြင္းက ေရာဂါစတင္ျဖစ္ပြား ခ်ိန္မွစ၍ ကမာၻေပၚတြင္ ကူးစက္ခံရသူ  ၁သိန္း ၁ေသာင္းေက်ာ္ႏွင့္ ေသဆုံးသူ ၄၀၀၀ နီးပါးရွိသြားၿပီ ျဖစ္ပါတယ္။

ကမာၻ႔ခရီးသြားလုပ္ငန္းမ်ားကို ထိခိုက္ေစခဲ့သလို ေဆြးေႏြးပြဲမ်ားႏွင့္ အားကစားပြဲမ်ားကိုလည္း ဖ်က္သိမ္းခဲ့ရပါ တယ္။ယခု အခါ ကမာၻေပၚတြင္ လူဦးေရ သန္းေပါင္းမ်ားစြာအေနျဖင့္ ခရီးသြားလာခြင့္ ထိန္းခ်ဳပ္ကန႔္သတ္ ခံထားရေသာ္လည္း ေရာဂါဆက္လက္ ပ်ံ႕ပြားၿပီး ႏိုင္ငံအသီးသီး၏ စီးပြားေရး လုပ္ငန္းမ်ား က်ဆင္းမည့္အေပၚ  စိုးရိမ္မႈမ်ားလည္း ရွိေနပါတယ္။

Linko
Ref: AFP
ေရာမ၊ မတ္ ၁၀