အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၅၅၀၀ အထိရှိလာ

အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၅၅၀၀ အထိရှိလာ

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အာဖရိကတိုက်တွင် သေဆုံးသူအရေအတွက်မှာ အင်္ဂါနေ့အထိ ၅၅၀၀ ထိ ရှိလာနေပြီဖြစ်တယ်လို့ အချက်အလက်ဆိုင်ရာဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

Worldometer ဝက်ဘ်ဆိုက်က ဖော်ပြသည့် ကမ္ဘာ့တိုက်ကြီးများအလိုက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်တွင် လက်ရှိ၌ အာဖရိကတိုက်တွင် ၅၅၆၈ ဦးသေဆုံးခဲ့ကာ ပြန်လည်ကောင်းမွန်လာသူ လူနာအရေအတွက် ၉၂၉၁၄ ဦးရှိပြီလို့ ဆိုပါတယ်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၆၅၃၀ ဦး ထပ်မံတွေ့ရှိသဖြင့် အာဖရိကတိုက်တစ်ဝန်း ကူးစက်ခံရသူပေါင်းမှာ စုစုပေါင်း ၂၀၅၅၂၀ ဦးထိ ရှိလာခဲ့ပါတယ်။

အဆိုပါဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားမှုကို အီဂျစ်၊ တောင်အာဖရိက၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ ဆူဒန်၊ မော်ရိုကိုနှင့် ကင်မရွန်းတွင် အဖြစ်များနေပြီး အီဂျစ်တွင် ၁၃၀၆ ဦး၊ တောင်အာဖရိကတွင် ၁၁၆၂ ဦး၊ အယ်လ်ဂျီးရီးယားတွင် ၇၂၄ ဦး၊ နိုင်ဂျီးရီးယားတွင် ၃၆၅ ဦး၊ ဆူဒန်တွင် ၃၈၉ ဦး၊မော်ရိုကိုတွင် ၂၁၀ ဦးနှင့် ကင်မရွန်းတွင် ၂၁၂ ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံများမှာ တောင်အာဖရိကဖြစ်ပြီး ၅၂,၉၉၁ ဦး၊ အီဂျစ်တွင် ၃၆,၈၂၉ ဦး၊ နိုင်ဂျီးရီးယားတွင် ၁၃,၄၆၄ ဦး၊ အယ်လ်ဂျီးရီးယား ၁၀,၃၈၂ ဦးနှင့်ဂါနာ ၁၀,၂၀၁ ဦးတို့ ကူးစက်ခံထားရပါတယ်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် တောင်အာဖရိကနိုင်ငံတွင် ၈၂ ဦး၊ အီဂျစ်တွင် ၃၅ ဦး၊ ဆူဒန် တွင် ၁၇ ဦး၊ အယ်လ်ဂျီးရီးယားတွင် ၉ ဦး၊အီသီယိုးပီးယားတွင် ၅ ဦးနှင့် နိုင်ဂျီးရီးယားတွင် ၄ ဦးသေဆုံးခဲ့ပါတယ်။

လက်ရှိတွင် ကမ္ဘာတစ်လွှား ကူးစက်ခံရသူပေါင်း ၇ ဒသမ ၂၃ သန်းကျော်ခဲ့ပြီး ၃ ဒသမ ၃၇ သန်းကျော်မှာ ရောဂါမှပြန်လည်ကောင်းမွန်လာကာ သေဆုံးသူ ၄၁၁၀၀၀ ကျော် ရှိပြီဖြစ်တယ်လို့ အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စာရင်းများအရ သိရပါတယ်။

Linko
Ref : aa.com.tr
ခါတွန်၊ ဇွန် - ၁၀
( Zawgyi )
ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ အာဖရိကတိုက္တြင္ ေသဆုံးသူအေရအတြက္မွာ အဂၤါေန႔အထိ ၅၅၀၀ ထိ ရွိလာေနၿပီျဖစ္တယ္လို႔ အခ်က္အလက္ဆိုင္ရာဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။

