အိမ်ဖြူတော်ကိုကာကွယ်သည့် လျှို့ဝှက်ရဲများကို ထရမ့်ဂုဏ်ပြု

အိမ်ဖြူတော်ကိုကာကွယ်သည့် လျှို့ဝှက်ရဲများကို  ထရမ့်ဂုဏ်ပြု

“လုတာစရင် ပစ်တာစမယ်”
ထိုစကားသည် မင်နင်အာပိုလစ်တွင် ရဲတပ်ဖွဲ့ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့သော အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသား ဂျော့ဖလွိုက်အတွက် အမေရိကန် နိုင်ငံတဝှမ်းဖြစ်ပွားနေသော ဆန္ဒပြပွဲ များအပေါ် သမ္မတ၏ နောက်ဆုံးတုံ့ပြန်ချက်ဖြစ်သည်။

လုတာစရင် ပစ်တာစမယ် ဟူသည့် စကားကို ထရမ့်က တွစ်တာတွင် သောကြာနေ့က ရေးသား ခဲ့ပြီး ထိုရေးသားချက်၏ လူမျိုးရေးအခြေခံမှုအတွက်  တွစ်တာက ဖြတ်တောက်လိုက်သည်။ထိုနောက် ထရမ့်က သူသည်ထိုစကားစု၏ လူမျိုးရေးဆန်သော အဓိပ္ပာယ်ကို သူမသိကြောင်း နိုင်ငံသားများကို အကြမ်းဖက်ရန်တောင်းဆိုခြင်းမဟုတ်ကြောင်း ပြောသည်။ သူသည် ဂျော့ဖလွိုက်မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ပြောဆိုသည်။

ထရမ့်ပြောခဲ့သည့် စကားများမှာ ၁၉၆၇ ခုနှစ်က မိုင်ယာမီ ရဲတပ်ဖွဲ့အကြီးအကဲက လူမည်း များကို ဖိနှိပ်ရန် ပြောခဲ့သောစကားများဖြစ်နေသည်။သောကြာနေ့ညတွင်မူ ထိုဆန္ဒပြပွဲများသည် အိမ်ဖြူတော် တံခါးဝသို့ရောက်လာပြီး ထရမ့်က အမေရိကန်ပြည်ထောင်စုတလွှား ဆန္ဒပြ လုယက်မှုများကို ဝေဖန်ရေးသားသည်။

အိမ်ဖြူတော်ပြင်ပမှ ဆန္ဒပြသူများက လျှို့ဝှက်ရဲများကို အုတ်ခဲများ၊ ပုလင်းများနှင့် အခြား အရာများဖြင့် ပစ်ခတ်ကြသည်။ထိုဖြစ်ရပ်များကို ထရမ့်က အိမ်ဖြူတော်မှ ကြည့်နေပြီး လျှို့ဝှက်ရဲများကို ချီးကျူးသည်။ဆန္ဒပြသူများကို စနစ်တကျ ဖွဲ့စည်းထားသော်လည်း အိမ်ဖြုတော် ခြံစည်းရိုးကို မကျော်နိုင်ကြောင်း ထရမ့်ကတွစ်တွင်ရေးသည်။ ကျော်နိုင်လျှင်လည်း အဆိုးရွားဆုံးခွေးများနှင့် လက်နက်များကို ရင်ဆိုင်ရမည်ဟု ထရမ့်ဆက်လက်ရေးသားသည်။

Linko
Ref:The Telegraph
ဝါရှင်တန်၊ မေ ၃၁

(  Zawgyi  )

 “လုတာစရင္ ပစ္တာစမယ္”
ထိုစကားသည္ မင္နင္အာပိုလစ္တြင္ ရဲတပ္ဖြဲ႕ ဖမ္းဆီးခံရစဥ္ ေသဆုံးခဲ့ေသာ အာဖရိကႏြယ္ဖြား အေမရိကန္ ႏိုင္ငံသား ေဂ်ာ့ဖလြိဳက္အတြက္ အေမရိကန္ ႏိုင္ငံတဝွမ္းျဖစ္ပြားေနေသာ ဆႏၵျပပြဲ မ်ားအေပၚ သမၼတ၏ ေနာက္ဆုံးတုံ႔ျပန္ခ်က္ျဖစ္သည္။

လုတာစရင္ ပစ္တာစမယ္ ဟူသည့္ စကားကို ထရမ့္က တြစ္တာတြင္ ေသာၾကာေန႔က ေရးသား ခဲ့ၿပီး ထိုေရးသားခ်က္၏ လူမ်ိဳးေရးအေျခခံမႈအတြက္  တြစ္တာက ျဖတ္ေတာက္လိုက္သည္။ထိုေနာက္ ထရမ့္က သူသည္ထိုစကားစု၏ လူမ်ိဳးေရးဆန္ေသာ အဓိပၸာယ္ကို သူမသိေၾကာင္း ႏိုင္ငံသားမ်ားကို အၾကမ္းဖက္ရန္ေတာင္းဆိုျခင္းမဟုတ္ေၾကာင္း ေျပာသည္။ သူသည္ ေဂ်ာ့ဖလြိဳက္မိသားစုႏွင့္ ထပ္တူဝမ္းနည္းေၾကာင္း ေျပာဆိုသည္။

ထရမ့္ေျပာခဲ့သည့္ စကားမ်ားမွာ ၁၉၆၇ ခုႏွစ္က မိုင္ယာမီ ရဲတပ္ဖြဲ႕အႀကီးအကဲက လူမည္း မ်ားကို ဖိႏွိပ္ရန္ ေျပာခဲ့ေသာစကားမ်ားျဖစ္ေနသည္။ေသာၾကာေန႔ညတြင္မူ ထိုဆႏၵျပပြဲမ်ားသည္ အိမ္ျဖဴေတာ္ တံခါးဝသို႔ေရာက္လာၿပီး ထရမ့္က အေမရိကန္ျပည္ေထာင္စုတလႊား ဆႏၵျပ လုယက္မႈမ်ားကို ေဝဖန္ေရးသားသည္။

အိမ္ျဖဴေတာ္ျပင္ပမွ ဆႏၵျပသူမ်ားက လွ်ိဳ႕ဝွက္ရဲမ်ားကို အုတ္ခဲမ်ား၊ ပုလင္းမ်ားႏွင့္ အျခား အရာမ်ားျဖင့္ ပစ္ခတ္ၾကသည္။ထိုျဖစ္ရပ္မ်ားကို ထရမ့္က အိမ္ျဖဴေတာ္မွ ၾကည့္ေနၿပီး လွ်ိဳ႕ဝွက္ရဲမ်ားကို ခ်ီးက်ဴးသည္။ဆႏၵျပသူမ်ားကို စနစ္တက် ဖြဲ႕စည္းထားေသာ္လည္း အိမ္ျဖဳေတာ္ ၿခံစည္း႐ိုးကို မေက်ာ္ႏိုင္ေၾကာင္း ထရမ့္ကတြစ္တြင္ေရးသည္။ ေက်ာ္ႏိုင္လွ်င္လည္း အဆိုး႐ြားဆုံးေခြးမ်ားႏွင့္ လက္နက္မ်ားကို ရင္ဆိုင္ရမည္ဟု ထရမ့္ဆက္လက္ေရးသားသည္။

Linko
Ref:The Telegraph
ဝါရွင္တန္၊ ေမ ၃၁