အမေရိကန် ဒရုန်းများကို နှောက်ယှက်နိုင်သည့် လျှိူ့ဝှက်ကုဒ်နံပါတ်ကို ရရှိထားဟု အီရန်စစ်တပ် ထုတ်ပြန်

အမေရိကန် ဒရုန်းများကို နှောက်ယှက်နိုင်သည့် လျှိူ့ဝှက်ကုဒ်နံပါတ်ကို ရရှိထားဟု အီရန်စစ်တပ် ထုတ်ပြန်

အီရန်က ၎င်းတို့နယ်စပ်မှ ကီလိုမီတာ ထောင်နှင့်ချီသည့် နေရာတွင် ပျံသန်းနေသည့် အမေရိကန်၏ RQ-4 ဒရုန်းများကို နှောက်ယှက်နိုင်သည့် နည်းပညာကို ရရှိထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်အောက်ရှိ လေကြောင်းတပ်ဖွဲ့ဆိုင်ရာ အကြီးအကဲက တီဟီရန်တိုင်းမ်သတင်းစာသို့ ဖေဖော်ဝါရီ ၈ ရက်က ပြောကြားလိုက်ပါတယ်။

“RQ-4 ရဲ့ လျှိူ့ဝှက်ကုဒ်တွေကို ရရှိထားပါတယ်။ကီလိုမီတာ ထောင်ပေါင်းများစွာကတော့ အဲဒီဒရုန်းတွေကို အလုပ်မလုပ်အောင် နှောက်ယှက်နိုင်ပါတယ်” ဟု စစ်တပ်အကြီးအကဲ အာမာအလီဟာဂျီဇာဒက် က ပြောပါတယ်။

ယမန်နှစ် ဇွန်လအတွင်းက ပစ်ချခဲ့သည်ဆိုသော အမေရိကန်ဒရုန်း အပျက်အစီး အစိတ်အပိုင်းများ၏ ဗီဒီယို ၂ ခုကို အီရန်က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ ဟော်မော့ဇ်ဂန်ပြည်နယ်အတွင်းရှိ မိုဘာရက်တောင်တန်းများအနီး လေကြောင်းပိုင်နက်အတွင်းသို့ ဝင်လာသည့် အမေရိကန်၏ RQ-4 Global Hawk စပိုင်ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ယမန်နှစ် ဇွန် ၂၀ ရက်မှ ကြေညာခဲ့ပါတယ်။

Linko
တီဟီရန်၊ ဖေဖော်ဝါရီ - ၈
Ref : Xinhua
( Zawgyi )
အီရန္က ၎တို႔နယ္စပ္မွ ကီလိုမီတာ ေထာင္ႏွင့္ခ်ီသည့္ ေနရာတြင္ ပ်ံသန္းေနသည့္ အေမရိကန္၏ RQ-4 ဒ႐ုန္းမ်ားကို ေႏွာက္ယွက္ႏိုင္သည့္ နည္းပညာကို ရရွိထားေၾကာင္း အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ လက္ေအာက္ရွိ ေလေၾကာင္းတပ္ဖြဲ႕ဆိုင္ရာ အႀကီးအကဲက တီဟီရန္တိုင္းမ္သတင္းစာသို႔ ေဖေဖာ္ဝါရီ ၈ ရက္က ေျပာၾကားလိုက္ပါတယ္။

“RQ-4 ရဲ႕ လွ်ိဴ႕ဝွက္ကုဒ္ေတြကို ရရွိထားပါတယ္။ကီလိုမီတာ ေထာင္ေပါင္းမ်ားစြာကေတာ့ အဲဒီဒ႐ုန္းေတြကို အလုပ္မလုပ္ေအာင္ ေႏွာက္ယွက္ႏိုင္ပါတယ္” ဟု စစ္တပ္အႀကီးအကဲ အာမာအလီဟာဂ်ီဇာဒက္ က ေျပာပါတယ္။

ယမန္ႏွစ္ ဇြန္လအတြင္းက ပစ္ခ်ခဲ့သည္ဆိုေသာ အေမရိကန္ဒ႐ုန္း အပ်က္အစီး အစိတ္အပိုင္းမ်ား၏ ဗီဒီယို ၂ ခုကို အီရန္က ေဖေဖာ္ဝါရီ ၇ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

အီရန္ႏိုင္ငံေတာင္ပိုင္း ကမ္း႐ိုးတန္းေဒသ ေဟာ္ေမာ့ဇ္ဂန္ျပည္နယ္အတြင္းရွိ မိုဘာရက္ေတာင္တန္းမ်ားအနီး ေလေၾကာင္းပိုင္နက္အတြင္းသို႔ ဝင္လာသည့္ အေမရိကန္၏ RQ-4 Global Hawk စပိုင္ဒ႐ုန္းတစ္စင္းကို ပစ္ခ်ခဲ့ေၾကာင္း အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ယမန္ႏွစ္ ဇြန္ ၂၀ ရက္မွ ေၾကညာခဲ့ပါတယ္။

Linko
တီဟီရန္၊ ေဖေဖာ္ဝါရီ - ၈
Ref : Xinhua