အမေရိကန်နှင့် အိန္ဒိယ ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုးမည်

အမေရိကန်နှင့် အိန္ဒိယ ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုးမည်

အိန္ဒိယမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယမ်သတ္တုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးရန် အမေရိကန်က ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်က အိန္ဒိယအား ကုန်သွယ်ဆိုင်ရာ အထွေထွေ အခွင့်အရေးပေးသည့်စနစ် (GSP) အား ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ ရုပ်သိမ်း ဖယ်ရှားခဲ့ရာမှာ အိနိ္ဒယမှ အခွန်လွတ်ကုန်ပစ္စည်း ဒေါ်လာ ၅ ဘီလျံအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

အိန္ဒိယကလည်း အမေရိကန်ကုန်ပစ္စည်း ၂၈ မျိုးအပေါ်တွင် အခွန်များ ပြန်လည်ချမှတ်ခဲ့ပါတယ်။ ယခုလကုန်၌ အိန္ဒိယသို့ သွားမည့် ခရီးစဉ်အတွင်း ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဟု ထရမ့်က ပြောပါတယ်။

“အဆင်ပြေမယ်ဆိုရင် ကုန်သွယ်ရေးသဘောတူညီချက်ကို ပြောကြားထားပါတယ်။ လက်မှတ်ရေးထိုးပါမယ်” ဟု ထရမ့်က သတင်းထောက်များအား အိမ်ဖြူတော်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။

၎င်းအနေဖြင့် နယူးဒေလီနှင့် အမီဒါဘက်မြို့များသို့ ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ရက်တို့တွင် သွားရောက်ပြီး အိန္ဒိယ ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်အတွက်လည်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြီးလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား နှစ်စဉ် ကုန်သွယ်မှပမာဏသည် ဒေါ်လာ ၁၄၀ ဘီလျံ ရှိနေသော်လည်း ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နည်းပညာဆိုင်ရာ အငြင်းပွားမှုများကြောင့် ဆက်ဆံရေးကို ထိခိုက်စေပြီး ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရေးထိုးရန် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

Linko Ref : Sputniknews

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၂

( Zawgyi )

  အိႏၵိယမွ တင္သြင္းသည့္ သံမဏိႏွင့္ အလူမီနီယမ္သတၱဳမ်ားအေပၚ အခြန္ကင္းလြတ္ခြင့္ေပးရန္ အေမရိကန္က ျငင္းဆိုခဲ့ပါတယ္။ အေမရိကန္က အိႏၵိယအား ကုန္သြယ္ဆိုင္ရာ အေထြေထြ အခြင့္အေရးေပးသည့္စနစ္ (GSP) အား ၂၀၁၉ ခုႏွစ္၊ ဇြန္လမွာ ႐ုပ္သိမ္း ဖယ္ရွားခဲ့ရာမွာ အိႏိၵယမွ အခြန္လြတ္ကုန္ပစၥည္း ေဒၚလာ ၅ ဘီလ်ံအေပၚ သက္ေရာက္မႈရွိခဲ့ပါတယ္။

အိႏၵိယကလည္း အေမရိကန္ကုန္ပစၥည္း ၂၈ မ်ိဳးအေပၚတြင္ အခြန္မ်ား ျပန္လည္ခ်မွတ္ခဲ့ပါတယ္။ ယခုလကုန္၌ အိႏၵိယသို႔ သြားမည့္ ခရီးစဥ္အတြင္း ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးမည္ဟု ထရမ့္က ေျပာပါတယ္။

“အဆင္ေျပမယ္ဆိုရင္ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို ေျပာၾကားထားပါတယ္။ လက္မွတ္ေရးထိုးပါမယ္” ဟု ထရမ့္က သတင္းေထာက္မ်ားအား အိမ္ျဖဴေတာ္တြင္ ေဖေဖာ္ဝါရီ ၁၁ ရက္က ေျပာၾကားခဲ့ပါတယ္။

၎အေနျဖင့္ နယူးေဒလီႏွင့္ အမီဒါဘက္ၿမိဳ႕မ်ားသို႔ ေဖေဖာ္ဝါရီ ၂၄ ႏွင့္ ၂၅ရက္တို႔တြင္ သြားေရာက္ၿပီး အိႏၵိယ ၀န္ႀကီးခ်ဳပ္ နာရင္ဒရာ မိုဒီႏွင့္ ေတြ႕ဆုံမွာ ျဖစ္ပါတယ္။ အဆိုပါခရီးစဥ္အတြက္လည္း ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားအၾကား ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးၿပီးလည္း ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံအၾကား ႏွစ္စဥ္ ကုန္သြယ္မွပမာဏသည္ ေဒၚလာ ၁၄၀ ဘီလ်ံ ရွိေနေသာ္လည္း ကုန္သြယ္ေရး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ နည္းပညာဆိုင္ရာ အျငင္းပြားမႈမ်ားေၾကာင့္ ဆက္ဆံေရးကို ထိခိုက္ေစၿပီး ကုန္သြယ္ေရး ဆိုင္ရာ သေဘာတူညီခ်က္တစ္ရပ္ကို ေရးထိုးရန္ ေဆာင္႐ြက္ေနျခင္း ျဖစ္ပါတယ္။

Linko Ref : Sputniknews

ဝါရွင္တန္၊ ေဖေဖာ္ဝါရီ - ၁၂