အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် စာချုပ်သစ် လက်မှတ်ရေးထိုး

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် စာချုပ်သစ် လက်မှတ်ရေးထိုး

နှစ်ပေါင်း ၂၅ နှစ် သက်တမ်းရှိပြီဖြစ်သည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (NAFTA) ကို  အစားထိုးမည့် စာချုပ်သစ်တစ်ရပ်ကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က လက်မှတ်ရေးထိုးလိုက်ပြီး အလုပ်သမားများ၏ အခွင့်အရေး တိုးတက်ကောင်းမွန်စေရေးနှင့် မူပိုင်ခွင့် ပြဌာန်းချက်များကို ဖယ်ရှားပြီး ဇီဝဆေးဝါးများ ဈေးနှုန်းလျော့ကျရန် လုပ်ဆောင်မည်ဟု ရိုက်တာသတင်းများမှာ ဖော်ပြထားပါတယ်။

၁၉၄၉ ခုနှစ်က ချုပ်ဆိုခဲ့သည့် NAFTA သည် အမေရိကန်၏ ကုန်ထုတ်လုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံးနေရသောကြောင့် အဆိုပါစာချုပ်ကို အစားထိုးရန် သမ္မတ ဒေါ်နယ်ထရမ့် က လွန်ခဲ့သော ၃ နှစ်ကပင် တောင်းဆိုခဲ့ပါတယ်။

မက္ကဆီကိုစီးတီးရှိ National Palace တွင် ပြုလုပ်သည့် အဆိုပါ စာချုပ်သစ် ချုပ်ဆိုပွဲ အခမ်းအနားသို့ မက္ကဆီကိုသမ္မတ အင်ဒရေးစ်မန်နျူရယ်လိုပက်ဇ် အိုဘရာဒို၊ ကနေဒါ ဒုတိယဝန်ကြီးချုပ် ခရစ်စတီယာဖရီးလန်း၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာ နှင့် အမေရိကန် အိမ်ဖြူတော်အကြံပေး ဂျရက်ကက်ရှ်နာ တို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် လိုက်သီဇာ က နိုင်ငံရေးနယ်ပယ်တွင် အဓိကကျသူများ တက်ရောက်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊  လိုပက်ဇ်အိုဘရာဒိုက ပူးပေါင်းဆောင်ရွက်မှုအတွက် ထရမ့် ကို ကျေးဇူးတင်ကြောင်းနှင့် ဖရီးလန်း က အားလုံးပါဝင်မှုအပေါ် ချီးမွမ်းပြောကြားခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ ရရှိဖို့ခက်ခဲလာပြီဖြစ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ကျွန်တော်တို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု ဖရီးလန်း က ပြောပါတယ်။

NAFTA ကို အစားထိုးမည့် အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူစာချုပ် (USMCA) ကို လွန်ခဲ့သည့် ၁ နှစ်ကျော်ခန့်ကပင် လက်မှတ်ရေးထိုးရန် ဖြစ်သော်လည်း မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ ဒီမိုကရက်တို့ အားသာသည့် အောက်လွှတ်တော်က  အလုပ်သမားရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပေါ် ထိရောက်စွာ ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။ယင်းကဲ့သို့ ကြန့်ကြာမှုကြောင့် စာချုပ်သစ် ပျက်စီးမည့် အခြေအနေနှင့် ကြုံခဲ့ရသလို ၃ နိုင်ငံစလုံးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မသေချာမှုများ ရင်ဆိုင်ခဲ့ရပြီး သမ္မတ ထရမ့် နှင့် တရုတ်တို့အကြား  ကုန်သွယ်ရေးစစ်ပွဲမှ အခွန်ဒဏ်ကို ခံစားနေရသည့် အမေရိကန်လယ်သမားများအတွက်လည်း စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့ပါတယ်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဒီမိုကရက်များ၊ ထရမ့်အစိုးရ အဖွဲ့ဝင်များနှင့် မက္ကဆီကိုတို့က ပြင်းပြင်းထန်ထန် ဆွေးနွေးမှုများ လုပ်ခဲ့ကြပြီး မက္ကဆီကိုတွင် စက်ရုံအဆင့် အလုပ်အကိုင်များအတွက် လွတ်လပ်သော အလုပ်သမားရေးရာ ကျွမ်းကျင်သူများက လုပ်ခသတ်မှတ်ရေး အပါအဝင် မက္ကဆီကို၏ လုပ်ခလစာနည်းသည့် အားသာချက်ကို လျှော့ချရန် အလုပ်သမားအခွင့်အရေးဆိုင်ရာ တင်းကြပ်သည့် စည်းမျဉ်းများကို ချမှတ်လိုက်ပါတယ်။