Worldometer ဝက္ဘ္ဆိုက္က ေဖာ္ျပသည့္ ကမာၻ႔တိုက္ႀကီးမ်ားအလိုက္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္တြင္ လက္ရွိ၌ အာဖရိကတိုက္တြင္ ၅၅၆၈ ဦးေသဆုံးခဲ့ကာ ျပန္လည္ေကာင္းမြန္လာသူ လူနာအေရအတြက္ ၉၂၉၁၄ ဦးရွိၿပီလို႔ ဆိုပါတယ္။

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ကူးစက္ခံရေၾကာင္း အတည္ျပဳလူနာ ၆၅၃၀ ဦး ထပ္မံေတြ႕ရွိသျဖင့္ အာဖရိကတိုက္တစ္ဝန္း ကူးစက္ခံရသူေပါင္းမွာ စုစုေပါင္း ၂၀၅၅၂၀ ဦးထိ ရွိလာခဲ့ပါတယ္။

အဆိုပါဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္ပြားမႈကို အီဂ်စ္၊ ေတာင္အာဖရိက၊ အယ္လ္ဂ်ီးရီးယား၊ ႏိုင္ဂ်ီးရီးယား၊ ဆူဒန္၊ ေမာ္႐ိုကိုႏွင့္ ကင္မ႐ြန္းတြင္ အျဖစ္မ်ားေနၿပီး အီဂ်စ္တြင္ ၁၃၀၆ ဦး၊ ေတာင္အာဖရိကတြင္ ၁၁၆၂ ဦး၊ အယ္လ္ဂ်ီးရီးယားတြင္ ၇၂၄ ဦး၊ ႏိုင္ဂ်ီးရီးယားတြင္ ၃၆၅ ဦး၊ ဆူဒန္တြင္ ၃၈၉ ဦး၊ေမာ္႐ိုကိုတြင္ ၂၁၀ ဦးႏွင့္ ကင္မ႐ြန္းတြင္ ၂၁၂ ဦး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ပါတယ္။

ေရာဂါျဖစ္ပြားမႈအျမင့္ဆုံးႏိုင္ငံမ်ားမွာ ေတာင္အာဖရိကျဖစ္ၿပီး ၅၂,၉၉၁ ဦး၊ အီဂ်စ္တြင္ ၃၆,၈၂၉ ဦး၊ ႏိုင္ဂ်ီးရီးယားတြင္ ၁၃,၄၆၄ ဦး၊ အယ္လ္ဂ်ီးရီးယား ၁၀,၃၈၂ ဦးႏွင့္ဂါနာ ၁၀,၂၀၁ ဦးတို႔ ကူးစက္ခံထားရပါတယ္။

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ေၾကာင့္ ေတာင္အာဖရိကႏိုင္ငံတြင္ ၈၂ ဦး၊ အီဂ်စ္တြင္ ၃၅ ဦး၊ ဆူဒန္ တြင္ ၁၇ ဦး၊ အယ္လ္ဂ်ီးရီးယားတြင္ ၉ ဦး၊အီသီယိုးပီးယားတြင္ ၅ ဦးႏွင့္ ႏိုင္ဂ်ီးရီးယားတြင္ ၄ ဦးေသဆုံးခဲ့ပါတယ္။

လက္ရွိတြင္ ကမာၻတစ္လႊား ကူးစက္ခံရသူေပါင္း ၇ ဒသမ ၂၃ သန္းေက်ာ္ခဲ့ၿပီး ၃ ဒသမ ၃၇ သန္းေက်ာ္မွာ ေရာဂါမွျပန္လည္ေကာင္းမြန္လာကာ ေသဆုံးသူ ၄၁၁၀၀၀ ေက်ာ္ ရွိၿပီျဖစ္တယ္လို႔ အေမရိကန္အေျခစိုက္ ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ စာရင္းမ်ားအရ သိရပါတယ္။

Linko
Ref : aa.com.tr
ခါတြန္၊ ဇြန္ - ၁၀