အာဖဂန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကုလအတွင်းရေးမှူးချုပ် ထောက်ခံ

အာဖဂန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကုလအတွင်းရေးမှူးချုပ် ထောက်ခံ

အာဖဂန်နစ္စတန်နိုင်ငံအတွင်း နှစ် ၂၀ နီးပါးကြာ စစ်ပွဲ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပါကစ္စတန် နိုင်ငံတွင် ကျင်းပ သည့် နိုင်ငံတကာအဆင့်မြင့် အရာရှိများ ထိပ်သီးဆွေးနွေးပွဲတွင် ဂူတာရက်စ်က ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အောင်မြင်မှု ရရှိနေသည့်အခွင့်အလမ်းကို လက်လွှတ်မခံသင့်ကြောင်း ပြောကြားပါတယ်။

ပါကစ္စတန်နှင့် အီရန်တို့တွင် ရောက်ရှိနေသည့် အာဖဂန်ဒုက္ခသည်များကို ကူညီကြရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို အတွင်းရေးမှူးချုပ် က တိုက်တွန်းခဲ့သင့်အပြင် အမေရိကန်တို့၏ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၀၁ ခုနှစ်မှစ၍ အရပ်သား သောင်းနှင့် ချီ၍ သေဆုံးခဲ့ပြီဖြစ်သော အာဖဂန်တွင် ငြိမ်းချမ်းရေးရရှိရန်လည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါတယ်။

အပြီးသတ်ငြိမ်းချမ်းရေးသဘောတူညီချက်အကြိုအဖြစ် အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ၇ ရက်အထိ မလုပ်ရေး အမေရိကန်နှင့် တာလီဘန်တို့ သဘောတူညီထားချိန်တွင် ဂူတာရက်စ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။အမေရိကန် နှင့် တာလီဘန်တို့အကြား အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ယမန်နှစ် အောက်တိုဘာလမှစတင် ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ သဘောတူညီချက်တွင် အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရေးနှင့် ပြည်ပနိုင်ငံများအား တိုက်ခိုက်ရာတွင် အာဖဂန်နစ္စတန်နိုင်ငံ ပိုင်နက်အား အသုံးမပြုရေးတို့ ပါဝင်ပါတယ်။

Linko
Ref: Telesurenglish
ကရာချီ၊ ဖေဖော်ဝါရီ ၁၈

(  Zawgyi  )

 အာဖဂန္နစၥတန္ႏိုင္ငံအတြင္း ႏွစ္ ၂၀ နီးပါးၾကာ စစ္ပြဲ အဆုံးသတ္ေရးအတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ေထာက္ခံေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ဇန္နဝါရီ ၁၇ ရက္မွာ ေျပာၾကားလိုက္ပါတယ္။ ပါကစၥတန္ ႏိုင္ငံတြင္ က်င္းပ သည့္ ႏိုင္ငံတကာအဆင့္ျမင့္ အရာရွိမ်ား ထိပ္သီးေဆြးေႏြးပြဲတြင္ ဂူတာရက္စ္က ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ားတြင္ ေအာင္ျမင္မႈ ရရွိေနသည့္အခြင့္အလမ္းကို လက္လႊတ္မခံသင့္ေၾကာင္း ေျပာၾကားပါတယ္။

ပါကစၥတန္ႏွင့္ အီရန္တို႔တြင္ ေရာက္ရွိေနသည့္ အာဖဂန္ဒုကၡသည္မ်ားကို ကူညီၾကရန္လည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းကို အတြင္းေရးမႉးခ်ဳပ္ က တိုက္တြန္းခဲ့သင့္အျပင္ အေမရိကန္တို႔၏ ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ ၂၀၀၁ ခုႏွစ္မွစ၍ အရပ္သား ေသာင္းႏွင့္ ခ်ီ၍ ေသဆုံးခဲ့ၿပီျဖစ္ေသာ အာဖဂန္တြင္ ၿငိမ္းခ်မ္းေရးရရွိရန္လည္း တတ္ႏိုင္သမွ် ေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားခဲ့ပါတယ္။

အၿပီးသတ္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အႀကိဳအျဖစ္ အာဖဂန္တြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ၇ ရက္အထိ မလုပ္ေရး အေမရိကန္ႏွင့္ တာလီဘန္တို႔ သေဘာတူညီထားခ်ိန္တြင္ ဂူတာရက္စ္၏ ထုတ္ျပန္ခ်က္ ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။အေမရိကန္ ႏွင့္ တာလီဘန္တို႔အၾကား အၿပီးသတ္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အတြက္ ယမန္ႏွစ္ ေအာက္တိုဘာလမွစတင္ ေဆြးေႏြးခဲ့ၾကပါတယ္။

အဆိုပါ သေဘာတူညီခ်က္တြင္ အေမရိကန္တပ္ဖြဲ႕မ်ားကို ႐ုပ္သိမ္းေရးႏွင့္ ျပည္ပႏိုင္ငံမ်ားအား တိုက္ခိုက္ရာတြင္ အာဖဂန္နစၥတန္ႏိုင္ငံ ပိုင္နက္အား အသုံးမျပဳေရးတို႔ ပါဝင္ပါတယ္။

Linko
Ref: Telesurenglish
ကရာခ်ီ၊ ေဖေဖာ္ဝါရီ ၁၈