အာဖဂန်နစ္စတန်တွင် အမေရိကန် ညွန့်ပေါင်းအဖွဲ့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး အနည်းဆုံးသေဆုံးခဲ့

အာဖဂန်နစ္စတန်တွင် အမေရိကန် ညွန့်ပေါင်းအဖွဲ့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး အနည်းဆုံးသေဆုံးခဲ့

အာဖဂန် နစ္စတန်နိုင်ငံ ဖာရာပြည်နယ်ရှိ ဂိုင်ဂျင် ရွာသို့ အမေရိကန် ဦးဆောင်သောညွန့်ပေါင်း တပ်ဖွဲ့ က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ကိုး ဦး သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့က ရုပ်သံ-၁ ကနေ ဖော်ပြခဲ့ပါတယ်။  တစ်ချိန်တည်းမှာဘဲ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အနည်း ငယ် ရရှိသူတစ်ဦး အပါအဝင် ပြင်းထန်စွာဒဏ်ရာရှိခဲ့တဲ့ လူငါး ဦး ကို ဆေးရုံသို့ပို့ခဲ့ရတယ်ဆိုပါတယ်။

ဒေသခံအာဏာပိုင်များက ဆိုးရွားတဲ့ ယခုအဖြစ်အပျက်ကိုအတည်ပြုခဲ့ပြီး ကဘူးလ်ရှိ အစိုးရကိုသာ မေးရန် သတင်းထောက်များအားပြောကြားခဲ့ပါတယ်။ ဤအတောအတွင်းညွန့်ပေါင်း တပ်ဖွဲ့များ ၏တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက တရားဝင်မှတ်ချက် ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့သည့် နှစ် အတွင်း တာလီဘန်နှင့်အမေရိကန်ညိုနိုင်းရေးအရာရှိများကြား အာဖဂန်မှ နိုင်ငံခြား တပ်များပြန်လည် ရုပ်သိမ်းရေးကိုသေချာစေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ညှိနှိုင်းရန်ကြိုးပမ်းနေ ခဲ့ကြသော် လည်း ဆွေးနွေးပွဲများမှ မည်သည့်ရလဒ်မှ မထွက်ခဲ့ပါ။

စေ့စပ်ညှိနှိုင်းမှုများပြိုပျက်ပြီးနောက် ဗဟိုအစိုးရနှင့်ညွန့်ပေါင်းတပ်ဖွဲ့များက နိုင်ငံခြားတပ်များ တိုင်းပြည် မှထွက်ခွာသွားသည့်အချိန်အထိ ဆက်လက်တိုက်ခိုက်ရန် ကတိပြုခဲ့ပါတယ်။တစ်ချိန် တည်း တွင် အစီရင်ခံစာများအရ အမေရိကန်စစ်တပ်အနေဖြင့် ဗဟိုအာရှနိုင်ငံတွင် ရှိနေသည့် အမေရိကန်စစ်အင်အားလျော့ချလိုနေတယ်လို့ သိရပြီး အမေရိကန်အနေဖြင့် ပြီးခဲ့သည့်နှစ်က သည်အာဖဂန်နစ္စတန်တွင်တပ်အင်အား ၂၀၀၀ အားလျှော့ခဲ့ပါတယ်။

Linko
Ref: sputniknews.com
ကဘူးလ်၊ နိုဝင်ဘာ ၂၄

(  Zawgyi  )

 အာဖဂန္ နစၥတန္ႏိုင္ငံ ဖာရာျပည္နယ္ရွိ ဂိုင္ဂ်င္ ႐ြာသို႔ အေမရိကန္ ဦးေဆာင္ေသာၫြန႔္ေပါင္း တပ္ဖြဲ႕ က ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာ အရပ္သား အနည္းဆုံး ကိုး ဦး ေသဆုံးခဲ့တယ္လို႔ တနဂၤေႏြေန႔က ႐ုပ္သံ-၁ ကေန ေဖာ္ျပခဲ့ပါတယ္။  တစ္ခ်ိန္တည္းမွာဘဲ အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ဒဏ္ရာ အနည္း ငယ္ ရရွိသူတစ္ဦး အပါအဝင္ ျပင္းထန္စြာဒဏ္ရာရွိခဲ့တဲ့ လူငါး ဦး ကို ေဆး႐ုံသို႔ပို႔ခဲ့ရတယ္ဆိုပါတယ္။

ေဒသခံအာဏာပိုင္မ်ားက ဆိုး႐ြားတဲ့ ယခုအျဖစ္အပ်က္ကိုအတည္ျပဳခဲ့ၿပီး ကဘူးလ္ရွိ အစိုးရကိုသာ ေမးရန္ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။ ဤအေတာအတြင္းၫြန႔္ေပါင္း တပ္ဖြဲ႕မ်ား ၏တိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး အစိုးရပိုင္းက တရားဝင္မွတ္ခ်က္ ေပးခဲ့ျခင္းမရွိခဲ့ပါဘူး။ ၿပီးခဲ့သည့္ ႏွစ္ အတြင္း တာလီဘန္ႏွင့္အေမရိကန္ညိဳႏိုင္းေရးအရာရွိမ်ားၾကား အာဖဂန္မွ ႏိုင္ငံျခား တပ္မ်ားျပန္လည္ ႐ုပ္သိမ္းေရးကိုေသခ်ာေစမည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ညႇိႏႈိင္းရန္ႀကိဳးပမ္းေန ခဲ့ၾကေသာ္ လည္း ေဆြးေႏြးပြဲမ်ားမွ မည္သည့္ရလဒ္မွ မထြက္ခဲ့ပါ။

ေစ့စပ္ညႇိႏႈိင္းမႈမ်ားၿပိဳပ်က္ၿပီးေနာက္ ဗဟိုအစိုးရႏွင့္ၫြန႔္ေပါင္းတပ္ဖြဲ႕မ်ားက ႏိုင္ငံျခားတပ္မ်ား တိုင္းျပည္ မွထြက္ခြာသြားသည့္အခ်ိန္အထိ ဆက္လက္တိုက္ခိုက္ရန္ ကတိျပဳခဲ့ပါတယ္။တစ္ခ်ိန္ တည္း တြင္ အစီရင္ခံစာမ်ားအရ အေမရိကန္စစ္တပ္အေနျဖင့္ ဗဟိုအာရွႏိုင္ငံတြင္ ရွိေနသည့္ အေမရိကန္စစ္အင္အားေလ်ာ့ခ်လိုေနတယ္လို႔ သိရၿပီး အေမရိကန္အေနျဖင့္ ၿပီးခဲ့သည့္ႏွစ္က သည္အာဖဂန္နစၥတန္တြင္တပ္အင္အား ၂၀၀၀ အားေလွ်ာ့ခဲ့ပါတယ္။

Linko
Ref: sputniknews.com
ကဘူးလ္၊ ႏိုဝင္ဘာ ၂၄