“အမေရိကတိုက်ရဲ့ USMCA ကုန်သွယ်ရေးဥပဒေဟာ အဆင်ပြေနိုင်ပါတယ်။အမေရိကန်နိုင်ငံရဲ့ သက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးနဲ့ အရေးပါဆုံး သဘောတူညီချက်ဖြစ်လို့ အားလုံးအတွက် ကောင်းပါတယ်” ဟု ထရမ့် က ဒီဇင်ဘာ ၁၀ ရက်က သူ့ရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။

Linko
Ref : ejinsight.com
မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ႏွစ္ေပါင္း ၂၅ ႏွစ္ သက္တမ္းရွိၿပီျဖစ္သည့္ ေျမာက္အေမရိက လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ (NAFTA) ကို  အစားထိုးမည့္ စာခ်ဳပ္သစ္တစ္ရပ္ကို အေမရိကန္၊ ကေနဒါႏွင့္ မကၠဆီကိုႏိုင္ငံတို႔က လက္မွတ္ေရးထိုးလိုက္ၿပီး အလုပ္သမားမ်ား၏ အခြင့္အေရး တိုးတက္ေကာင္းမြန္ေစေရးႏွင့္ မူပိုင္ခြင့္ ျပဌာန္းခ်က္မ်ားကို ဖယ္ရွားၿပီး ဇီဝေဆးဝါးမ်ား ေဈးႏႈန္းေလ်ာ့က်ရန္ လုပ္ေဆာင္မည္ဟု ႐ိုက္တာသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

၁၉၄၉ ခုႏွစ္က ခ်ဳပ္ဆိုခဲ့သည့္ NAFTA သည္ အေမရိကန္၏ ကုန္ထုတ္လုပ္ငန္းတြင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဆုံးရႈံးေနရေသာေၾကာင့္ အဆိုပါစာခ်ဳပ္ကို အစားထိုးရန္ သမၼတ ေဒၚနယ္ထရမ့္ က လြန္ခဲ့ေသာ ၃ ႏွစ္ကပင္ ေတာင္းဆိုခဲ့ပါတယ္။

မကၠဆီကိုစီးတီးရွိ National Palace တြင္ ျပဳလုပ္သည့္ အဆိုပါ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုပြဲ အခမ္းအနားသို႔ မကၠဆီကိုသမၼတ အင္ဒေရးစ္မန္န်ဴရယ္လိုပက္ဇ္ အိုဘရာဒို၊ ကေနဒါ ဒုတိယဝန္ႀကီးခ်ဳပ္ ခရစ္စတီယာဖရီးလန္း၊ အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္ ေရာဘတ္လိုက္သီဇာ ႏွင့္ အေမရိကန္ အိမ္ျဖဴေတာ္အႀကံေပး ဂ်ရက္ကက္ရွ္နာ တို႔ တက္ေရာက္ခဲ့ပါတယ္။

အဆိုပါအခမ္းအနားတြင္ လိုက္သီဇာ က ႏိုင္ငံေရးနယ္ပယ္တြင္ အဓိကက်သူမ်ား တက္ေရာက္သည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း၊  လိုပက္ဇ္အိုဘရာဒိုက ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ထရမ့္ ကို ေက်းဇူးတင္ေၾကာင္းႏွင့္ ဖရီးလန္း က အားလုံးပါဝင္မႈအေပၚ ခ်ီးမြမ္းေျပာၾကားခဲ့ပါတယ္။

“ကမာၻေပၚမွာ ရရွိဖို႔ခက္ခဲလာၿပီျဖစ္တဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို ကြၽန္ေတာ္တို႔ ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ပါၿပီ” ဟု ဖရီးလန္း က ေျပာပါတယ္။

NAFTA ကို အစားထိုးမည့္ အေမရိကန္-မကၠဆီကို-ကေနဒါ သေဘာတူစာခ်ဳပ္ (USMCA) ကို လြန္ခဲ့သည့္ ၁ ႏွစ္ေက်ာ္ခန႔္ကပင္ လက္မွတ္ေရးထိုးရန္ ျဖစ္ေသာ္လည္း မဲခြဲဆုံးျဖတ္မႈ မျပဳလုပ္မီ ဒီမိုကရက္တို႔ အားသာသည့္ ေအာက္လႊတ္ေတာ္က  အလုပ္သမားေရးရာႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ကိစၥရပ္မ်ားအေပၚ ထိေရာက္စြာ ေဆာင္႐ြက္ရန္ ေတာင္းဆိုခဲ့ပါတယ္။ယင္းကဲ့သို႔ ၾကန႔္ၾကာမႈေၾကာင့္ စာခ်ဳပ္သစ္ ပ်က္စီးမည့္ အေျခအေနႏွင့္ ႀကဳံခဲ့ရသလို ၃ ႏိုင္ငံစလုံးအတြက္လည္း ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ မေသခ်ာမႈမ်ား ရင္ဆိုင္ခဲ့ရၿပီး သမၼတ ထရမ့္ ႏွင့္ တ႐ုတ္တို႔အၾကား  ကုန္သြယ္ေရးစစ္ပြဲမွ အခြန္ဒဏ္ကို ခံစားေနရသည့္ အေမရိကန္လယ္သမားမ်ားအတြက္လည္း စိုးရိမ္ပူပန္မႈ ျဖစ္ေစခဲ့ပါတယ္။လြန္ခဲ့သည့္ သီတင္းပတ္အတြင္း ဒီမိုကရက္မ်ား၊ ထရမ့္အစိုးရ အဖြဲ႕ဝင္မ်ားႏွင့္ မကၠဆီကိုတို႔က ျပင္းျပင္းထန္ထန္ ေဆြးေႏြးမႈမ်ား လုပ္ခဲ့ၾကၿပီး မကၠဆီကိုတြင္ စက္႐ုံအဆင့္ အလုပ္အကိုင္မ်ားအတြက္ လြတ္လပ္ေသာ အလုပ္သမားေရးရာ ကြၽမ္းက်င္သူမ်ားက လုပ္ခသတ္မွတ္ေရး အပါအဝင္ မကၠဆီကို၏ လုပ္ခလစာနည္းသည့္ အားသာခ်က္ကို ေလွ်ာ့ခ်ရန္ အလုပ္သမားအခြင့္အေရးဆိုင္ရာ တင္းၾကပ္သည့္ စည္းမ်ဥ္းမ်ားကို ခ်မွတ္လိုက္ပါတယ္။

“အေမရိကတိုက္ရဲ႕ USMCA ကုန္သြယ္ေရးဥပေဒဟာ အဆင္ေျပႏိုင္ပါတယ္။အေမရိကန္ႏိုင္ငံရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ အေကာင္းဆုံးနဲ႔ အေရးပါဆုံး သေဘာတူညီခ်က္ျဖစ္လို႔ အားလုံးအတြက္ ေကာင္းပါတယ္” ဟု ထရမ့္ က ဒီဇင္ဘာ ၁၀ ရက္က သူ႔ရဲ႕ တြစ္တာမွာ ေရးခဲ့ပါတယ္။

Linko
Ref : ejinsight.com
မကၠဆီကိုစီးတီး၊ ဒီဇင္ဘာ - ၁၁